Main menu

Background

Tuesday, 4 Aug 2026

ရန်ကုန်မြို့တွင် ကျောင်းဖွင့်ရာသီကာလဖြစ်သည့်အားလျော်စွာ ကြက်ဥမှာ ကျောင်းသား/ ကျောင်းသူများ၏ ကျောင်းထမင်းဘူးများတွင် ဟင်းအဖြစ် အလွယ်တကူချက်ပြုတ်နိုင်သည့်အတွက် ကြက်ဥဝယ်လိုအား ရုတ်တရက် မြင့်မားလာပြီး ကြက်ဥများဈေးကွက်တွင် ရုတ်တရက် ဈေးမြင့်တက်မှုအပေါ် စိတ်ပူပန်ပြီး သတင်းမျိုးစုံ ပေါ်ပေါက်ရေးသားလာကြသည်ကို တွေ့ရှိရသည်။ 
သို့ရာတွင် ယခုအခါ ရပ်ကွက်ဈေး၊ စည်ပင်သာယာဈေးများနှင့်Supermarket များ ဖြစ်သည့် Ocean Hyper Market ၊ City Mart ၊ Capital Hyper Market ၊ G&G Store နှင့် City Express တို့၌ ကြက်ဥများအား လက်ရှိတွင် ပုံမှန်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ 

Tuesday, 4 Aug 2026

ပြည်တွင်း၌ နေ့စဉ်ကြက်ဥစားသုံးမှုအနေဖြင့် နံနက်စာ၊ ဟင်းလျာအပြင် မုန့်ထုတ်လုပ်ငန်းများတွင်လည်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။ ကြက်ဥထုတ်လုပ်မှုအနေဖြင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်အရ ကြက်ဥတစ်ပိဿာ ၂၆လုံးလျှင် ငွေကျပ် ၁၂၂၀ဝ ကုန်ကျသဖြင့် တစ်လုံးလျှင် ငွေကျပ် ၄၇၀ ဝန်းကျင် ကျသင့်လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

Tuesday, 14 Jul 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံစားသုံးသူများနှင့် ငါးလုပ်ငန်းရှင်များအကြား  မိုးဦးကျကာလ မြစ်ငါး၊ ချောင်းငါးနှင့် ဆည် ငါးများ ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာသော်လည်း ကုန်ကျစရိတ် မြင့်မားမှုများကြောင့် ငါးဈေးနှုန်းများမှာ ပြီးခဲ့သည့်လများထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

Tuesday, 14 Jul 2026

ပန်းအလှကို ပန်းထိမ်ဆရာပင် လက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်မနိုင်ပန်းသည် မိုးရာသီ၌ အဓိက ပွင့်လန်းတတ်သော ရေပန်းစားသည့် ပန်းတစ်မျိုးလည်းဖြစ်သည်။ ဇွန်လ ပထမပတ်မှစတင်၍  ဈေးကွက်တွင် ပေါ်ဦးပေါ်ဖျားအဖြစ်  ရောင်းချလျက်ရှိသည်။
မြန်မာလူမျိုးများအနေနှင့် ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင်ပါ တန်ဖိုးထား အလှဆင်သော ပန်းတစ်မျိုးလည်းဖြစ်သည်။ ပန်းထိမ်မနိုင်ပန်းသည် အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်နှင့် အဝါဖျော့ရောင်စသည့်အရောင်များစွာ ရှိတတ်ပါသည်။ ဘုရားပန်းအဖြစ် ရေရှည်ခံနိုင်ပြီး ကြည့်ရှုရသည်မှာလည်း နှစ်ထောင်းအားရစရာ ကောင်းလှသည်။ 

Friday, 12 Jun 2026

ကျိုက်ထိုမြို့နယ်သည် ပင်လယ်နှင့် နီးစပ်ပြီး မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသော ရေထွက်ကုန်များ အဓိကဝင်ရောက်ရာနေရာ ဖြစ်သောကြောင့် ငါးခြောက်ဈေးကွက်မှာ အခြားဒေသများထက် ပိုမိုစည်ကားသည်။
မေလသည် မိုးဦးကျကာလဖြစ်သဖြင့် ငါးခြောက်ဝယ်လိုအားမှာ ယခင်ထက် အနည်းငယ်မြင့်တက်လာသည်။ အထူးသဖြင့် ကျိုက်ထီးရိုးဘုရားဖူး ဧည့်သည်များအတွက် အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူမှုများပြားသောကြောင့် အရောင်းအဝယ် သွက်နေသည်။

Monday, 8 Jun 2026

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့အတွင်းရှိ အမရပူရမြို့နယ်သည်  စက်ရက်ကန်း၊ လက်ရက်ကန်းများဖြင့် ကျားဝတ်၊ မဝတ်ချည်ချောနှင့် ချည်ကြမ်းဖြင့်ရက်လုပ်သည့် လုံချည်များကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ 

Monday, 8 Jun 2026

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊ မြစ်သားမြို့နယ်များတွင်  ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးချဉ်မျှင်ရှည်ဝါများ ပန်းတိုင် အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည် မြို့နယ်တွင် ၁၀၅ ဧက၊  စဥ့်ကိုင်မြို့နယ်တွင် လေးဧက၊  မြစ်သားမြို့နယ်တွင် ၂၁၇၅ ဧက အစောစိုက်ပျိုးထားရှိမှု စုစုပေါင်း စိုက်ပျိုးဧက ၂၂၈၄ စိုက်ပျိုးထားကြောင်း သိရှိရသည်။

Saturday, 10 Jan 2026

အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၂၀ဝ ခန့် ဖန်တီး ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၄ ခုကိုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်း ခြောက်ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ငါးခု နှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင် မှုကဏ္ဍတို့မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Saturday, 10 Jan 2026

ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍမှ  ယခုနှစ်အတွင်း  နိုင်ငံ ခြားငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် ရရှိသည့် လုပ်ငန်း အဖြစ် ရပ်တည်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း(၁၀) နှစ်တာ မဟာဗျူဟာအစီအစဉ် (၂၀၂၅-၂၀၃၄) တွင် ဖော်ပြထားသည်။
လာမည့်ဆယ်စုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်းသည် လုပ်သားအင်အား ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၆ သန်းအထိ ခန့် ထားနိုင်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိ  လုပ်ငန်း အဖြစ် ကြီးထွားလာစေရေး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း MGMA)) က လျာထားဆောင်ရွက်လျက်ရှိသည်။

Pages