Background
ကမ္ဘာ့ရေနံစိမ်းနှင့် ပဲပုပ်ဆီဈေးနှုန်းများကျဆင်းလာမှုကိုလိုက်၍ စားအုန်းဆီအနာဂတ်ဈေးနှုန်းများသည် တစ်လကျော်ကာလအတွင်း အဆိုးရွားဆုံးကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီး မလေးရှားရင်းဂစ်ငွေ မာလာခြင်းကလည်း ဝယ်လိုအားအတွက် အဟန့်အတားတစ်ခု ဖြစ်စေခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘော တူညီချက်ရရှိရန် တိုးတက်မှုများရှိလာပြီးနောက် ကမ္ဘာ့ရေနံစိမ်း စံနှုန်း ဖြစ်သော ရေနံစိမ်းဈေးသည် စစ်ပွဲကြောင့် တက်ခဲ့သမျှ ဈေးနှုန်းများ ပြန် လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (USDA) ၏ အစီရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်နိုင်မှုသည် ယခင်နှစ်တွင် ၄၆ ဒသမ ၇ သန်းရှိရာမှ ၂၀၂၆ -၂၀၂၇ ခုနှစ်အတွင်း ၃ ရာခိုင်နှုန်းထိ မြင့်တက်ကာ တန်ချိန် ၄၈ သန်း ထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆီစားသုံးမှုအများဆုံးဖြစ်ပြီး ကမ္ဘာ့ဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ကာ စားသုံးဆီ ဒုတိယအများဆုံး တင်သွင်းသူလည်းဖြစ်သည်။ ပဲပုပ်ဆီ၊ ပန်းမုန်ညင်းဆီ၊ ဆီအုန်းနှင့် မြေပဲဆီများသည် အသုံးအများဆုံး စားသုံးဆီများဖြစ်ပြီး အနောက်တိုင်းဆီနှင့် အဆီဟုခေါ်သော သံလွင်ဆီ၊ မာဂျရင်းနှင့် ထောပတ်တို့မှာ တရုတ်လူမျိုးများအကြား လူကြိုက်များလာလျက် ရှိသည်။
အရှေ့တောင်အာရှမှ အင်ဒိုနီး ရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ အပါ အဝင် အာရှနိုင်ငံ အများအပြားက စားအုန်းဆီ အထွက်တိုးရေးအတွက် လုံးပန်းနေကြသော်လည်း ပျိုးပင် ပေါက်များနှင့် မျိုးစေ့များ လိုအပ်နေ သည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။မျိုးစေ့ပြတ်လပ်မှုသည် စိုက်ပျိုး ရေးကဏ္ဍကို အရှိန်လျော့ကျစေနိုင်ပြီး ကုန်ထုတ်လုပ်မှုကိုလည်း အကန့် အသတ်ဖြစ်စေသည်။ အာရှဒေသမှ နိုင်ငံများသည် ချက်ပြုတ်ခြင်း၊ မုန့်ဖုတ် ခြင်းနှင့် အလှကုန်ပစ္စည်းများတွင် အသုံးပြုသည့် စားအုန်းဆီ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေပြီး ဈေးသက်သာမှုလည်း ရှိနေသည်။နိုင်ငံအများစုက ကိုဗစ်ဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့သော
အမေရိကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်မှုဘုတ် အဖွဲ့ တွင် ပဲပုပ်ဆီကြိုရောင်းဈေး မြင့်တက်လာမှုနှင့် အိန္ဒိယ နိုင်ငံမှ စားသုံးဆီတင်သွင်းမှုအတွက် အခွန်တိုးမြှင့်မည့် အစီ အမံတို့ကြောင့် တစ်လအတွင်း အနိမ့်ဆုံး ဈေးသို့ ကျဆင်းနေ သော မလေးရှား စားအုန်းဆီဈေးသည် လှုပ်ခတ်မှုများ ရှိလာ ကြောင်းသိရသည်။
