Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:48 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီဈေးမြောက်၊
သိပ္ပံနှမ်းနှင့် ပဲတီစိမ်းပုံမှန် အရောင်းအဝယ်ဖြစ်

    အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)တွေ နယ်စုံမှ အဝင်သွက်လာသလိုExport အတွက်အဓိကဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်လိုအားသွက်လာတာ ကြောင့် ယခင်တစ်ပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးသိသာစွာမြင့်လာ ပြီးတစ်ပိဿာကို ၁၃၀၅ ကျပ် (တစ်တန်ကို ၇၉၉၁၆၈ ကျပ်)ဈေးဖြင့် တစ်ပတ်အတွင်း အိတ် ၅၆၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်ဝယ် လက်နှင့် မန္တလေးဝယ် လက် ပုံမှန်အဝယ်ရှိနေတဲ့ သိပ္ပံနှမ်းကတော့ တစ်ပိဿာ ၄၃၃၅ ကျပ် ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးအနေဖြင့် နထစသမအ  ဝယ်လက်တွေက ပဲရဲ့အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိခဲ့ကြောင်း၊  အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၁၈၇၅ ကျပ်(တစ်တန်ကို ၁၁၄၈၂၃၁ ကျပ်)ဈေးဖြင့် နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။