Main menu

Background

Monday, 22 May 2023

မေ ၁၃ ရက် နံနက်ပိုင်းတွင်  အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်နှင့်  ရွှေပြည်သာစက်မှုဇုန်တို့တွင် သိုလှောင်ထားရှိသော  အရန်ရိက္ခာဆန်များ အသင့်အနေအထား ပြင်ဆင်ထားရှိမှု အခြေအနေအား  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက သတ်မှတ် သိုလှောင်ရုံများအလိုက် စုဆောင်းထားရှိမှု အခြေအနေများ

Monday, 22 May 2023

မကွေးတိုင်းဒေသကြီးအတွင်း  မကွေး၊  ချောက်၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ပခုက္ကူနှင့် ဂန့်ဂေါစသည့် ခရိုင်များတွင် နွေစပါးသီးနှံကို စပါးမျိုးကွဲများအလိုက် စိုက်ပျိုးလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတွင်  ယခုနှစ် နွေရာသီကာလ၌ နွေစပါးကို စိုက်ဧကပေါင်း ၃၅၀ဝ၀ ကျော်  စိုက်ပျိုးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးနိုင်ထံမှ သိရှိရသည်။

Wednesday, 10 May 2023

ကန်စွန်းဥကို မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားတွင် စိုက် ပျိုးကြသည်။ ကန်စွန်းဥကို မြေအမျိုးအစားများစွာတွင် စိုက် ပျိုးနိုင်သော်လည်း သြဂဲနစ်များစွာပါဝင်သော သဲနှင့်နုန်း ရောထားသော သမမြေအမျိုးအစားသည်  အကောင်းဆုံး ဖြစ်သည်။  ရေဝပ်ခြင်းမရှိ ရေစီးရေလာ  ကောင်းမွန်ရန် လိုအပ်သည်။  မြစ်ရေဝင် သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။ သို့မှသာ အမြစ်ကောင်းစွာ ကြီးထွားလာမည်ဖြစ်ပြီး အပင်အဖြစ်သန်၍ အထွက်နှုန်းကောင်းမွန်သည်။

Tuesday, 9 May 2023

မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်၏ စပါးကျီဖြစ်ပြီး စပါးအပြင် ပဲပုပ်၊ ဆီထွက်သီးနှံ နေကြာနှင့် မြေပဲများ အဓိက ထွက်ရှိရာ  ဒေသဖြစ်သည်။ ခရိုင်အတွင်း နန့်ယင်းလွင်ပြင်၊ ဟိုပင်ဒေသနှင့် အင်းတော်ကြီးအိုင်၏ ဘေး ဝဲ/ယာ ဒေသ များတွင်   ပဲပုပ်ကို   အဓိကထား စိုက်ပျိုးကြပြီး  စပါးသိမ်း ပြီးနောက် ဆောင်းသီးနှံအဖြစ် သီးထပ်စိုက်ပျိုးကြသည်။ ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  တစ်သောင်း ကျော် စိုက်ပျိုးခဲ့ပြီး ထွက်ရှိသည့်သီးနှံများကို ဆီတို့ဟူးပြုလုပ် ခြင်းနှင့်  စားသုံးဆီအဖြစ်  ကြိတ်ခွဲစားသုံးကြပြီး မန္တလေး၊ ရန်ကုန်ဒေသများသို့ တင်ပို့လျက်ရှိကြောင်း  သိရှိရသည်။ ဇန်နဝါရီလတွင် စတင်ထွက်ရှိခဲ့ပြီး စ