ကမ္ဘာပေါ်တွင်စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ် လျက်ရှိသော မလေးရှားနိုင်ငံ၏ စားအုန်းဆီပြည်ပတင်ပို့မှု သည် ဇန်နဝါရီတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ထိုသို့ စားအုန်းဆီတင်ပို့မှုကျဆင်းကြောင်း ကိန်း ဂဏန်းအချက်အလက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဖေဖော် ဝါရီ ၂ ရက်က စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးမှာလည်း ကျဆင်းလာခဲ့သည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange)၏ ဧပြီတွင်ဖြန့်ဝေရန် ချုပ်ဆို သော ပဋိညာဉ်စာချုပ်အရ စားအုန်းဆီ၏အခြေခံ စံထား ဈေးနှုန်းမှာ ဖေဖော်ဝါရီ ၂ရက် နေ့လယ်ဈေးကွဲချိန်က တစ်တန် ကို ၂၄၇၂ ရင်းဂစ်(အမေရိကန်ဒေ ါ်လာ ၆၃၅ ဒသမ ၉၇) နှု
မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးကွက်၌ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဈေးများကျဆင်းလာခဲ့ သည်။ ယခုကဲ့သို့ ကျဆင်းခြင်းသည် လေးရက်မြောက်နေ့ အဖြစ် ကျဆင်းခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်း တွင် ဖော်ပြထားသည်။
စားအုန်းဆီကုန်သွယ်မှုပြုရာတွင်အသုံးပြုသည့် ရင်းဂစ် ငွေကြေးခိုင်မာနေမှုကြောင့် မလေးရှားစားအုန်းဆီ ဈေးနှုန်း များသည် ဒီဇင်ဘာ ၂၀ ရက်အထိ ဈေးကျဆင်းလျက်ရှိ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။ ရင်းဂစ်ငွေကြေးခိုင်မာမှုသည် အမေရိကန်ဒေါ်လာကို ကိုင်ဆောင်၍ ဝယ်ရောင်းပြုလုပ်သူများအတွက် စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက် ဈေးကွက်ပိတ်ချိန်တွင် သုည ဒသမ ၂ ရာခိုင်နှုန်းမြင့် တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၇၁၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ ယင်းပမာဏသည် ၁၄ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။
ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ ဖလှယ်နှုန်းများ မြင့်တက်လာမှုကြောင့် စားအုန်းဆီဈေးနှုန်းများလည်း ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ယင်းကဲ့သို့ ကျဆင်းမှုသည် လေးလကျော်အတွင်း ဆက်လက်ကျဆင်းခြင်းဖြစ်ေ ကြာင်း၊ စားအုန်းဆီ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက စတား အွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။စားအုန်းဆီကို ကုန်သွယ်မှုပြုနေသည့် ရင်းဂစ်ငွေကြေး တန်ဖိုးသည် ဒီဇင်ဘာလ ၅ ရက်က ဆက်လက်မြင့်တက်ခဲ့သ ည်။ သို့သော် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင်မူ ရင်းဂစ်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၆၆၀ ရင်းဂစ်ရှိ ခဲ့သည်။
ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ လဲလှယ်နှုန်းများ ပြန်လည်ကျဆင်းလာသဖြင့် မလေးရှားစားအုန်းဆီဈေးကွက် တွင် စားအုန်းဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။အမေရိကန်ဒေါ်လာနှင့် ရင်းဂစ်ငွေလဲနှုန်းသည် တစ် နှစ်တာအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီးနောက် နိုဝင် ဘာ ၂၉ ရက်က သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၈၇၅ ရင်းဂစ်ရှိခဲ့ သည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက် တိုဘာ ၂၃ ရက်ကတည်းကမြင့်တက်ခဲ့ရာ နိုဝင်ဘာ ၃၀ရက် ဈေးကွက်ပိတ်ချိန်တွင် ၁ ဒသမ ၆ ရာ ခိုင်နှုန်းမြင

_0.jpg?itok=5ZACMSxe)






