Main menu

Background

Monday, 10 Aug 2026

ကချင်ပြည်နယ်တွင် နာနတ်ကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းဒေသများတွင် ခြံများဖြင့် စီးပွားဖြစ်အများဆုံးစိုက်ပျိုးပြီး  အိမ်ခြံဝင်းများအတွင်း၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ 

Friday, 7 Aug 2026

ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ကောက်ရိုးမှိုစိုက်ပျိုးရောင်းဝယ်ရာတွင်  ဈေးကွက်ဖြစ်ထွန်းနေပြီး မိသားစုအပိုဝင်ငွေ တိုးပွားလျက်ရှိသည်။ ဘားအံမြို့ပေါ်နှင့် မြို့အနီးချုပ်စပ် ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းသည် စားသုံးသူဈေးကွက် ခိုင်မာမှုရှိခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း ပိုမိုဖြစ်ထွန်းအောင်မြင်လာကာ ဒေသခံပြည်သူများအတွက် မိသားစုအပိုဝင်ငွေရရှိစေသည့် အဓိကစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။ 

Friday, 7 Aug 2026

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင်  စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကို ၂၀၂၃ ခုနှစ်မှစ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။ 

Tuesday, 14 Jul 2026

ဟင်္သာတမြို့နယ်တွင် ရာသီပေါ်သီးနှံ နာနတ်ပင်များကို နိဗ္ဗာန်တိုက်နယ်၊  နိဗ္ဗာန်ကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နှစ်စဉ် နာနတ်စိုက်ဧက ၅၀ မှ ၆၀ ကြားစိုက်ပျိုးလျက်ရှိသည်။ 
တစ်ပင်လျှင် တစ်သီးသီးသော နာနတ်ပင်ကို  နှစ်စဉ်  မီုးဦးကျ ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်ခန့်တွင် အသီးစတင်သီးကာ နောက်နှစ်မေလလယ်ခန့်တွင်  အသီးခူးခြင်းကို ဆောင်ရွက်ကြသည်။ 

Monday, 13 Jul 2026

မြန်မာနိုင်ငံတွင် သရက်မျိုးစိတ်ပေါင်းများစွာရှိသည့်အနက်မှ အထင်အရှားဆုံးမျိုးစိတ်မှာ သရက်သီးဘုရင်နှင့် မိဖုရားဟု တင်စားခေါ်ဝေါ်ရလောက်သည်အထိ နာမည်ကြီးသည့် စိန်တလုံးနှင့် မြကျောက်သရက်သီးတို့ဖြစ်သည်။ မြန်မာ့ သရက်သီးဈေးကွက်၏ ဘုရင်ဖြစ်သော စိန်တလုံးသရက်မှာ  ဧပြီလနှင့်မေလကုန်တွင်  ရာသီကုန်ဆုံးသွားပြီး ဈေးကွက်ရှားပါးလာသည်။ ထိုအချိန်တွင်  မြန်မာ့သရက်၏ မိဖုရားဟု တင်စားခံရသည့် မြကျောက်သရက်သည် မေလဆန်းမှစ၍ ဇွန်လ၊ ဇူလိုင်လအထိ ပေါ်ထွက်သဖြင့် စိန်တလုံး အလွန် သရက်သီးဈေးကွက်၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည့် သစ်သီးဝလံတစ်ခုအဖြစ် ရပ်တည်လာပြီး ပြည်ပဈေးကွက်သို့ မြကျောက်သရက်အား ပိ

Monday, 13 Jul 2026

လိုက်ချီးပင်သည် အပူပိုင်း‌ဒေသတွင် ပေါက်‌ရောက်သောအပင်မျိုးဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်နှင့် ဖူကျန့်ပြည်နယ်မျိုးရိုးဇာတိဖြစ်သည်။ တရုတ်နိုင်ငံသည် လိုက်ချီးအဓိကစိုက်ပျိုးထုတ်လုပ်ရာနိုင်ငံဖြစ်ပြီး အိန္ဒိယနှင့် အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်နှင့် တောင်အာဖရိကရှိ နိုင်ငံများတွင်လည်း စိုက်ပျိုးထုတ်လုပ်ကြသည်။
မြန်မာနိုင်ငံတွင်လည်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ စစ်ကိုင်းတိုင်း‌ဒေသကြီးရှိ စစ်ကိုင်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။

Friday, 10 Jul 2026

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း ကျောက် ဆည်၊ မြစ်သားမြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးချည်မျှင်ရှည်ဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် ၁၀၅ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ဧက  ၅၀၊ မြစ်သားမြို့နယ်တွင် ၂၁၇၅ ဧက စိုက်ပျိုးထားရှိမှု စုစုပေါင်းစိုက်ပျိုးဧက ၂၃၃၀ စိုက်ပျိုးထားကြောင်း သိရသည်။ ဧပြီလနှင့် မေလများတွင် စတင်စိုက်ပျိုးကြပြီး ဇူလိုင်လနှင့် သြဂုတ်လများတွင် စတင် ထွက်ရှိသည်။     

Friday, 12 Jun 2026

ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသော မိချောင်းကွမ်းဖတ်မှာ ရာသီပေါ် တစ်နှစ်ခံပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံအနှံ့အပူပိုင်းဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသည်။ပုသိမ် ခရိုင်ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်အောက်ဘက်ရှိ ဟိုင်းကြီးကျွန်းနှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ငရုတ်ကောင်းမြို့နယ်ခွဲ ဝန်းကျင်ကျေးရွာများ၊ ပန်းတနော်၊ ကျောင်းကုန်းမြို့နယ်များရှိ ရေနက်ကွင်းများတွင် အလေ့ကျ  ပေါက်ရောက်လျက်ရှိသလို အချို့မြို့နယ်များတွင် ယခင်ကစီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း သိရသည်၊

Tuesday, 9 Jun 2026

မုံရွာမြို့မှလာလျှင် စစ်ကိုင်းမြို့အဝင် ကောင်းမှုတော်စေတီတော်ကြီးအလွန် မော်တော်ကားလမ်းဘေး တစ်ဖက်တစ်ချက်တွင် ဝယ်ချင့်စဖွယ် လက်ရာမျိုးစုံစွာ ကြိမ်ထည်ပစ္စည်းများကို ချိတ်ဆွဲခင်းကျင်းထားသည်ကို တွေ့ရသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည်ပစ္စည်းများက ဝယ်သူများကို ဆွဲဆောင်လျက်ရှိသည်။  မန္တလေးမြို့က လာမည်ဆိုလျှင် ငွေထည်လက်မှုအနုပညာလုပ်ငန်းနှင့် နာမည်ကြီးသော ရွာထောင်ရပ်ကွက် ငွေထည် အနု လက်ရာပစ္စည်း အရောင်းဆိုင်ကြီးများကို ဖြတ်ကျော်ပြီးနောက် ကောင်းမှုတော်စေတီတော်ကြီး မရောက်မီတွင် အဆိုပါကြိမ်ထည်ပစ္စည်းအရောင်းဆိုင်များကို တွေ့ကြရမည်ဖြစ်သည်။ စစ်ကိုင်းမြို့သည် မြန်မာ့အနုပညာလက်ရာကြိမ်ထ

Tuesday, 9 Jun 2026

ယခုအခါ ငွေနှင်းမှို (Oyster Mushroom) များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်လာကြသည်။ ငွေနှင်းမှိုသည် အာဟာရတန်ဖိုးမြင့်မားပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်သည့် အတွက် နေရာအနှံ့ စိုက်ပျိုးလာကြခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင်လည်း တောင်သူလေးဦးက ငွေနှင်းမှိုကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။ 

Pages