Main menu

Background

ဘရပ်ဆဲလ်မြို့ တွင် မြန်မာ - အီးယူ ရင်နှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုများအား ပံ့ပိုးမည့် အစည်းအဝေးတစ်ရပ် ကျင်းပမည်

Fri, 11/06/2015 - 16:42 -- journal_editor

မြန်မာ - အီးယူ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးသဘောတူစာ ချုပ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအား ပံ့ပိုးမည့်Trade Sustainability Impact Assessment (SIA)  အား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာမှ စတင်ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါTrade Sustainability Impact Assessment (SIA) ) ဆိုင်ရာ အစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌နိုဝင်ဘာ ၅  ရက်တွင် ပြု လုပ်ကျင်းပမည်ဖြစ်ပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ အဓိက ရည်ရွယ် ချက်မှာ SIA Inception Report (မူကြမ်း) အား အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ဆွေးနွေးရန် ဖြစ်ပါ သည်။ အစည်း အဝေး၌ အရပ်ဘက်လူ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည်SIA Inception Report  (မူကြမ်း) တွင် အတိုင် ပင်ခံပုဂ္ဂိုလ်များက အဆိုပြုထားသည့် နည်းပညာဆိုင်ရာနည်းလမ်း အပေါ် ထင်မြင်သုံးသပ်မှု ပြုလုပ်နိုင်ပြီး ထပ်မံ စိစစ်သုံးသပ်သင့်သည့် အခြား သော ဆက်စပ်လျက်ရှိသည့် ကိစ္စရပ်များကို လည်း ဖော်ထုတ်ဆွေးနွေးနိုင် ကြောင်း ဥရောပကော်မရှင်၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါ သည်။        

ဖြူနှင်းဝတ်ရည် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့