Background
မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ လည်း လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့်ပစ္စည်းများကို ဒေသတွင်းမွေးမြူသည့် နွား၊ ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများ၌ တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။
ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအား အမြင့်ဆုံးဖြစ်သည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေးအတွက် အကောက်ခွန်အထွေထွ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်တွင်းဒူးရင်းဈေးကွက်တင်ပို့မှုကဏ္ဍတွင် တရုတ် နိုင်ငံ၏ ဒူးရင်းသီးဈေးကွက်ဝေစုရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာ့ဒူးရင်းသီး ဈေးကွက်အနေဖြင့် လက်ရှိတွင် ပြည်တွင်းစားသုံးမှုကို မှီခိုနေရခြင်းဖြစ်သော်လည်း လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင်အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
ဧပြီလ စတုတ္ထပတ်အတွင်း မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော ဆင်းဧကရီ-၃ ဆန်တစ်ပြည် ကျပ် ၄၀ဝ၀၊ ဆင်းဧကရီ-၃ ဆန်တစ်အိတ် ကျပ် ၉၆၀ဝ၀၊ ဧရာမင်းဆန် တစ်ပြည် ကျပ် ၆၅၀ဝ၊ ဧရာမင်းဆန်တစ်အိတ် ကျပ် ၁၃၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ကျပ် ၁၁၀ဝ ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၂၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်အပြင် နှစ်ရှည်သီးနှံအုပ်စုတွင် စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာကိုလည်း ပုသိမ်မြို့နယ်၊ ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းကားလမ်းဘေး ကျေးရွာများနှင့် ငပုတော၊ လပွတ္တာ၊ မြောင်းမြ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ် အပါအဝင် တိုင်းအတွင်း စုစုပေါင်း စိုက်ဧက ၃၆၂၇၅ ကျော် စိုက်ပျို
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြခန်း ပေါင်း ၁၀ဝ ကျော်ပါဝင်သည့် ပြည်ထောင်စုအဆင့် ြှနြ ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဇွန်လ စတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိ နေပြီး ဈေးနှုန်း တည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုပတ်တွင် (အပါချီ) တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀၊ ကြံ့အသစ်(အပြာ) တစ်အိတ်လျှင် ကျပ် ၂၄၃၅၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀၊ ကြံ့နှစ်ကောင်(အနီ) တစ်အိတ်လျှင် ကျပ် ၂၄၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
ပဲခူးတိုင်းဒေသကြီးတွင် ဇွန်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏတိုး မြှင့်ခြင်းအဖြစ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၆ သိန်း တိုးမြှင့်ဝင်ရောက်ခဲ့ကြောင်း ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅)မှ သိရသည်။
ယခု ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေး ငွေ ကျပ် ၆၈၈ ဘီလျံကျော် လျာထားပြီး ၂၀၂၅ မိုးရာသီတွင် ဧကပေါင်း ၃ ဒသမ ၇ သန်းကျော် အတွက် ကျပ်ဘီလီယံ ၅၄၀ ခန့် ထုတ်ချေးရန် လျာ ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
မေလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေကြေးဈေးကွက် ( (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာရောင်းချ ပေးမှု သန်း ၈၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးဈေးကွက် (FX Trading Platform) ) တွင် စက်သုံးဆီ လုပ်ငန်းရှင်များအား မေ ၆ ရက်တွင် အမေရိကန်ဒေါ်လာ ၃၃ သန်းနှင့် ထိုင်းဘတ် သန်း ၂၀ဝ အားလည်းကောင်း၊ မေ ၁၃ အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၆၇ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ အားလည်းကောင်း၊ မေ ၂၇ ရက်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀ အား အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။
