Background
တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပုံမှန်ပြန်ဖြစ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများ ပုံမှန်ပြန်လည်စိုက်ပျိုး လာကြောင်း ဒေသခံလုပ်ငန်းရှင်များထံမှ သိရသည်။ ကိုဗစ်ကာလအတွင်းက ကုန်သွယ်မှုများ နှောင့်နှေးခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း တစ်သျှူး ငှက်ပျောစိုက်ခင်းများ ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် လည်ပတ်ခဲ့ပြီးနောက် တစ်သျှူးငှက်ပျောများ အရောင်းအဝယ်ဖြစ် ထွန်းခဲ့သည့်အတွက် ယခုနှစ်တွင် နေရာအားလုံး၌ ပုံမှန်အတိုင်း စိုက်ပျိုးမှုပြုလုပ်နေ ကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် တစ်သျ
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ မေ ၆ ရက်မှ ၁၂ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၈ ဒသ မ ၁၀၇ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉၉ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၀၆ သန်းဖြစ်၍ ယခင်တစ်ပတ်ထက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၀၅ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၇ဒသမ ၅၉၃ သန်းလျော့နည်း ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၃၄၄၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၅၂၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၃၀ဝ၊ မလေးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၀ဝ ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ရက် မှ ၃၀ ရက်ထိကာလ အတွင်း တာချီလိတ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၅၆ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ ၇ ဒသမ ဝ၈၈ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၄၄ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက်အပေါ် ၈၉ ဒသမ ၅၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ သည်။ ကာလတူလုပ်ငန်းဆောင်ရွက် မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၃၁ သန်း လျော့ နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၀၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၃၃၀ဝ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၄၀ဝ၀ ခန့် တင်ပို့နိုင်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေစေပြီး နိုင်ငံတော်အတွက်လည်း အခွန်အခများရရှိစေရန် ရည်ရွယ်၍ မြိတ်ခရိုင်၊ မြိတ်မြို့၌ တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် နယ်စပ် ကုန်သွယ်မှုဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြိတ်ကုန်သွယ်ရေးစခန်းအား ၁၉၉၉ ခုနှစ်မှ စတင်ဖွင့်လှစ်ဆောင်ရွက် ခဲ့သည်။
နယ်စပ်တံခါး ဖွင့်လှစ်နိုင်ရေး အရှိန်မြှင့်လုပ် ဆောင်နိုင်ခြင်းနှင့်ပတ်သက်၍ တရုတ်-မြန်မာ နယ်စပ်၌ တည်ရှိသော တယ်ဟုန်တိုင်နှင့် ဂျိန်းဖော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတို့၌ ဤအတွေ့ အကြုံကောင်းများ အမြောက်အမြားရှိနေသည်။ ရွှေလီ၊ နယ်စပ်ဂိတ် စသည့် စကားလုံးများသည် ယူနန်၏ ကုန်သွယ်ရေးတံခါးဖွင့်မှုနှင့် ပတ်သက်၍ မပါမဖြစ်သော သော့ချက်စကားလုံးနှစ်ခု ဖြစ်ပေ သည်။
မတ် ၁ ရက် မှ ၃၁ ရက်ထိ ကာလ အတွင်း တာချီလိတ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၃၅ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၈ ဒသမ ဝ၅၄ သန်း ကုန်သွယ် မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၈၉ သန်းဖြစ်သည်။ ကာလ တူလုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၁၆ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၃၅ သန်း ပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၈၀ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
နို့ဆီ
မတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၉ သန်းတန်ဖိုးရှိ နို့ဆီတန်ချိန် ၁၄၀ဝ ကျော် တင်သွင်းခဲ့သည်။ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်နှင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၄၃၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို့မှုန့်
ဓာတ်မြေသြဇာ