Background
စစ်ကိုင်းမြို့နယ်အတွင်း နွား၊ ကြက်၊ နို့စား နွားနှင့် သိုး၊ ဆိတ်များကို အဓိကထား မွေးမြူကြပြီး နွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံးရန် မွေးမြူကြသော်လည်း ယခုပြည်ပပို့ကုန် (Export) လုပ်ငန်းများ ဆောင်ရွက်လာသဖြင့် ခြံလှောင်စနစ်ဖြင့် မျိုးကောင်းမျိုးသန့်များ မွေးမြူလာကြသည်။ ထိုသို့မွေးမြူခြင်းကြောင့် နွားဈေးကောင်းရရှိခြင်း၊ ဒေသတွင်း ကောက်ရိုး၊ မြေပဲရိုး၊ ပြောင်းရိုး စသည်တို့ကို စိုက်ပျိုးသည့် တောင်သူများက နွားစာအဖြစ် ရောင်းချရ၍ ဒေသခံပြည်သူများ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် မေလပထမပတ်အတွင်း မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော လုံးသွယ်မွှေးဆန် တစ်ပြည် ကျပ် ၃၇၀ဝ ကျပ်၊ ဆင်းဧကရီ-၃ ဆန်တစ်ပြည် ၂၈၀ဝ ကျပ်၊ ဧရာမင်း ဆန်တစ်ပြည် ၃၀ဝ၀ ကျပ်၊ မနော်သုခ ဆန်တစ်ပြည် ကျပ် ၃၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ရခိုင်ပြည်နယ်ရှိ ဆားထုတ်လုပ် တောင်သူများကို နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေထဲမှ အစုအဖွဲ့ပုံစံနှင့် ငွေ ကျပ်သိန်း ၁၀ဝ၀ဝ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ရခိုင်ပြည်နယ်ရှိ ဆားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ပြီး ဆားထုတ်လုပ်သည့် မြို့နယ်အများစုကို ယခု မေလ အတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၀ ရက်မှ မေ ၂ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး၏ ကြက်သွန်နီ ဈေးနှုန်းများမှာ မတ်လတွင် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ၊ လက်ကား ဈေးနှုန်း ကျပ် ၁၄၀ဝ ရှိခဲ့ပြီး ဧပြီလ တတိယပတ် တွင် ကြက်သွန်နီဈေး တစ်ပိဿာ ကျပ် ၁၈၀ဝ၊ လက်ကား ဈေးနှုန်း တစ်ပိဿာ ကျပ် ၁၆၅၀ ဖြင့် ဈေးအနည်းငယ် မြင့်တက်လာခဲ့သည်။
လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၉ သိန်းကျော် ဝန်းကျင်တွင်သာ ဆက်လက်တည်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဧပြီ ၂၀ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၉၉၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၂၉၆၇၀ဝ၀ ကျပ်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဧပြီလ တတိယပတ် အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံ စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်(သစ်)တစ်ပြည် ကျပ် ၃၅၀ဝ ၊ ဧရာ မင်းဆန်(သစ်) တစ်ပြည် ကျပ် ၃၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။
လက်ရှိ သရက်လှိုင်လှိုင်ပေါ်ချိန်တွင် ပြည်ပ နိုင်ငံများသို့ တင်ပို့ရန်အတွက် အရည်သွေးမီသည့် သရက်သီးများ ဈေးကောင်းရရှိနေကြောင်း သရက် သီးတင်ပို့ရောင်းချသူများထံမှ သိရသည်။
အသီးကောင်း၊ အသီးရင့်၊ အသီးလှပါက ဈေးကောင်းပေးဝယ်ကြပြီး စိန်တလုံးတစ်ခြင်းလျှင် ပျမ်းမျှ ၁၂၀ ယွမ် မှ ၁၇၀ ယွမ်အထိ ရရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိုးပြီးစီးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် နွေနှမ်းလျာထားစိုက်ဧက ၃၉၇၀၃ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၈၁၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။
၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးနှုန်းမှာ ပထမပတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။မတ်လ ပထမပတ်အတွင်း ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀၊ ဧည့်မထ ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀ဝ၀ မှ ၅၈၀ဝ၀ အတွင်း စားဖိုဆောင် သီးနှံများဖြစ်သော ကြက်သွန်ဖြူ (ရှမ်း)၁၀ပိဿာ တစ်အိတ်ကျပ် ၆၇၀ဝ၀မှ ၆၈၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ် အိတ် ကျပ် ၄၃၀ဝ၀ မှ ၄၄၀ဝ၀ အတွင်း ချင်း တစ်ပိဿာ ကျပ် ၂၂၀ဝ မှ