Main menu

Background

Monday, 21 Sep 2026

ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့နေရသည့် ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးလောကကြီးတွင် တင်စားခေါ်ဝေါ်သုံးစွဲလျက်ရှိသော ထင်ရှားသည့်အကောင်လေးကောင်ရှိပါသည်။ယင်းတို့မှာ (က)ချိုးငှက်၊ (ခ)သိမ်းငှက်၊ (ဂ)နွားသိုးနှင့် (ဃ)ဝက်ဝံ တို့ဖြစ်သည်။ ယင်းအကောင်လေးကောင်သည် ဘဏ္ဍာရေးနယ်ပယ်တွင် သီးခြားရပ်တည်နေခြင်းမရှိဘဲ ဆက်စပ်လျက်ရှိသည်။ အထူးသဖြင့်နိုင်ငံတစ်ခု၏စီးပွားရေးမူဝါဒများ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးမူဝါဒများ၊ ကုန်သွယ်ရေးမူဝါဒများ၊ စစ်ရေးစသည်တို့နှင့်လည်း ပတ်သက်လျက်ရှိသည်။ သို့ဖြစ်ရာ ယင်းအကောင်လေးကောင်၏ လှုပ်ရှားပုံနှင့် အဓိပ္ပာယ်များကို သိရှိရန်လိုအပ်မည်ဟုထင်သည်။ 

Monday, 10 Aug 2026

ဆိတ်မွေးမြူရေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မွေးမြူရေးလုပ်ကိုင်သူများပြီး ကျန်ရှိသည့် ပြည်နယ်၊ တိုင်းများတွင် ဒေသအလိုက် တစ်ပိုင်တစ်နိုင် မွေးမြူမှုရှိကြကြောင်း သိရသည်။ ဆိတ်များသည် မိုးရာသီတွင် ရောဂါဖြစ်ပွားမှုရှိပြီး ကြီးထွားမှုနှုန်းလည်း နှေးတတ်ခြင်းကြောင့် ဂရုစိုက်ရန်လိုအပ်ကာ နွေရာသီတွင်မူ ရောဂါကင်းစင်ပြီး ကြီးထွားမှုနှုန်း ကောင်းမွန်ကြောင်း သိရသည်။

Monday, 10 Aug 2026

မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဒေသတွင်းဆီစက်များမှ ဒေသတွင်းဆီစားသုံးမှုနှင့် တိရစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ကြိတ်ခွဲထုတ်လုပ်ကြကြောင်း၊ ထွက်ရှိလာသော ဆီကြိတ်ဖတ်များကို ဒေသတွင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်များအပြင် မန္တလေးမြို့ တိရစ္ဆာန်အစာတောင့် စက်ရုံများမှလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။

Friday, 7 Aug 2026

မကွေးတိုင်းဒေသကြီး ပခုက္ကူကုန်စည်ဒိုင်သို့ ပဲတီစိမ်းများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အဓိက လာရောက်ရောင်းချသောဒေသမှာ ရေစကြိုမြို့နယ်မှ ပဲတီစိမ်း (သေး)အများဆုံး ဝင်ရောက်ပြီး ပခုက္ကူဒေသပတ်ဝန်းကျင်နှင့် မြစ်ခြေ၊ ကျွန်းဒေသများမှ အရည်အသွေးကောင်းမွန်သော ပဲတီစိမ်းကြီး (ကျွန်း)များ လာရောက်ရောင်းချကြသည်။ 

Monday, 13 Jul 2026

မိတ္ထီလာဈေးကွက်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊  နေကြာများကို ရာသီချိန်တွင် ဒေသတွင်းဆီကြိတ်စက်များနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ တိရစ္ဆာန်အစာ  ဝယ်လိုအားရှိ၍ ဆီကြိတ်စက်များမှာပိုမိုကြိတ်ခွဲထုတ်လုပ်လာ ပြီးထွက်ရှိသော ဆီများကို ဒေသတွင်းစားသုံးမှုအပြင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

Thursday, 11 Jun 2026

မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် တစ်နိုင်တစ်ပိုင်  မွေးမြူရေးလုပ်ငန်းများ လည်း လုပ်ကိုင်ကြသည်။  စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့်ပစ္စည်းများကို ဒေသတွင်းမွေးမြူသည့် နွား၊ ဆိတ်၊ ကြက်၊ ဝက် အစရှိသည့်  မွေးမြူရေးလုပ်ငန်းများ၌ တိရစ္ဆာန်အစာအဖြစ်  အသုံးပြုကြသည်။ 

Thursday, 11 Jun 2026

ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအား အမြင့်ဆုံးဖြစ်သည့် တရုတ်နိုင်ငံသို့   မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေးအတွက် အကောက်ခွန်အထွေထွ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့  (GACC)  တွင်  မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်တွင်းဒူးရင်းဈေးကွက်တင်ပို့မှုကဏ္ဍတွင် တရုတ် နိုင်ငံ၏ ဒူးရင်းသီးဈေးကွက်ဝေစုရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာ့ဒူးရင်းသီး  ဈေးကွက်အနေဖြင့်  လက်ရှိတွင် ပြည်တွင်းစားသုံးမှုကို မှီခိုနေရခြင်းဖြစ်သော်လည်း လာမည့်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

Friday, 15 May 2026

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင်အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

Friday, 15 May 2026

ဧပြီလ စတုတ္ထပတ်အတွင်း မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော  ဆင်းဧကရီ-၃ ဆန်တစ်ပြည် ကျပ် ၄၀ဝ၀၊ ဆင်းဧကရီ-၃ ဆန်တစ်အိတ် ကျပ် ၉၆၀ဝ၀၊ ဧရာမင်းဆန် တစ်ပြည် ကျပ် ၆၅၀ဝ၊ ဧရာမင်းဆန်တစ်အိတ် ကျပ် ၁၃၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ကျပ် ၁၁၀ဝ ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၂၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

Tuesday, 12 May 2026

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်အပြင် နှစ်ရှည်သီးနှံအုပ်စုတွင် စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာကိုလည်း ပုသိမ်မြို့နယ်၊ ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းကားလမ်းဘေး ကျေးရွာများနှင့် ငပုတော၊  လပွတ္တာ၊ မြောင်းမြ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ် အပါအဝင် တိုင်းအတွင်း စုစုပေါင်း စိုက်ဧက ၃၆၂၇၅ ကျော် စိုက်ပျို

Pages