Background
ယခုတစ်ပတ် ပြည်တွင်းထုတ်ကုန်ကဏ္ဍတွင် Delous Co.,Ltd. က ထုတ်လုပ်သော စိန်တံဆိပ် ငရုတ်ဆီ၊ ငရုတ်နှစ်တို့အကြောင်း မိတ်ဆက်လိုက်ပါသည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ အသုပ်ဆိုင်၊ ကြေးအိုးဆိုင်နှင့် တုတ်ထိုးဆိုင်တို့အတွက် ရည်ရွယ်၍ အရောင်လိုက်ခွဲခြားကာ ချိုကဲ၊ ချဉ်ကဲ၊ 2 in 1၊ All in one၊ Red Chilli နှင့် မြန်မာ့ရိုးရာ ကြက်သွန်ဖြူဟူ၍ အရသာခြောက်မျိုးဖြင့် သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်ထားပါသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးထုတ်ကုန် လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို အောက်တို ဘာ ၃၁ ရက် နံနက် ၈နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ပြပွဲသို့လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့်ASEAN-INDIA SRART-UP FESTIVAL 2022 သို့ သွားရောက်ယှဉ်ပြိုင်ပြသရမည့် မြန်မာနိုင်ငံမှ စားသောက် ကုန်လုပ်ငန်းနှစ်ခုအကြောင်း ဖော်ပြပေး လိုက်ပါသည်။ပထမဦးစွာ Citrus Myanmar မှ ထုတ်လုပ်သည့် Lemon Flakes ရှောက်ပျား၊ ရှောက်ဆားနယ်တို့သည် ရွှေကျင်ဒေသထွက် ရှောက်သီးကုန်ကြမ်းနှင့် ပျားရည်၊ သကြားတို့ဖြင့် ပြုလုပ်ထားပြီး ဆိုးဆေး၊ တာရှည်ခံ ဆေးများ မသုံးဘဲ သဘာဝအတိုင်း ပြုလုပ်ထား သဖြင့် အရသာ ကောင်းမွန်သည့် ရှောက်သီးဆေးပြားများဖြစ်ပြီး ၁၀ဝ ရာနှုန်းပြည့် ပြည်တွင်းဖြစ်ပစ္စည်းများ ဖြစ်သဖြင့် အန္တရာယ် ကင်းစွာနှင့် စိတ်ချယုံကြည်စွာ စားသောက်နိ
ယခုတစ်ပတ်တွင် ပြည်တွင်းထုတ်ကုန်ကဏ္ဍအနေဖြင့် ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် NNK Top Myanmar Co,Ltd.နှင့် Miyako Food Myanmar Co,Ltd. တို့မှ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားသည့် သစ်သီးခြောက်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ နှမ်းဦးရည်ဆီနှင့် နှမ်းလှော်ဆီ မွှေးများအကြောင်း ဖော်ပြပေးလိုက်ပါသည်။NNK Top Myanmar Co,Ltd.
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေးလုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက် သည့် အသိပညာ၊ ဗဟုသုတများရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များ၊ ကုန်သည် စီးပွားရေးလုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန် Trade Training Institute ကို ၂၀၁၂ ခုနှစ်၊ ဧပြီ လမှ စတင်ဖွင့်လှစ်ကာ နိုင်ငံတကာ ကုန်သွယ်မှုနှင့်ပတ်သက်၍ စာတွေ့/လက်တွေ့ဘာသာရပ်များ ကျယ်ကျယ်ပြန့်ပြန့်သင်ကြား ပို့ချပေးလျက်ရှိပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံ သင်တန်းအမှတ်စဉ်
တောင်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ ဖြိုးရေးအတွက် အထောက်အကူပေးဖို့ အတွက်ပူးပေါင်းဆောင်ရွက်ကြရန် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ချွိုင်ကျွန်းဝှမ်းနဲ့ တောင်ကိုရီးယားဗဟိုဘဏ်အုပ်ချုပ်ရေးမှူးလီဂျူယောတို့ဇူလိုင်၂၁ရက်ကသဘောတူခဲ့ကြ ကြာင်း ယွန်ဟပ်သတင်းဌာနကပြော ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာ ကုန်သွယ် မှုဗဟိုဌာန (Myanmar Trade Center) ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယထပ် တွင် ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေလ ၁၀ ရက်မှ၁၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၈၆ တန်ကျော်တင်ပို့ ခဲ့ပါ တယ်။ယခုအပတ်မှာမူဆယ် ၁၀၅ မိုင်မှ ပရဆေး ကုန် ကြမ်းအမယ်ပေါင်း(၁၈) မျိုးတင်ပို့နိုင်ခဲ့ပါတယ်။
ဒီတစ်ပတ်တော့ တရုတ်ဝယ်လက်တွေက ဆင်တောင် နနွင်းကို အဓိကဝယ်ယူနေပါတယ်။ ဆင်တောင်နနွင်းက ရှမ်း ပြည်မှာထွက်တဲ့ နနွင်းတွေထဲမှာအရည်အသွေး အကောင်း ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ခန့်က စပြီး နနွင်းဈေးကွက်ကပျက်ခဲ့တာကြောင့် နနွင်းကို စိုက်တာလည်း လျော့သွားပါတယ်။
ရှမ်းပြည်နယ်မှာ မိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာလာပြီဖြစ်တာကြောင့် ချင်းပင်တွေ လည်း ထွက်စပြုနေပါပြီ၊ ချင်းဥမကို လည်း ဇွန်လကုန်လောက်မှာ စပြီးဖော်လို့ရ တော့မယ်လို့ ဆိုရပါတယ်။ ဒါကြောင့်ချင်းဟောင်းတွေ ကိုလည်း အကုန် ထုတ်ရောင်းနေကြပါတယ်။ဥမကလှိုင်လှိုင်ကြီး ဝင်လာတတ်တာကြောင့် ချင်းတက်တွေကိုဖြစ် နိုင်ရင် အကုန်ကုန်သွားစေချင် တယ်လို့လည်းပွဲရုံတွေကဆိုပါတယ်။ဒီတစ်ပတ်မှာချင်းဈေးနည်းနည်းကျလာပါတယ်။