Main menu

Background

Saturday, 10 Jan 2026

ပြည်တွင်းရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့  တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၇၀ဝ၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှု အနေဖြင့် မက်ထရစ်တန် ၇၀ဝ၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

Thursday, 4 Sep 2025

အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၄၅ ဘီလီယံရှိပြီး ပမာဏ ကျဆင်းသွားသော်လည်း ပုံမှန်ဝင်ငွေအဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းMarine Product Export Development Authority (MPEDA) မှ ထုတ်ပြန်သော နောက်ဆုံးရ သတင်းအချက်အလက်များအရ သိရသည်။ တင်ပို့မှု ပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က တင်ပို့ခဲ့သော ၁၇၈၁၆၀၂ မက်ထရစ်တန်ထက် ၁၆၉၈၁၇၀ မက်ထရစ်တန်သို့ ကျဆင်းခဲ့ပြီး ဒေါ်လာ တန်ဖိုးအရ ယခင်နှစ်က ၇ ဒသမ ၃၈ ဘီလီယံဒေါ်လာထက် ၇ ဒသမ ၄၅ ဘီလီယံဒေါ်လာသို့ မြင့်တက်လာခဲ့သည်။ 

Wednesday, 3 Sep 2025

တနင်္သာရီတိုင်းဒေသကြီးသည်   မြန်မာနိုင်ငံ တောင်ဘက်ခြမ်းတွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသုံးခုအနက် အရှည်ဆုံးကမ်းရိုးတန်းတစ်ခုဖြစ်ကာ ကမ်းရိုးတန်းမိုင် ၂၀ဝ ခန့်ရှည်လျားသည့်အတွက် ကမ်းရိုးတန်း ရေပြင်တွင် ကမ်းဝေး၊ ကမ်းနီး ငါးဖမ်း/ငါးသယ်ရေယာဉ်(လိုင်စင်)စင်းရေ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ၃၂၆၂ စင်း၊ ငါးဖမ်း ရေလုပ်သား ၅၀ဝ၀ဝ ကျော်ခန့်ဖြင့် အဓိက ငါး၊ ပုစွန် ရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။  ငါး/ ပုစွန် ၊ ကဏန်းပျော့၊ ဂျင်းခရု၊ ပင်လယ်ရေမှော်၊ ကမာများကိုလည်း ဒေသတွင်းမွေးမြူပြီး ပြည်တွင်း၊ ပြည်ပသို့တင်ပို့ ရောင်းချကာ အဓိကဝင်ငွေရရှိနေသော လုပ်ငန်းတစ်ခုဖြစ် သည်။

Monday, 7 Oct 2024

မအူပင်မြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့်အလျောက် မြစ်ချောင်းစပ်များ၊ ရွှံ့နွံအိုင် များနှင့်  လယ်ကွင်းများတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ငါးရှဥ့်များကို တွေ့ရှိရသည်။
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိသည့်အနက် ရေလဲ၊ ရွှေတောင်မှော်၊ စစ် ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင် စသည့် ကျေးရွာအုပ်စု များသည် ချောင်း၊ မြောင်း၊ အင်းအိုင်နှင့် ကွင်းရေ များ  ပေါများပြီး ယခုကဲ့သို့ မိုးတွင်းကာလတွင် ငါးရှဥ့်များစွာ ဖမ်းဆီးရရှိနိုင်သည်။ 

Tuesday, 6 Aug 2024

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်သည် ရေထွက်ကုန်၊ စိုက်ပျိုးရေး၊ လယ် ယာထွက်ကုန်များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြေပြင်၊ ရေပြင်၊ ပထဝီ အနေ အထားကောင်းမွန်သော ဒေသကြီးဖြစ်သည်။ 

Monday, 1 Jul 2024

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေနှင့် နီးကပ်လျက်ရှိသော ငပုတောမြို့နယ်အတွင်းရှိ  ဟိုင်းကြီး ကျွန်းကျေးရွာ မော်တင်၊ ဇီးချိုင်၊ ကံချိုင်၊ စံပြကျေးရွာ သက္ကယ် သောင်၊ သမ္မာဒေဝ၊ တောင်ကလေးကျေးရွာများနှင့် အခြား ကျေးရွာများ၊ချောင်းသာ၊ ငွေဆောင်ဝန်းကျင်ကျေးရွာများတွင် ရေချို၊ ရေငန်  ပုစွန်များကို ပုသိမ်ဈေးကွက်သို့ လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