Tuesday, 9 May 2023

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနှင့် မြန်အောင်ခရိုင် တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမှုမှာ ဟင်္သာတ မြို့နယ်တွင် ၁၀၂၂ ဧက၊ ဇလွန်မြို့နယ်တွင် ဧက ၃၀၉၀၊ လေးမျက်နှာမြို့နယ်တွင် ၁၅၅၃ ဧက၊ မြန်အောင်မြို့နယ်တွင် ၉၃၂၇ ဧက၊ ကြံခင်းမြို့နယ်တွင် ၁၄၇၂ ဧက၊ အင်္ဂပူမြို့နယ်တွင် ၂၄၄၂၉ နှင့် စုစုပေါင်း ၄၀၈၉၃ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်ထက် ၃၇၈၉ ဧက  ပိုမိုစိုက်ပျိုးခဲ့သည်။ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်တွင် ရေတင်စိုက်ပျိုး ကြပြီး အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များတွင် နန်ကသူ ဆည်၊ ကညင်ဆည်၊ မမြဆည်များမှ ဆည်ရေဖြင့် စိုက်ပျိုးကြ သည်။ ဆည်ရေသောက်  ဒေသများတွင် ဆင်းသုခ၊ မှ

Monday, 24 Apr 2023

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဧပြီ ၁ ရက်တွင် စတင်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများထံ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန်  ရည်မှန်းထားကြောင်း သိရ သည်။
MRF အနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ  တန်ချိန် ၂ ဒသမ ၅သန်း တင်ပို့ရောင်းချနိုင်ရန် ရည်မှန်းထားခြင်းဖြစ် ကြောင်း အသင်း၏ဆန်ပြည်ပတင်ပို့မှုနှင့်   ပို့ကုန် ဝင်ငွေရရှိမှုအခြေအနေ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Monday, 24 Apr 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၇၁၈၈ ဧကစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း (မိုးကြို)ကို ကျောက်ဆည်မြို့နယ်တွင် ၁၉၀၄ ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် ၂၉၃၉ ဧကနှင့် မြစ်သားမြို့နယ်တွင် ၁၆၁၅ ဧက၊ စုစုပေါင်း ၆၄၅၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

Monday, 24 Apr 2023

နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့ - ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးထားရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သုံးသီးစားစနစ် မိုးစပါး၊ မတ်ပဲ၊ နွေစပါး အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြသည်။ တောင်ငူမြို့နယ်သည် တန်ဖိုးရှိလှသော သဘာဝအရင်းအမြစ်များ တည်ရှိနေသည်။ အရှေ့ရှမ်းရိုးမပေါ်တွင် ပသိဆည်၊ တောင်ခြေတွင် ကရင်ချောင်းဆည်၊ ကမ်းနီဆည်၊ စစ်တောင်းမြစ်၊ အနောက်ရိုးမတောင်ပေါ်တွင် ခပေါင်းဆည်တို့ ရှိနေခြင်းကြောင့် နွေစပါးစိုက်ပျိုးမှုအတွက် လုံလောက်စွာရေပေးထားနိုင်သည်။

Tuesday, 28 Mar 2023

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆံများကိုဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ "အခုက မြန်မာဘက်ကတော့ ဘာမှမပြင်ဆင်ရသေးဘူး။ သူတို့ဘက်က ဝယ်ဖို့ စိတ်ဝင်စားတယ်။ အဲဒါကြောင့် လာပြီး ကမ်းလှမ်းတာတွေရှိတယ်" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက မတ် ၂၂ ရက်တွင် ပြောသည်။
ယင်းသို့ ကမ်းလှမ်းထားခြင်းမှာ နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ဝယ်ယူရေးအတွက် တရားဝင် ကမ်းလှမ်းထားခြင်းမျိုးတော့မဟုတ်ကြောင်း ၎င်းက ပြောသည်။

Tuesday, 28 Mar 2023

ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့ တင်ပို့မှုရှိသော ပဲများမှာ အရောင်းသွက်လျက်ရှိပြီး  ပဲဈေးများမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ မတ်လအစမှစ၍ ပြည်ပပို့ကုန်ဈေးများ မြင့်လျက်ရှိကြောင်း သိရှိရသည်။

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ်တွင် မတ်ပဲ ဈေးမြင့်လာပြီး ပဲတစ်တင်းကို ကျပ် ၆၄၀ဝ၀-၆၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ တတိယပတ်မှာ ထောပတ်ပဲ ဈေး ပိုတက်လာပြီး ပဲတစ်တင်းကို ကျပ် ၆၆၅၀ဝ-၆၇၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၄၀ဝ ခန့် ရန်ကုန်တင်ပို့မှု ရှိခဲ့သည်။

Pages