Main menu

Background

မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်း

Wed, 05/10/2023 - 14:04 -- journal_editor

၂၀၂၃ ခုနှစ် မေလပထမပတ်အတွင်း မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော လုံးသွယ်မွှေးဆန် တစ်ပြည် ကျပ် ၃၇၀ဝ ကျပ်၊ ဆင်းဧကရီ-၃ ဆန်တစ်ပြည် ၂၈၀ဝ ကျပ်၊ ဧရာမင်း ဆန်တစ်ပြည် ၃၀ဝ၀ ကျပ်၊ မနော်သုခ ဆန်တစ်ပြည် ကျပ် ၃၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်သွန်နီ လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ကျပ်၂၂၀ဝ၊ (လတ်)တစ်ပိဿာ ကျပ် ၂၀ဝ၀၊ (သေး) တစ်ပိဿာ ကျပ် ၁၈၀ဝ  နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ကျပ် ၄၈၀ဝ မှ ၅၀ဝ၀ ထိ၊ (ရှမ်း)တစ်ပိဿာ ကျပ် ၄၈၀ဝ မှ ၅၀ဝ၀ ထိ၊ (မိုးညှင်း) တစ်ပိဿာ ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ ထိ၊ ငရုတ်သီးခြောက် လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ကျပ် ၁၅၀ဝ၀ မှ ၁၆၀ဝ၀ထိ၊ အာလူးတစ်ပိဿာဈေးမှာ ကျပ် ၂၁၀ဝ မှ ၂၃၀ဝ ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာဈေးမှာ ကျပ် ၁၈၀ဝ မှ ၂၀ဝ၀ ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်ဥလက်လီဈေးမှာ တစ်လုံး ကျပ် ၃၀ဝ မှ  ၃၂၀ ထိ ဖြစ်သည်။ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး၏ အသား/ငါး ဈေးနှုန်းမှာ ကြက်သား (CP) တစ်ပိဿာ ကျပ် ၁၃၀ဝ၀ ၊ (ဗမာ) တစ်ပိဿာ ကျပ် ၁၈၀ဝ၀၊ ဝက်သား တစ်ပိဿာ ကျပ် ၂၂၀ဝ၀ ၊ အမဲသား တစ်ပိဿာ ကျပ် ၁၆၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ ငါးကြင်း တစ်ပိဿာ ကျပ် ၁၈၀ဝ၀ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ(ရှယ်) တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၇၂၀ဝ ၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၁၂၀ဝ၀  ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကိုဇိုင်း(ကချင်)