စင်ကာပူရှိ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းများ (အက်စ်အမ်အီး) က စီးပွားရေးလုပ် ငန်းအပေါ်ယုံကြည်မှုက သုံံးနှစ်အတွင်းအနိမ့်ဆုံးသို့ ကျရောက်ခဲ့ကြောင်း စင်ကာပူစီးပွားရေး လုပ်ငန်း အသင်းချုပ်(Singapore Business Federation-SBF) နဲ့ P Information Group (DP) တို့ ပူးတွဲပြီးကောက်ယူ ထားတဲ့ စစ်တမ်းရဲ့ အညွှန်းကိန်းကို ကိုးကားပြီး စီအင်အေသတင်းမှာ ဖော်ပြ ပါတယ်။အက်စ်အမ်အီးများ ရဲ့ ယုံကြည်မှုကို တိုင်း တာ ဖော်ပြတဲ့အညွှန်းကိန်းဖြစ်တSBF -DP Index က ယခုနှစ်အတွင်း သုံးလ ပတ်တိုင်းလိုလိုမှာ ကျဆင်းနေ ခဲ့ပြီး ၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်နဲ့ ၂၀၁၆ ခုနှစ် ပထမသုံးလပတ်တို့မှာ အညွှန်းကိန်းအမှတ်က ၅၁ ဒသမ ၉ ဝန်းကျင်သာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အညွှန်းကိန်း အနိမ့်ဆုံးအထိ ကျဆင်းတာက ၂၀၁၃ ခုနှစ် ပထမသုံးလပတ်ကဖြစ်ပြီး အညွှန်းကိန်းက ၅၁ ဒသမ ၆ အထိကျဆင်းခဲ့ပါတယ်။ ယခုနှစ် ကျဆင်းမှု ကလည်း စံချိန်တင်ကျဆင်းခဲ့တာဖြစ်ကြောင်း စက်တင်ဘာ ၉ ရက်က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။ဒီအညွှန်းကိန်းကို ၂၀၁၀ ခုနှစ်ကတည်း က စတင်ကောက်ယူခဲ့တာဖြစ်ပြီး နောင်လာမယ့်ခြောက် လအတွက် စီးပွားရေးလုပ်ငန်းများ ရဲ့ လုပ်ငန်းအပေါ် ယုံကြည်မှုကို တိုင်းတာတဲ့ အညွှန်းကိန်းဖြစ်ပါ တယ်။စင်ကာပူမှာ အဓိကနေရာကိုယူထားတဲ့ စီးပွား ရေးကဏ္ဍကြီး သုံးခု ရဲ့အလားအလာက ထူးထူးခြားခြား ကျဆင်းနေကြောင်းSBF နဲ့DP နှစ်ခုစလုံးက သုံး သပ်ပါတယ်။ အဲဒီစီးပွားရေးလုပ်ငန်း အမျိုးအစားက ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး၊ ဆောက်လုပ် ရေး၊ အင်ဂျင်နီယာလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုစတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။
အဓိက ကုန်သွယ် ဖက်နိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ မလေးရှားတို့ကလည်း စီးပွားရေးကျဆင်းနေ တဲ့အတွက် စင်ကာပူရဲ့ စီးပွားရေး က စီးပွားရေးဆုတ် ကပ်ဖြစ်လုနီးပါး ရှိနေပါတယ်။ စင်ကာပူစီးပွားရေး လုပ်ငန်းတွေ အထူးသဖြင့် အက်စ်အမ်အီးတွေကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။