Background
မြန်မာနိုင်ငံကဲ့သို့စိုက်ပျိုးရန်အခြေအနေပေးသည့် သမမျှတသည့်ရာသီဥတုရှိပြီး စိုက်ပျိုးမြေကျယ်ဝန်းသည့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေးကဏ္ဍသည်အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။စိုက်ပျိုး ထွက်ရှိလာသော ထွက်ကုန်များသည် ကမ္ဘာ့အရပ်ရပ်ရှိ ဈေးကွက်ကြီးများသို့ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေးအတွက် အစားအစာဆိုင်ရာစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိရန် မဖြစ်မနေလိုအပ်သည်။
ရေဘဝဲသည် သန္တာကျောက်တန်းများနှင့် ပင်လယ်ပြင်တို့တွင် တွေ့ရှိရသည့်အမျိုးအစားဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ မြိတ်ကမ်းရိုးတန်းရေပြင်တွင်လည်း တွေ့ရှိနိုင်သည်။ တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်သည် ငါး၊ ပုစွန်၊ ကင်းမွန်၊ ကဏန်းနှင့် ရေဘဝဲ စသည့်ပင်လယ်ရေထွက်ပစ္စည်းများ ပေါများစွာရရှိသည့်ဒေသလည်းဖြစ်သည်။ ရေဘဝဲသည် ကင်းမွန်နှင့် အလျားသဏ္ဌာန်တူသလို ရှိသည့်အတွက်အချို့မှာကင်းမွန်နှင့် ရေဘဝဲသည် တူညီကြသည်ဟု ထင်ကြသော်လည်း အမှန်မှာမတူညီကြပေ။
ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့်လိုအပ်သည့်စက်ပစ္စည်းများဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရစက်ပစ္စည်းများဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ပြီး အမည်ပြောင်းမှတ်ပုံတင်လျှောက်ထားရာတွင် စက်တင်ဘာ ၁ ရက်မှစတင်၍ ဝယ်ယူသူ၏ ဝင်ငွေခွန်ဆိုင်ရာထောက်ခံချက်အပြင် ရောင်းချသူ၏အခြေပစ္စည်းမှမြတ်စွန်းငွေနှင့်ပတ်သက်သည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကိုပါ တင်ပြရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါလုပ်ငန်းစဉ်သည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့တွင် အမည်ပြောင်းလျှောက်ထားခြင်းများ၌သက်ဆိုင်မည်ဖြစ်သည်။
နိဒါန်း
လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးရေစီးကြောင်းတွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်နယ်စပ်ကုန်သွယ်မှုကဏ္ဍကိုပိုမိုမြန်ဆန်ချောမွေ့စေရန်ရည်ရွယ်၍ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းအသစ်များကို အရှိန်အဟုန်မြှင့် ပြောင်းလဲကျင့်သုံးလာနေသည်။ အထူးသဖြင့် ကုန်စည်အရည်အသွေးစစ်ဆေးမှု၊ နည်းပညာအသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုအပိုင်းများတွင် စည်းမျဉ်းများ ပိုမိုတင်းကျပ် ပြတ်သားလာသည်ကို တွေ့လာရသည်။
စီးပွားရေး (သို့) စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး (သို့) ကုန်သွယ်မှုနှင့် ကန့်သတ်ချက်ရှိသောကုန်စည်များနှင့် ဝန်ဆောင်မှုများကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသောကိုယ်စားလှယ်တို့မှသုံးစွဲမှု စသည်တို့ပါဝင်သည်။ စီးပွားရေးဆိုင်ရာကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ (သို့) အစိုးရအဖွဲ့အစည်းများ စသည်တို့ဖြစ်နိုင်သည်။ ထိုဖလှယ်မှုလုပ်ငန်းသည် ပါဝင်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသောတန်ဖိုးသို့ဈေးနှုန်းတစ်ခုကို သဘောတူညီမှုရရှိလျှင် ဖြစ်ပေါ်သည်။
ရှမ်းပြည်နယ် မိုးနဲ၊ မိုင်းပန်၊ လဲခြား၊ မိုင်းတုံ၊ မိုင်းဆတ်ဒေသများမှထွက်ရှိသော ကြက်သွန်ဖြူများသည် အရည်အသွေးကောင်းမွန်သောကြောင့် ထိုင်းနိုင်ငံမှကြိုက်နှစ်သက်သောပို့ကုန်အမယ်တစ်မျိုးဖြစ်သည်။ အဆိုပါဒေသများမှ ထွက်ရှိ သော ကြက်သွန်ဖြူသည် ထိုင်းနိုင်ငံတွင်စိုက်ပျိုးသောကြက်သွန်ဖြူနှင့် အရည်အသွေးတူညီသဖြင့် ထိုင်းလူမျိုးများပိုမိုနှစ်သက်စွာ စားသုံးကြကြောင်းသိရသည်။ ကြက်သွန်ဖြူအဓိကတင်ပို့ရာတွင် မိုးနဲ၊ မိုင်းပန်ဒေသထွက်ကုန်ပစ္စည်းများကို သံလွင်တံတား(တာဆန်း)ကိုဖြတ်ကာ မိုင်းတုံ၊ မိုးဆတ်မှတစ်ဆင့် တာချီလိတ်သို့ သယ်ယူပြီး တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်လိုင်စင်ဖြင့် အမှန်တင်ပို့ဆော
ယနေ့ပြောင်းလဲလာသောလူနေမှုဘဝတွင် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများသုံးစွဲရာတွင် အရည်အသွေးမပြည့်ဝခြင်း၊ သတင်းအချက်အလက်မှန်ကန်ပြည့်စုံမှုမရှိခြင်း၊ ကမ်းလှမ်းကြော်ငြာချက်များနှင့်ကိုက်ညီမှုမရှိသည့် ဖြစ်စဉ်များသည် စားသုံးသူများ၏ဘဝတွင် ငွေကြေးဆိုင်ရာအားဖြင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်းကောင်းနေ့စဉ်နှင့်အမျှ ထိခိုက်နစ်နာရမှုများရှိနေသော်လည်း မြန်မာလူမျိုးသဘာဝအရ အားနာတတ်ခြင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိလေ့လာမှုအားနည်းခြင်း၊ စားသုံးသူအခွင့်အရေးအရ တောင်းဆိုပိုင်ခွင့်ရှိသည်ကိုသိရှိသော်လည်း တိုင်ကြား၍ဖြေရှင်းလိုစိတ်အားနည်းခြင်းများကြောင့် စားသုံးသူအခွင့်အရေးမ
တောင်ကိုရီးယားနှင့်တရုတ်နိုင်ငံအကြား ခရီးသွားလာမှုပြန်လည်ကောင်းမွန်လာခြင်းကြောင့် ကိုရီးယားလေကြောင်းလိုင်းများသည်ပေကျင်း၊ ရှန်ဟိုင်းကဲ့သို့ အဓိကမြို့ကြီးများအပြင်တရုတ်နိုင်ငံရှိဒေသတွင်းမြို့များသို့ပါ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲလျက်ရှိသည်။
ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားဈေးကွက်ကောင်း၍ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်ကြောင်း၊ သြဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီတောဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ ၅၅၀ဝ ထိရှိပြီး လက်လီဈေးအနေဖြင့် ကြက်သွန်နီအလုံးအကြီးအသေးအရွယ်အစားမူတည်၍တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ မှ ၇၅၀ဝ ထိရှိကြောင်း ဒေသတွင်းလက်လီလက်ကား ရောင်းဝယ်သူများထံမှ သိရှိရသည်။