Monday, 20 Nov 2023

ဘားအံမြို့ ရေပေါ်စံပြဈေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါး ခြောက်များမှာ မွန်ပြည်နယ် ကျိုက္ခမီမြို့နယ်၊ ရေးမြို့နယ်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှ အသီးသီး ဝင်ရောက်လျက်ရှိကြောင်း သိရပြီး  ငါးခြောက် နှင့် ပုစွန်ခြောက်ဈေးနှုန်းများမှာ ထွက်ရှိရာဒေသကို မူတည်၍ လည်း ကောင်း၊ အရည်အသွေးကို လိုက်၍လည်းကောင်း အနည်းငယ်ကွာခြား လျက်ရှိသည်။

Tuesday, 7 Nov 2023

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ကိုဗစ်ကာလ  မတိုင်ခင်နှင့်   ကိုဗစ်ကာလတွင်လည်း ယင်းပမာဏ အတိုင်း တင်ပို့ခဲ့ခြင်းဖြစ်သည့်အတွက် တင်ပို့မှုလျော့ကျခြင်း  မရှိခဲ့ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။ “ရေထွက်ကုန်ကို ပင်လယ်ရေကြောင်းနဲ့  နယ်စပ်လမ်းကြောင်းကနေ တင်ပို့တယ်၊ ရေချို၊ ရေငန် နှစ်မျိုးဆိုပြီး တင်ပို့တယ်။ ဒီဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ သန်း ၈၀ဝ နီးပါး ရရှိဖို့ မျှော်လင့်ထားပါတယ်”ဟု   ၎င်းက ပြောသည်။ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ  စက်တင်ဘာလအတွင်း ပင်လယ်ရေက

Tuesday, 7 Nov 2023

တနင်္သာရီတိုင်းသားတို့သည် အခြားတိုင်းများနှင့် ယှဉ်လျှင် သဘာဝက မျက်သာ ပိုမိုပေးထားသည်။ အဘယ် ကြောင့်ဆိုသော် အခြားဒေသများထက် ငါးဖမ်းကွက်ပိုခြင်း၊ ငါးများပေါက်ဖွားရာအကြိုက်နှင့် ကျွန်းများပေါခြင်းကြောင့် ဆယ့်နှစ်ရာသီလုံး ငါးဖမ်းဆီးနိုင်ခြင်းအပြင် ပင်လယ်ပြင်တွင် ရာသီဥတုဖောက်ပြန်လာပါက  ခိုလှုံရန် ကျွန်းများစွာရှိခြင်း စသည်တို့ဖြစ်သည်။

Thursday, 31 Aug 2023

ရေငန်ပုစွန် အသားတိုးမွေးမြူခြင်းလုပ်ငန်းကို   စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ်  အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပထမဦးစွာ    မွေးမြူထုတ်လုပ်မည့်နည်းစနစ်(Culture System)ကို အခြေခံ၍ စဉ်းစားရပါမည်။ မွေးမြူထုတ်လုပ်မည့် နည်းစနစ်ကို နည်း ပညာနှင့်ငွေကြေး    မတည်ရင်းနှီးနိုင်မှုတို့အပေါ်တွင် အခြေခံပြီး စဉ်းစားရပါသည်။ ထိုမှတစ်ဆင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်၊ နောင်တွင် တိုးချဲ့ဆောင်ရွက်နိုင်မည့်အစီအစဉ်၊ လုပ်ငန်း ဆိုင်ရာ ထုတ်လုပ်မှုစီမံချက်တို့ကို ယေဘုယျအားဖြင့် လျာထားသတ် မှတ်ပြီး အစီအစဉ် ရေးဆွဲရပါသည်။ ထိုစီမံချက်များကို  အဆင့်ဆင့် အစီအစဉ်တကျ စီမံခန့်ခွဲ၍ ဆောင်ရွက်သွားမှသာ  

Pages