Main menu

Background

သွင်းအားစု မြေသြဇာဈေးနှုန်းများ ကျဆင်းလာမှုကြောင့် တောင်သူ အရင်းအနှီးစိုက်ထုတ်ရမှု လျော့နည်းလာနိုင်

Tue, 06/20/2023 - 11:06 -- journal_editor

ဓာတ်မြေသြဇာ
ကော့ကရိတ်မြို့နယ်တွင် ဓာတ်မြေသြဇာ ဈေးနှုန်း အနည်းငယ်ကျ ဆင်း၍ ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရှိရသည်။   ယခင်တစ်ပတ်တွင် ဓာတ်မြေသြဇာ (၁၅-၁၅-၁၅) ယိုးဒယားတစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ယခု ဈေးနှုန်းမှာ ကျပ် ၁၃၀ဝ၀ဝ၊ ယခင်တစ်ပတ်ဓာတ်မြေသြဇာ (၂၀-၁၂-၁၂) သြဘာတစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ယခုဈေးနှုန်းမှာ ကျပ် ၁၁၀ဝ၀ဝ၊ သဘာဝနတ်သြဇာ ယခင်တစ်ပတ်တွင် တစ်အိတ်လျှင် ကျပ် ၃၃၀ဝ၀၊ ယခုဈေးနှုန်းမှာ ကျပ် ၃၃၀ဝ၀၊ ယခင်တစ်ပတ်တွင် တီစူပါ (သံကွင်း) တစ်အိတ်လျှင်ကျပ် ၁၃၅၀ဝ၀၊ ယခုဈေးနှုန်းမှာ  ကျပ် ၁၁၀ဝ၀ဝ ဖြစ်ပြီး ယခင်တစ် ပတ်တွင်  ပိုတက်စီယမ်  တစ်အိတ်လျှင်  ကျပ် ၁၄၀ဝ၀ဝ၊ ယခုဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၂၀ဝ၀ဝ အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
ပိုးသတ်ဆေး
ပိုးသတ်ဆေးဈေးနှုန်းမှာ  တည်ငြိမ်နေပြီး  အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ပိုးသတ်ဆေး (မာလာမြိုင်ဆိုင်ဖာ) ၁၀ဝခခ ပုလင်း ကျပ် ၃၅၀ဝ၊ မြန်မာ့သြဘာ စိုင်ကလုံ ၁၀ဝခခ ပုလင်း ကျပ် ၈၀ဝ၀၊ မြန်မာ့သြဘာ တော်ပီဒို ၂၅၀ခခ ပုလင်း ကျပ် ၁၃၀ဝ၀၊ မြန်မာ့သြဘာ တော်ပီဒို ၁၀ဝခခ ပုလင်း ကျပ် ၇၀ဝ၀ ရှိကြောင်း စုံစမ်းသိရှိရသည်။
စိုက်ပျိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစု မြေသြဇာပိုးသတ်ဆေး ဈေးနှုန်းများ ဈေးကျဆင်းမှုကြောင့် တောင်သူများအတွက် အရင်းအနှီးစိုက်ထုတ်ရမှု လျော့နည်းကာ တစ်ဧက ကုန်ကျစရိတ်အပေါ် အကျိုး အမြတ် ပိုမိုရရှိနိုင်လာကြောင်း သိရသည်။                                      

နန်းအေးမူ