Background
ကမ္ဘောဒီးယားနိုင်ငံသည် ယခု ၂၀၂၄ ခုနှစ်၏ ပထမကိုးလတာ ကာလ တွင် ဆန်တန်ချိန် ၄၄၅၉၁၃ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၃၃၅ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံ ဆန်စပါးအသင်းချုပ် CRF က အောက်တိုဘာ ၁၄ရက်က ပြောကြားခဲ့ သည်။ တင်ပို့ခဲ့သည့် ဆန်များတွင် ပရီ မီယမ်ဆန်မွှေး၊ ရနံ့သင်းသော ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန် တို့ ပါဝင်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု Regional Comprehensive Economic Part- nership RCEP) ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်အတွင်း အမေ ရိကန်ဒေါ်လာ ၂၅ဒသမ၅၄ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၇ဒသမ၁ ရာခိုင်နှုန်း တိုးလာကြောင်းသိရသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏ အလားအလာ အကောင်းဆုံး အချက်ထဲတွင်ပါဝင်သည့် တရုတ်နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်မျှော်မှန်းချက် သည် စက်တင်ဘာလတွင် ခန့်မှန်းထားသည်ထက် ပိုမိုလျော့နည်းခဲ့သည်။ အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သော အကောက်ခွန်အချက်အလက် များအရ စက်တင်ဘာလတွင် ပို့ကုန်စုစုပေါင်း၏ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး သွင်းကုန် သုည ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကမ္ဘာ့စားအုန်းဆီ အများဆုံး တင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည် တွင်း စားအုန်းဆီဈေးနှုန်း တည်ငြိမ် စေရန်အတွက် ပြည်တွင်းဈေးကွက် အတွင်း ရောင်းချပေးရန် တာဝန်ရှိမှု (Domestic Market Obligation-DMO စည်းမျဉ်းများ တစ်နည်းအား ဖြင့် ပြည်တွင်း စားအုန်းဆီ ထုတ်လုပ်မှု ပမာဏအပေါ် မူတည်၍ ပြည်တွင်းသုံး စွဲမှုနှင့် တင်ပို့မှုပမာဏ အချိုးအစား သတ်မှတ်သည့် စည်းမျဉ်းကို ၂၀၂၂ ခုနှစ် ဧပြီလကပင် စတင်ကျင့်သုံးခဲ့ သည်။ အဆိုပါ ြီဥ အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများအနေဖြင့် ပို့ကုန်ပါမစ် ရရှိရေးအတွက် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုမှ တစ်စိတ်တစ် ပိုင်းကို ပြည်တွင်းဈေးကွက်သို့ ကန့် သတ်ထားသ
အနောက်ကမ္ဘာခြမ်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အကြီး မားဆုံးဖြစ်သည့် ဘရာဇီးနိုင်ငံအနေဖြင့် ဆယ်စုနှစ် နှစ်ခုကာလ အတွင်း အမြင့်မားဆုံးပမာဏအဖြစ် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၃ သန်းအထိ တင်သွင်းရဖွယ်ရှိနေကြောင်း သိရသည်။
အာရှတိုက်ရှိ အစိုးရများသည် ယခုနှစ်အတွင်း အင်အား ကြီးမားသော အမေရိကန်ဒေါ်လာကြောင့် တန်ဖိုးကျဆင်းခဲ့ရသည့် ၎င်းတို့၏ငွေကြေးများကို ဆက်လက်ကျဆင်းမှုရပ်တန့်ရန် ပိုမိုလုပ် ဆောင်လျက်ရှိကြသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်း တန်ချိန် ၆၀ဝ၀ဝကို ပုသိမ်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ယင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့နိုင်ခြင်းကြောင့် ကုန်တင်တွဲကား ငှားရမ်းရခက်သည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး လမ်းကြောင်း အချိန်ကြန့်ကြာမှုအပြင် တန်ဆာခ စရိတ်များလည်း လျော့ကျ သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက ဇွန် ၁၄ ရက်တွင် ပြောသည်။
ရော်ဘာ
မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တန်ချိန် ၁၆၅၆၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ဝ၇၆ သန်းရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၁၃၀၈၅ တန်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၈၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၁၉ တန်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝကျော်နှင့် ထိုင်ဝမ်သို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀လအတွင်း သတ္တုနှင့် တွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ သန်းကျော် ရရှိခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန် အထိ စာရင်းများအရ ပြည်ပသို့ သတ္တုနှင့်တွင်းထွက်ပစ္စည်း တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇၇ သန်း ရရှိထားခြင်းဖြစ် သည်။