Background
မွန်ပြည်နယ်အတွင်း ဆန်ဈေးကွက်အခြေအနေကို လေ့လာချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဆန်များစီးဝင်လျက်ရှိပြီ သြဂုတ်လစတုတ္ထပတ်၌ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင်တက်လျက်ရှိကြောင်း သိရသည်။
အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ သြဂုတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုပေါ်ဆန်း ၁၈၁၈၁ အိတ်၊ ရန်ကုန်မှ ဧရာဝတီပေါ်ဆန်း ၂၁၅၆၅ အိတ်၊ ပဲခူးနှင့် ရန်ကုန်တို့မှ ဧည့်မထ ၂၁၃၈၅ အိတ်၊ စုစုပေါင်း ၆၁၁၃၁ အိတ်၊ တန်ချိန်အားဖြင့် ၃၀၅၆ တန်ခန့် စီးဝင်ခဲ့သည်။
ပုသိမ်မြို့အတွင်း အရောင်းအဝယ်ဖြစ်နေသာ ဆန်စပါးဈေးနှုန်းမှာ သြဂုတ်လနောက်ဆုံးပတ်၌ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊ သြဂုတ်လ ပထမပတ်အတွင်း ပေါ်ဆန်းစပါးတစ်တင်းလျှင် ကျပ် ၃၂၀ဝ၀-၃၄၀ဝ၀ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀-၁၃၀ဝ၀ဝ ဈေးမှ သြဂုတ်လနောက်ဆုံးပတ်တွင် ပေါ်ဆန်းစပါး တစ်တင်းလျှင် ကျပ် ၃၄၀ဝ၀-၃၆၀ဝ၀၊ဆန်တစ်အိတ် ၁၃၅၀ဝ၀-၁၄၀ဝ၀ဝ ဈေးဖြစ်သည့်အတွက် ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်းသိရသည်၊
ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်ခရိုင်သည် မြန်မာနိုင်ငံ၏ အဓိကစပါးစိုက်ပျိုးထုတ်လုပ်ရာဒေသတစ်ခုဖြစ်ပြီး စပါးနှင့် ပဲမျိုးစုံကို ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
မြေသြဇာကောင်းမွန်ခြင်း၊ ရေအရင်းအမြစ်လုံလောက်ခြင်းနှင့် တောင်သူများ၏ စိုက်ပျိုးရေးအတွေ့အကြုံများကြောင့် နှစ်စဉ်အရည်အသွေးကောင်းမွန်သည့် စပါးများ ထွက်ရှိလျက်ရှိသည်။
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက ၄ ဒသမ ၄ သိန်းခန့်တွင် ရွှေဘိုပေါ် ဆန်းစပါးကို ဧကသုံးသိန်းခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။
ပုသိမ်မြို့ ဆန်၊ စပါးဈေးကွက်တွင် ယခင်မေလ ဈေးနှုန်းထက် ဇွန်လနောက်ဆုံးပတ် ဈေးနှုန်းအနည်းငယ်မြင့်တက်မှုရှိကြောင်း ဈေး ကွက်မှ သိရသည်၊
ယခင်မေလအတွင်း လူနည်းစု စားသုံးမှုရှိသော ပေါ်ဆန်းစပါး တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀- ၃၄၀ဝ၀ ဆန်တစ်အိတ်ကျပ် ၁၂၅၀ဝ၀-၁၃၀ဝ၀ဝ မိုးမနောသုခ၊ မျိုးပွားစပါး တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀-၁၇၅၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀-၆၅၀ဝ၀၊ နွေသီးထပ်ရင် စပါး တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀-၁၆၅၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ-၆၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်၊
ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်သည့် ဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသော မြို့ဖြစ်သည်။ ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှ လည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။
မိတ္ထီလာခရိုင်အတွင်း စပါးအများဆုံးစိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာလမှစ၍ မိုးစပါးများ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ မိုးစပါးအသစ်များမှာ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ထွက်ရှိရာ ဝမ်းတွင်းမြို့နယ်တွင် မနောသုခ၊ ဧရာပဒေသာ စပါးများအပြင် ပေါ်ဆန်း (ဘေးကြား) များလည်း စိုက်ပျိုးပြီးကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မတ်လဆန်းမှစတင်၍ ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် အခြေခံပြည်သူများ ဝယ်ယူစားသုံးသော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတမှုဖြစ်စေရန်အတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအစီအစဉ်များကို အောက်ပါအတိုင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၄၉ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၄ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ
