Background
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အတွင်း ရှိ အင်းလေးကန်ဒေသအနေဖြင့် ကမ္ဘာကျော်နာမည်ကြီးမှုနှင့် အတူ ဒေသတွင်း ဖောင်တော်ဦးစေတီ၊ ရိုးရာရက်ကန်းအလုပ် ရုံများ၊ ရေပေါ်ကျွန်းမျှောစိုက်ခင်းများ၊ ပန်းပဲ၊ ငွေပန်းထိမ် လုပ်ငန်းများရှိသည့်အတွက် ပြည်တွင်းနှင့် ပြည်ပ ခရီးသွား များ လာရောက်လည်ပတ်သည့် မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သည့်အတွက် ခရီးသွားများမှ ဒေသတွင်း ထုတ်ကုန်များဖြစ်သည့် ရိုးရာအဝတ်အထည်၊ချည်ထည်၊ ကြာ ထည်များကို အလုပ်ရုံများတွင် ရက်ကန်း ရက်လုပ်မှုအား ကိုယ်တိုင်လေ့လာ၍ ဝယ်ယူခြင်းများနှင့် မြန်မာနိုင်ငံ အနှံ့ ဈေးကွက်များ ပြည်ပအမှာရှိသည့် ဈေးကွက်များသို့လည်း တင်ပို့ရော
(ယခင်အပတ်မှအဆက်)
ထပ်ဆင့် ပျားအိမ်တင်ခြင်းနှင့် ပျားရည်ထုတ်လုပ်ခြင်း
ပျားရည်အမြောက်အမြားစုဆောင်းရန်အတွက် ပျားသလက်ဘောင် အလွတ်များထည့်ထားသော ပျားအိမ်အလွတ် စီစဉ်ပေးခြင်းကို ထပ်ဆင့် ပျားအိမ်တင်ခြင်းဟုခေါ်ပါသည်။ ထပ်ဆင့်ပျား အိမ်တင်ရာတွင် ထပ်ဆင့်ပျားအိမ်နိမ့် (Shallow Super) နှင့် ထပ်ဆင့်ပျားအိမ်မြင့် (Deep Super) ဟူ၍ နှစ်မျိုးရှိပါသည်။ ထပ်ဆင့်ပျားအိမ် တင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပျားရည်သိုလှောင်ခန်းရရှိခြင်း။
(ခ) ပျားများ သင်းခွဲထွက်မှု မဖြစ်ပေါ်နိုင် ခြင်း။
(ဂ) ပျားဘုရင်မ ဥအုရန်နေရာရရှိခြင်း။
(ဃ) ပေါက်ပြီး သားလောင်းဧရိယာတွင် ပျားရည်ဖြည့်ခြင်းဖြင့် သားလောင်း ဧရိယာ ကျဉ်းသွားခြင်း။
ဝတ်ရည်ပေါများသော အချိန်တွင် ထပ် ဆင့်ပျားအိမ်တင်ရမည့်အချိန်များမှာ သားပေါက် ခန်းရှိ နောက်ဆုံးပျားသလက်တွင် ဝတ်ရည်ဖြည့် သည့်အချိန်နှင့် ပျားသလက်ဘောင်အပေါ်တန်း၌ ပျားဖယောင်းအဖြူများ တွေ့ရှိရချိန်တို့ဖြစ်ပါသည်။ ထပ်ဆင့်ပျားအိမ်တင်ရန် ရက်အနည်းငယ် (သို့) တစ်ပတ်နှစ်ပတ်ခန့် နောက်ကျခဲ့ပါက ပျားရည် ထုတ်ပြီးကာလ၌ ပျားကောင်ရေနည်းပါးသော အင်အားနည်းပျားအုံအဖြစ် ကျန်ရှိတတ်ပြီး နောက်တစ်ကြိမ် အသစ်ထပ်တင်ပါက သား ပေါက်ခန်းနှင့် ကပ်လျက်နေရာတွင်သာ ထားရှိ ရမည်ဖြစ်ပါသည်။
ဝတ်ရည်မှည့်ခြင်း(Ripening of nector)
ပျားအုံအတွင်း၌ ပျားရည်ကို မရင့်မှည့်သော ပျားရည်နှင့် ရင့်မှည့်ပျားရည်ဟူ၍ နှစ်မျိုးတွေ့ရှိ နိုင်ပါသည်။ ဝတ်ရည်မှ ပျားရည်အဖြစ် ပြောင်းနေ ဆဲကာလရှိ ပျားဖယောင်းမအုပ်ရသေးသည့် ပျား ရည်ကို မရင့်မှည့်သော ပျားရည်ဟုသတ်မှတ်ပြီး ပျားရည်အဖြစ်ရောက်ရှိပါက ပျားဖယောင်းဖြင့် အုပ်ထားပြီးပါက ရင့်မှည့်ပျားရည်ဟု သတ်မှတ် ထားပါသည်။
ဝတ်ရည်မှ ပျားရည်အဖြစ်သို့ ပြောင်းလဲရာ တွင် ရုပ်ပြောင်းလဲမှုအပြင် ဓာတ်ပြောင်းလဲမှုလည်း ဖြစ်စေပါသည်။ ရုပ်ပြောင်းလဲမှုအနေဖြင့် ဝတ်ရည် တွင်ပါဝင်သော ရေခိုးရေငွေ့ပါဝင်မှု (Moisture Content) ကို ၁၇ရာခိုင်နှုန်းအထိ လျှော့ချပေးပါ သည်။ ဓာတ်ပြောင်းလဲမှုမှာ ဝတ်ရည်၌ အဓိက သကြားအဖြစ်ပါဝင်သော Sucrose ကို ၎င်းတို့၏ ကိုယ်ရှိ Inventive Enzyme အကူအညီဖြင့် Glucose (Fructose) သကြားအဖြစ် ဖြိုခွဲလိုက် ခြင်း ဖြစ်ပါသည်။
ထပ်ဆင့်ပျားအိမ်များ သိမ်းယူခြင်း
ထပ်ဆင့်ပျားအိမ်အတွင်းရှိ ပျားရည်များ ရင့်မှည့်ပျားရည် ဖြစ်လာသောအခါ၌ လည်း ကောင်း၊ ထပ်ဆင့်ပျားအိမ်ရှိ ပျားရည်ဘောင် တစ်ခုချင်း၏ ဧရိယာ 3/4 သည် ရင့်မှည့်ပျားရည် ဖြစ်လာသောအခါနှင့် စိုထိုင်းဆနည်းသော ဒေသ များ၌ ပျားရည်ဘောင်တစ်ခုချင်း၏ ဧရိယာထက် ဝက်ခန့်ရှိသောအခါ၌ လည်းကောင်း ထပ်ဆင့် အိမ်များကို သိမ်းယူရပါမည်။ ဝတ်ရည်ပေါများ သည့်ကာလ ကုန်ဆုံးသည်အထိ ထပ်ဆင့်ပျားအိမ် အတွင်းမှ ပျားရည်များပျားဖယောင်းဖြင့် မဖုံးသေး ပါက ရင့်မှည့်ပျားရည်မဖြစ်သေးပါက ၃-၄ ရက် ခန့် ဆက်ထားပေးရပါမည်။ သို့မဟုတ် ပျားရည်ကို ထုတ်ပြီး Humidity နည်းသောနေရာတွင် ထိန်း သိမ်းထားရပါမည်။
ပျားရည်ထုတ်လုပ်ခြင်း
ပျားရည်ဘောင်များမှ ပျားရည်ကို ထုတ်ယူ နိုင်ရန်အတွက် ရှေးဦးစွာ ပျားရည်ရှိသော ထပ်ဆင့် ပျားအိမ်များမှ ပျားများကို ဖယ်ရှားရပါမည်။ ပျား များကို ဖယ်ရှားရာ၌ (၁) ပျားခါဝက်မှင်ဘီး အသုံး ပြုခြင်း၊ (၂) ပျားလွတ်ကိရိယာကို အသုံးပြုခြင်း၊ (၃) ဓာတုဗေဒပစ္စည်းများ အသုံးပြုခြင်းနှင့် (၄) လေမှုတ်ကိရိယာကို အသုံးပြုခြင်း စသည့် နည်း လေးမျိုးကို အသုံးပြုကြပါသည်။ ပျားသလက် ဘောင်ပေါ်ရှိ ပျားများကို ပျားခါဝက်မှင်ဘီးနှင့် ခါချနိုင်သော်လည်း စီးပွားဖြစ် မွေးမြူရာတွင် အသုံးမဝင်ပါ။ ပျားလွတ်ကိရိယာကို သိမ်းယူမည့် ထပ်ဆင့်ပျားအိမ်၏အောက်ဘက်၌ ပျားအိမ်မယူမီ ၂၄ နာရီကြိုတင်ထားရပါမည်။ ဓာတုဗေဒပစ္စည်း များ အသုံးပြုဖယ်ရှားရာ၌ ပြင်ပအပူချိန် ၈၀-၁၀၀ ဒီဂရီဖာရင်ဟိုက်တွင် Diluted Prop ionic Anhydride ကို လည်းကောင်း၊ ပြင်ပအပူချိန် ၆၅-၈၀ ဒီဂရီဖာရင်ဟိုက်တွင် Ben Zoldehyde ကိုလည်းကောင်း အသုံးပြုပါမည်။ လေမှုတ်ကိရိ ယာမှာ လေဖိအား တစ်မိနစ်တွင် ၁၅၀၀ ကုဗပေ ရှိပြီး စီးပွားဖြစ်မွေးမြူရာတွင် အသုံးပြုကြပါသည်။ ထပ်ဆင့်ပျားအိမ်များစွာကို တစ်ပြိုင်တည်း လုပ် နိုင်၍ ပျားများထိခိုက်မှုနည်းပါသည်။
ပျားများကို ဖယ်ထုတ်ပြီးနောက် ပျားရည် များများထွက်လာစေရန် ပျားရည်ဘောင်မှ ပျား ဖယောင်းများကို စက်တွင်ထည့်၍ မလှည့်မီ ခွာပစ် ရပါမည်။ ပျားဖယောင်းခွာရာတွင် ပျားဖယောင်း လွှာဓား၊ ပျားဖယောင်းလွှာခက်ရင်းနှင့် အလို အလျောက် ပျားဖယောင်းလွှာစက်များကို အသုံးပြု နိုင်ပါသည်။ (ဆက်လက်ဖော်ပြပါမည်)
(ယခင်အပတ်မှ အဆက်)
အစာပေါများသည့် ရာသီနှင့် အစာပြတ်သောရာသီ (Dearth period)
မိုးရာသီဖြစ်ပါက မိုးရေမကျစေရန် အမိုး အောက်တွင်ထားခြင်း၊ နွေရာသီဖြစ်ပါက ပူပြင်း သော နေရောင်ခြည်မှ ကာကွယ်ထားခြင်းတို့ ပြု လုပ်ရမည်။ အစာရရှိမှုနည်းပါက သကြားရည် တိုက်ကျွေးရမည်။ မိုးတွင်းအခါ၌ သကြားရည် အချဉ်ပေါက်တတ်သဖြင့် နှစ်ရက်၊ သုံးရက်အတွင်း ကုန်နိုင်သော အတိုင်းအဆသာတိုက်ကျွေးရမည်။
(ယခင်အပတ်မှ အဆက်)
ပျားစာကျွေးခြင်း
(ယခင်တစ်ပတ်မှ အဆက်) ပျားအုံပြင်ဆင်ခြင်းနှင့် မျိုးပျားများ ထည့်သွင်းခြင်း ပျားအိမ် (အပြည့်အစုံ) အလွတ်တစ်လုံးတွင် ပျားသလက် ဘောင်အလွတ် (သို့) အခြေခံပျား ဖယောင်းတပ်ထားသော ဘောင်လေးခုထည့်၍ ဝင်ထွက်ပေါက်ကို ပိတ်ထားရပါမည်။ ရောဂါကင်း ရှင်းသော ပျားအုံမှ အစာဘောင်များထည့်သွင်း ပေးပါက ပို၍ကောင်းမွန်ပါသည်။ မျိုးပျားများကို ညနေပိုင်းတွင် ပျားအုံထဲသို့ ပြောင်းထည့်ပေးခြင်း ဖြင့် ပျားများအပြင်သို့ အချိန်ကြာမြင့်စွာ ပျံသန်းခွင့် မရနိုင်၍ အခြားပျားအိမ်သို့ အုံမှားဝင်ခြင်း နည်း စေပါသည်။ အေး၍လေတိုက်ခတ်မှုမရှိပါက ပို၍ကောင်းပါသည်။ မျိုးပျားအုံကိုဖွင့်လျှင် ပျားများ အပြင်သို့ အလွယ်တကူ မပျံသန်းနိုင်စေရန် ရေအေးဖြင့် သင့်တင့်ရုံပက်ဖျန်းပေးရပါမည်။ မျိုးပျား သေတ္တာ၏ အဖုံးကိုဖွင့်၍ လမ်းခရီး၌ ပျားစာ အတွက် ထည့်ပေးထားသော သကြားရည်ပုံးကို ထုတ်ယူရပါမည်။ ပျားဘုရင်မပါသော ပျားဘုရင်မ လှောင်အိမ်ကိုထုတ်၍ လှောင်အိမ်၌ ကပ်ပါလာသော လုပ်သားပျားများကို ထုတ်ပစ်ရပါသည်။ လိုအပ်ပါက သကြားခဲဖြည့်ပေးပြီး ပျားဘုရင်မ လှောင်အိမ်ကို ပြင်ဆင်ထားသော ပျားအုံအတွင်းသို့ အလယ်ပျားသလက်ဘောင် နှစ်ခုကြားတွင် သံဇကာမျက်နှာပြင်ကို အောက်ဘက်သို့ လှည့်၍ခိုင်မြဲစွာ ညှပ်ထားရပါမည်။ ပျားဖယောင်းအခြေခံ တပ်ထားသော ပျားသလက်ဘောင်များဖြင့် ပြင် ဆင်ထားပါက ပျားဘုရင်မလှောင်အိမ် ကျမသွား စေရန် သံနန်းကြိုးဖြင့် ချည်ထားရန်လိုပါသည်။ ပြီးလျှင် မျိုးပျားသေတ္တာမှ ပျားများကို ပျားအိမ်ထဲသို့ခါချရပါမည်။ ပျားအုံအသစ်အား အစာကျွေး ရန်လိုအပ်ပြီး အတွင်းဖုံး၊ အပြင်ဖုံးများကို ပိတ် ထားရပါမည်။ ဝင်ထွက်ပေါက်ကို ပျားနှစ်ကောင် ဝင်ထွက်နိုင်ရုံဖွင့်ပေး၍ မြက်ဖြင့် ပိတ်ဆို့ထားမည် ဖြစ်သည်။ မျိုးပျားအုံဖြင့် စတင်မွေးမြူခြင်း မျိုးပျားအုံများတွင် ပျားသားလောင်းဘောင် နှစ်ခုမှ သုံးခု၊ ပျားရည်ဘောင်နှင့် ဝတ်မှုန်ပါသော အစာဘောင်တို့ပါဝင်ပါသည်။ ပျားသလက်ဘောင်များတွင် လုပ်သားပျားများနှင့် မိတ်အောင်ပြီး ပျားဘုရင်မတစ်ကောင် ပါရှိပါသည်။ မျိုးပျားအုံများကို ပျားအိမ်တွင်းသို့ ပြောင်းထည့်ရန် ပျားအိမ်တစ်ခု ကို ဝင်ထွက်ပေါက်ပိတ်၍ အသင့်ပြင်ဆင်ထားရပြီး မွန်းလွှဲ၊ ညနေပိုင်းတွင် ပြောင်းရွှေ့ထည့်သွင်းရပါသည်။ မထည့်သွင်းမီမျိုးပျားအုံ၏ အပေါ်သံဆန် ခါမှတစ်ဆင့် သကြားရည် အနည်းငယ်ထုတ်ကျွေး ထားရပါမည်။ ပြီးပါက မျိုးပျားအုံကိုဖွင့်၍ ပျား ဘုရင်မလှောင်အိမ်ပါရှိသော ပျားသလက်ဘောင် ကိုထုတ်ယူ၍ ပျားအိမ်အသစ်တွင် ထည့်ပေးရပါ သည်။ မျိုးပျားအုံထဲတွင်ရှိသော ပျားသလက် ဘောင်များကိုလည်း အစီအစဉ်အလိုက် ပျားအိမ် အသစ်ထဲသို့ ပြောင်းထည့်ပေးရသည်။ပျားဘုရင်မ လှောင်အိမ်မှ လုပ်သားပျားများကို ဖယ်ထုတ်ပြီး ပျားဘုရင်မလှောင်အိမ်ကို သားလောင်းဘောင် နှစ်ခုကြားတွင် ညှပ်ထည့်ပေးရသည်။ မျိုးပျားအုံ အတွင်းရှိ ပျားသေများကို ထုတ်ပစ်ပြီး ကျန်ရှိသော ပျားများအား ခါချရပါမည်။ ပျားအုံများ ပြောင်းရွှေ့ပြီးပါက အစာကျွေး၍ အတွင်းဖုံး၊ အပြင်ဖုံး များဖြင့်ပိတ်ထားပြီးဝင်ထွက်ပေါက်ကိုသာ အနည်း ငယ်ဖွင့်ပေး၍ မြက်ဖြင့် ပိတ်ဆို့ထားရမည်။ မျိုး ပျားအုံထဲတွင် ပျားများကျန်ရှိနေသေးပါက ဝင်ထွက်ပေါက်ရှေ့တွင် ချထားပေးရမည်ဖြစ်ပါသည်။ ပျားမွေးမြူရေးဆိုင်ရာပစ္စည်းကိရိယာများ ပျားများကို ပျားအိမ်များဖြင့် မွေးမြူရန် အတွက် ပျားအိမ်အပြည့်အစုံတစ်ခု၌ ပါဝင်ရမည့် ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-(က) အောက်ခံပြား (22" x 16" x 3/8" or 7/8")(ခ) သားပေါက်ခန်း (20" x 16" x 9.5") (ဂ) ထပ်ဆင့်ပျားအိမ် (20" x 16" x 9.5") (20" x 16" x 5 5/8" )(ဃ) အတွင်းအဖုံး (20" X 16" X 3/8")(င) အပြင်အဖုံး (20" x 17" x 2") သစ်သားဘောင်များတွင်း ပျားဖယောင်း အခြေခံပြားကို တပ်ဆင်၍ ပျားအိမ်တွင်ထည့်ကာ ပျားသလက်ဘောင်များအဖြစ် အသုံးပြုရပါသည်။ ပျားသလက်ဘောင်တစ်ခု၏ အတိုင်းအတာမှာ အပေါ်တန်းအလျား18¾"၊ ဘောက်ဘက်တန်း အလျား 17 5/8" တို့ ဖြစ်ပြီး ဘေးဘောင်နှစ်ခုမှာ ထပ်ဆင့်ပျားအိမ်အနိမ့်အမြင့်ပေါ်မူတည်၍ အမြင့် 9 1/8" (သို့) 5 3/8" ရှိပါသည်။ ပျားဖယောင်း အခြေခံပြားမှာ ပျားတို့စစ်ထုတ်သော ဖယောင်း ဖြင့် ပြုလုပ်ထားပြီး ယင်းအခြေခံပြားပေါ်တွင် ဆဲလ်ကွက်များကို လုပ်သားပျားဆဲလ် အရွယ် အတိုင်း ဖောင်းကြွပြုလုပ်ထားကြသည်။ ပျား သလက်ဘောင်တွင်တပ်ရန် ပျားဖယောင်းအခြေခံပြား အရွယ်အစား (အလျား 16¾" နှင့် အနံ 8") ဖြစ်ပြီး အလေးချိန်အနေဖြင့် ၁ ပေါင်လျှင် အခြေခံပျားသလက် ရှစ်ချပ်ရရှိနိုင်ပါသည်။ ပျား မွေးမြူရေးအတွက် လိုအပ်သော အခြားပစ္စည်း များမှာ မီးခိုးမှုတ်ကိရိယာ၊ ပျားအိမ်ဖွင်.ကိရိယာ၊ ပျားခါ ဝက်မှင်ဘီး၊ ပျားကာမျက်နှာဖုံး၊ လက် အိတ်နှင့် ဝတ်စုံ၊ ပျားဘုရင်မတား ဆန်ကာတို့ဖြစ်၍ ပျားရည်ထုတ်ယူရာတွင် အသုံးပြုရသော ပစ္စည်းများမှာ ဖယောင်းလွှာဓား၊ ခက်ရင်း၊ ပျား ထွက်ကိရိယာ၊ လေမှုတ်ကိရိယာနှင့် ပျားရည် ထုတ်ကိရိယာတို့ ဖြစ်ကြပါသည်။ (ဆက်လက်ဖော်ပြပါမည်)
