Main menu

Background

လာမည့်ကြံရာသီအတွင်းထန်းလျက်ဈေးနှုန်းများကျဆင်းနိုင်

Mon, 06/05/2023 - 13:34 -- journal_editor

ပြည်တွင်းသကြားဈေးမှာ လာမည့်ကြံရာသီ ၌ လက်ရှိ ပေါက်ဈေးထက် ကျဆင်းနိုင်ခြေ   မရှိ ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။
ပြည်တွင်း သကြားစားသုံးမှုနှင့်  ထုတ်လုပ်မှု လုံလောက်ပြီး ပြည်ပသို့  တင်ပို့မှုများရှိရာ ကမ္ဘာ့ သကြားဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်း သကြားဈေးများလည်းမြင့်တက်လျက်ရှိပြီးလာမည့် ကြံရာသီ  သကြားဈေးကွက်တွင် လက်ရှိပေါက်ဈေး ထက် ဈေးနှုန်းနိမ့်ကျနိုင်ခြေမရှိကြောင်း   အဆိုပါ အသင်းမှ ဒုတိယဥက္ကဋ္ဌ  ဦးဝင်းဌေးက မေ ၃၁ ရက် တွင် ပြောသည်။
“ကမ္ဘာ့သကြားဈေးတက်လို့     ပြည်တွင်း သကြားလည်း ဈေးမြင့်လာတာပါ။ လာမယ့်နှစ်မှာ သကြားဈေးက အခုဈေးထက် နိမ့်ကျဖို့မရှိနိုင်ဘူး။ လာမယ့်နှစ်မှာ    ကြံစိုက်တောင်သူတွေ  အလား အလာ ကောင်းတယ်။ ဒီနှစ်လည်း    ကြံစိုက်ဧက တိုးလာသလို သကြားထွက်ရှိမှုလည်း   တိုးတယ်” ဟု ၎င်းက ပြောသည်။  လက်ရှိ သကြားတစ်ပိသာ ဈေးနှုန်းများမှာရန်ကုန်တွင်၃၂၀ဝကျပ်နှင့်မန္တလေး တွင် ၃၁၈၀ ကျပ်    ပေါက်ဈေးရှိနေသည်ဟု ဆို သည်။
ပြည်တွင်း၌   သကြားကို   လာမည့်နှစ်တွင် ယခုနှစ်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကာ မြန်မာ့ သကြားသည် ကမ္ဘာ့ဈေးကွက်တွင် ယခင်ကတည်း က    တန်းဝင်သကြားဖြစ်သော်လည်း သြိင်ငနိ ှကါမေ အဖြစ် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ယခင်နှစ်များက ပြည်တွင်း၌ သကြား လက် ကျန်များပြီး   ဝယ်လိုအားနည်းခြင်းကြောင့် ၂၀၂၁ ခုနှစ် မတိုင်မီက သကြားတစ်ပိသာ ငွေကျပ် ၂၀ဝ၀ ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။

 

ပန်းဆု