Main menu

Background

၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ လယ်ယာကဏ္ဍမှ ဝင်ငွေ ၃၆ ရာခိုင်နှုန်း ကျဆင်းလာနိုင်

Mon, 09/07/2015 - 16:59 -- journal_editor

၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၏ လယ်ယာကဏ္ဍမှ ဝင်ငွေသည် ၃၆ ရာခိုင်နှုန်း ကျဆင်းလာနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းခဲ့ရာ အဆိုပါ ပမာဏသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဝင် ငွေဖြစ်ပါသည်။ ယခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမှ အသားတင်ဝင် ငွေသည် ဒေါ်လာ ၅၈ ဒသမ ၃ ဘီလီ ယံခန့်ရှိမည်ဟု ခန့်မှန်းသဖြင့် ယခင် နှစ်ကရရှိသည့် ဝင်ငွေဒေါ်လာ ၉၁ ဒသမ ၁ ဘီလီယံထက် ၃၆ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ပါသည်။
ပြောင်းအထွက်နှုန်းကျဆင်းမှု ကြောင့် ကောက်ပဲသီးနှံမှဝင်ငွေရရှိမှုမှာ ခြောက်ရာခိုင်နှုန်းခန့် လျော့ကျနိုင်ပြီး နို့နှင့်ဝက်သားဈေးနှုန်းများ ကျဆင်းမှု ကြောင့် မွေးမြူရေးလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ ၉ရာခိုင်နှုန်းခန့် လျော့ကျနိုင် သဖြင့် လယ်ယာကဏ္ဍမှ ဝင်ငွေကျဆင်း မည်ဟု ခန့်မှန်းခြင်းဖြစ်ပါသည်။

အေးစန္ဒာလွင်၊စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊
ဝါရှင်တန်မြို့