Main menu

Background

Tuesday, 3 Jun 2025

ဂျပန်နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်များတွင်ရောင်းချသည့် ပျမ်းမျှလက်လီဆန်‌‌ဈေးသည် မေလ သီတင်းပတ်အတွင်း  ၅ ကီလိုဂရမ်လျှင် ၄၂၈၅ ယန်း (၂၉ ဒသမ ၉၇ ဒေါ်လာခန့်) အထိ မြင့်တက်ခဲ့ကြောင်း မေ ၁၉ ရက်နေ့ကထုတ်ပြန်သော အချက် အလက်များအရ သိရသည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ယခင်တစ်ပတ်ကထက် ၁၇ ယန်းတိုးလာပြီး ၂၀၂၂ ခုနှစ် မတ်လမှစတင်ကာ အမြင့်ဆုံးဈေးဖြစ်သည်။  ဧပြီလနှင့်မေလကြားတွင် ခေတ္တမျှ ဈေးနှုန်းကျဆင်းခဲ့ပြီး ဈေးနှုန်းများဆက်လက်၍  ပြန်လည်မြင့်တက်ခဲ့သည်။ မတ်လ တွင် အစိုးရသည်အရန်ဆန်များကို လေလံတင်ရောင်းချနေသော်လည်း ဈေးကွက်ပေါက်ဈေးများ ကျဆင်းသွားခြင်းမရ

Tuesday, 4 Mar 2025

မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် လျာထားချက် ပြည့်မီကျော် လွန်စေရေးအတွက် လစဉ် နောက်ဆုံးရက်သတ္တပတ်တွင် ကုန်သွယ် မှုမြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေး အစည်းအဝေးကို ကျင်းပကာ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်း၍ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်လျက်ရှိ သည်။ 

Tuesday, 4 Mar 2025

မြဝတီကုန်သွယ်ရေးဇုန်၏ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၇၁၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၃ သန်း၊ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃ဒသမ ၆၅၄ သန်းဖြစ်ပြီး ယခင်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုညဒသမ၂၉၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၇၆ သန်း လျော့နည်းခဲ့ခြင်း ကြောင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၁ သန်း လျော့နည်းခဲ့ကြောင်းသိရသည်။ 

Tuesday, 7 May 2024

တာချီလိတ်ကုန်သွယ်ရေးစခန်း၏  ဧပြီ ၂၀  ရက်မှ ၂၆ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၅၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၂၀  သန်းဖြစ်သည်။

Tuesday, 7 May 2024

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၄ ခုနှစ် ဧပြီ ၂၀  ရက်မှ ၂၆ ရက်ထိ လုပ်ငန်း ဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀ဝ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ဖြစ်သည်။
အနီးစပ်ဆုံး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သွင်းကုန်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိသော်လည်း ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ 

Monday, 1 Apr 2024

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ် မတ် ၁၆ ရက်မှ ၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၉၈ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၈၆ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၈၄  သန်း ဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၃၅ သန်းလျော့နည်းပြီး သွင်းကုန် တွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၁ သန်း ပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၆၄ သန်း လျော့နည်းခဲ့သည်။ 

Monday, 1 Apr 2024

မြဝတီကုန်သွယ်ရေးဇုန် ၏ ၂၀၂၄ ခုနှစ် မတ် ၁၆  ရက်မှ ၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၀၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄၂၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈၂၉  သ န်းဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၄၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၅၇ သန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၀၁ သန်းပိုမိုခဲ့သည်။ 

Monday, 15 Jan 2024

တာချီလိတ်ကုန်သွယ်ရေးစခန်း ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၄ သန်း၊ သွင်းကုန်  တန်ဖိုး  အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၈၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၉၉ သန်းဖြစ်သည်။
ယခင်နှစ်ဘဏ္ဍာနှစ်ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၅၂၂ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆၉ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန် ဒေါ်လာ ၁ဒသမ ၆၄၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ 

Monday, 15 Jan 2024

ကော့သောင်း  ကုန်သွယ်ရေးစခန်း၏ ဒီဇင်ဘာလ အတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ဒဿမ ၅၇၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၁၇၀ သန်း ကုန်သွယ်မှုပမာဏအနေဖြင့်  တန်ဖိုး  အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၇၄၂ သန်းဖြစ်သည်။  
ကာလတူလုပ်ငန်းဆောင်ရွက်မှုနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၄ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၄ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅၈ သန်းပိုမိုခဲ့ကြောင်း သိရသည်။  

Monday, 15 Jan 2024

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆၉၉ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅၁၈ သန်း ဖြစ်သည်။
ယခင်နှစ်ဘဏ္ဍာနှစ် ကာလတူလုပ်ငန်းဆောင်ရွက်မှု နှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၅၂ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၃ ဒသမ ၂၃၇ သန်း လျော့နည်းခဲ့သောကြောင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁၈၉ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။  

Pages