Main menu

Background

စင်ကာပူနိုင်ငံ၌ မြန်မာအိမ်ခြံမြေအရောင်းပြပွဲကျင်းပ

Wed, 11/04/2015 - 16:16 -- journal_editor

မြန်မာနိုင်ငံရှိအိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းတစ်ခုဖြစ်သောiMy-anmarHouse.com ၏စီစဉ်မှုဖြငMyanmar's Biggest Property Expo အိမ်ခြံမြေအရောင်းပြပွဲကို စင်ကာပူ နိုင်ငGrand Park City Hall Hotel  ၌၂၀၁၅ ခုနှစ် အောက်တို ဘာလ ၂၄ ရက်မှ ၂၅ ရက် နေ့အထိ ကျင်းပခဲ့ပါ သည်။
အဆိုပါအိမ်ခြံမြေအရောင်းပြပွဲ၌ မြန်မာနိုင်ငံရှိရိုးမ၊ စွယ်တော်စီးတီးGlobal Green, Golden City, KHG  စသည့်ကုမ္ပဏီများအပါအဝင် အိမ်ရာ တည်ဆောက်ရေးလုပ်ငန်း ၁၀ ခုမှ ရန်ကုန်မြို့နှင့် အနီးပတ်ဝန်းကျင်၌ တည် ဆောက်မည့် စုပေါင်းကွန်ဒိုအိမ်ရာများ၊ တိုက်ခန်းများ၊ လုံးချင်းနေအိမ်များအားအရစ်ကျငွေချေသည့် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရာစင်ကာပူနိုင်ငံရောက် မြန်မာ နိုင်ငံသားအများအပြား လာရောက် ကြည့်ရှုဝယ်ယူခဲ့ကြပါသည်။ ကွန်ဒိုအိမ် ခန်းများအား တစ်နှစ်၊ သုံးနှစ်၊ ခြောက်နှစ်၊ ၁၀ နှစ် စသည်ဖြင့် ငွေပေးချေရမည့် ကာလများ သတ်မှတ်၍ ရောင်းချရာတွင် အိမ်ခန်း တည်နေရာ၊ အထပ်အမြင့်နှင့်အကျယ်အဝန်းပေါ်မူတည်၍ အိမ်ခန်း တစ်ခန်း၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာကိုးသောင်းခန့်မှ လေးသိန်းခွဲခန့် အထိရှိ ကြောင်းသိရှိရပါသည်။ ဥပမာအားဖြင့်ကမာရွတ်မြို့နယ်အတွင်း ၅၆၀ စတုရန်းပေရှိသည့် အိပ်ခန်းတစ်ခန်းပါ ကွန်ဒိုအိမ်ခန်းအား သုံးနှစ် အရစ်ကျ ငွေချေ စနစ်ဖြင့်ဝယ်ယူပါကအမေရိကန်    ဒေါ်လာ ၈၈၅၀၀ ခန့်ကျသင့်ပြီး ငါးနှစ် ငွေချေစနစ်ဖြစ်လျှင် ဒေါ်လာ ၉၆၀၀၀ ခန့် ကျသင့်မည်ဖြစ်ပါသည်။ အလားတူ ၃၂၅၂ စတုရန်းပေရှိသော အိပ်ခန်းငါးခန်းပါ ကွန်ဒို အိမ်ခန်းမှာ သုံးနှစ်ငွေချေ  စနစ်တွင် အမေရိကန် ဒေါ်လာ၄၀၆၅၀၀ နှင့်  ငါးနှစ်ငွေချေစနစ်၌ အမေရိကန် ဒေါ်လာ ၄၄၂၀၀၀ ကျော် အထိဈေးနှုန်း များရှိကြောင်းလေ့လာတွေ့ရှိရပါသည်။စင်ကာပူနိုင်ငံ၌  နှစ်ရက်တာ ကျင်းပ သည့် မြန်မာ အိမ်ခြံမြေ အရောင်း ပြပွဲသို့ လာရောက်ရန် အင်တာနက် အွန်လိုင်းမှ စာရင်းပေးသွင်းထားသူ ၃၀၀၀ ဦးခန့်ရှိပြီး    ပြည်ပ   နိုင်ငံသား များကလည်း လာရောက်လေ့လာခဲ့ကြ ပါသည်။ ရန်ကုန်မြို့ရှိကွန်ဒိုအိမ်ခန်း များကို ဝယ် ယူရန် နိုင်ငံခြား သားများ၏ စိတ်ပါဝင်စားမှုမြင့်တက်လျက်ရှိသော်လည်း လက်ရှိကာလတွင် ကွန်ဒိုအိမ်ရာ ဥပဒေမှာ မူကြမ်းအဆင့် ၌သာရှိသေး သဖြင့်ခြောက်ထပ်နှင့် အထက်တွင်ရှိ သောအိမ်ခန်းယူနစ်များ အား၎င်း တို့ထံ သို့ရောင်း ချပေးနိုင်ရန် စီစဉ်ထား ရှိကြောင်းဖြင့် ပြပွဲတွင် ခင်းကျင်းပြသ သည့် ကုမ္ပဏီတစ်ခုမှ ပြောဆိုပါသည်။ ကုမ္ပဏီအများစုမှ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသည့် စုပေါင်း အိမ်ရာများမှာ ၂၀၁၈ ခုနှစ်ကုန်ပိုင်း တွင်ပြီးစီးရန် ခန့် မှန်းရပါသည်။ ယခု ပြပွဲ၌ အိမ်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ များအနေဖြင့်ကွန်ဒိုအိမ်ခန်းများအပြင် တည်ဆောက် ပြီးနှင့်တည်ဆောက်ဆဲလူနေတိုက်ခန်းများအားလက်ငင်းငွေချေစနစ်ဖြင့် လည်းကောင်း၊ အရစ် ကျေ ငွချေ စနစ် ဖြင့် လည်းကောင်း ပြသရောင်းချခဲ့ ကြောင်းသိရှိရပါသည်။