Background
စားသုံးသူပြသူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စရေန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးငန်းကြီးကပြ်ရေးကော်မတီ က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
စားအုန်းဆီကို ပညြ်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ထိုက်သည့်ဈေးနှုန်းများ ဖစြ်ပေါ်စရေေးကို ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။
ကယားပြည်နယ် လွိုင်ကော်မြို့ဈေးကွက်တွင် ဇူလိုင်လ နောက်ဆုံးပတ်၏ ဆီထွက်သီးနှံ ဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း သိရှိရသည်။
ကမ္ဘာ့ရေနံစိမ်းနှင့် ပဲပုပ်ဆီဈေးနှုန်းများကျဆင်းလာမှုကိုလိုက်၍ စားအုန်းဆီအနာဂတ်ဈေးနှုန်းများသည် တစ်လကျော်ကာလအတွင်း အဆိုးရွားဆုံးကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီး မလေးရှားရင်းဂစ်ငွေ မာလာခြင်းကလည်း ဝယ်လိုအားအတွက် အဟန့်အတားတစ်ခု ဖြစ်စေခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘော တူညီချက်ရရှိရန် တိုးတက်မှုများရှိလာပြီးနောက် ကမ္ဘာ့ရေနံစိမ်း စံနှုန်း ဖြစ်သော ရေနံစိမ်းဈေးသည် စစ်ပွဲကြောင့် တက်ခဲ့သမျှ ဈေးနှုန်းများ ပြန် လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (USDA) ၏ အစီရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်နိုင်မှုသည် ယခင်နှစ်တွင် ၄၆ ဒသမ ၇ သန်းရှိရာမှ ၂၀၂၆ -၂၀၂၇ ခုနှစ်အတွင်း ၃ ရာခိုင်နှုန်းထိ မြင့်တက်ကာ တန်ချိန် ၄၈ သန်း ထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည်။
ကယားပြည်နယ်သည် ဆီထွက်သီးနှံဖြစ်သော နေကြာစိုက်ပျိုးရန် ရာသီဥတုနှင့်ကိုက်ညီသော မြေဆီလွှာအခြေအနေကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သည်။ နေကြာသည် စိုက်ပျိုးရလွယ်ကူပြီး အထူးသဖြင့် စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဒေသခံတောင်သူများက အလေးထားစိုက်ပျိုးကြသည်။ စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံတစ်ခုလည်းဖြစ်ပြီး ဆီထွက်သီးနှံ အခန်းကဏ္ဍတစ်ခုအဖြစ် အရေးပါရုံသာမက စားသုံးသူများနှင့် ပြည်ပသို့ တင်ပို့ကုန်အဖြစ် အဓိကကျသော သီးနှံတစ်ခုလည်းဖြစ်သည်။
စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီ ညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ သက်သာ သော နှုန်းထားများဖြင့် စားအုန်းဆီများ ဝယ်ယူ ရရှိစေရေး ရည်ရွယ်လျက် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော် မတီအား ၁၆.၁၂.၂၀၂၁ ရက်တွင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။