(ယခင်အပတ်မှ အဆက်) ပျားမွေးမြူရေးနည်းစနစ်များ ပျားမွေးမြူရာ၌ ပျားဘုရင်မ မွေးမြူထုတ်လုပ်ခြင်း၊ ပျားထီးများမွေးထုတ်ခြင်း၊ ပျားရည်ထုတ်လုပ်ခြင်း၊ ပျားအုံဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် မွေးမြူကြပါသည်။ ထိုသို့မွေး မြူကြရာတွင် ပျားများအတွက် အစာရရှိနိုင်မှု၊ ရာသီဥတုအခြေအနေ၊ မြေပြင်အခြေအနေ၊ မွေးမြူလိုသည့် ပျားအုံအရေအတွက်နှင့် မွေးမြူထုတ် လုပ်လိုသည့် ရည်ရွယ်ချက်များအပေါ် မူတည်၍ နည်းစနစ်ကိုရွေးချယ်လုပ်ကိုင်ရန် လိုအပ်ပါသည်။ မည်သည့်နည်းစနစ်မဆို ပျားအုံများအမြဲဖွံ့ဖြိုးတိုးတက်နေစေရန် ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ အဓိကအကျဆုံး ပျားမွေးမြူရေး နည်းလမ်းနှစ် သွယ်မှာ အခြေစိုက်မွေးမြူနည်းနှင့် ရွှေ့ပြောင်းမွေး မြူနည်းတို့ ဖြစ်ပါသည်။ အခြေစိုက်မွေးမြူခြင်း အခြေစိုက်မွေးမြူနည်းမှာ ပျားအုံများအား အသင့်လျော်ဆုံး နေရာများတွင် တစ်သမတ်တည်း စနစ်တကျအခိုင်အခန့် မွေးမြူထားခြင်းပင်ဖြစ်သည်။ အခြေစိုက်မွေးမြူရန်အတွက် လိုအပ်သော အချက်များမှာ- (၁) ပျားစာမပြတ်ရရှိရန် လိုအပ်ခြင်း။(၂) ပျားစခန်းအဆောက်အအုံ ကောင်းမွန် ခိုင်ခံ့စွာရှိရန် လိုအပ်ခြင်း။(၃) ဆက်သွယ်ရေးကောင်းမွန်ရန် လိုအပ်ခြင်း။(၄) သန့်ရှင်းသောရေ မပြတ်ရရှိရန် လိုအပ်ခြင်း။(၅) ပြည်သူလူထုအား လွယ်ကူစွာ ပညာပေး ပြသနိုင်မည့် နေရာဖြစ်ခြင်း။(၆) လေပြင်းဒဏ်မှ ကာကွယ်ပေးနိုင်မည့် နေရာဖြစ်ရန် လိုအပ်ခြင်း။(၇) ပျားများအတွက် အန္တရာယ်အမျိုးမျိုးမှ အတတ်နိုင်ဆုံးကင်းရှင်းစေ၍ လုံခြုံမှုရှိခြင်း။ ရွှေ့ပြောင်းမွေးမြူနည်း စီးပွားဖြစ်ပျားမွေးမြူသူများ ကျင့်သုံးသည့်နည်းနစ်ဖြစ်ပြီး ရာသီဥတုဆိုးဝါးမှုဒဏ်မှ ရှောင်ရှား လိုခြင်း၊ ပျားစာပြတ်လပ်မှုအခြေအနေမှ ကာကွယ်လိုခြင်း၊ ပျားရည်အမြောက်အမြားထုတ်ယူလိုခြင်း၊ သီးသန့်ပျားရည် အမျိုးအစားရယူလိုခြင်း (ဥပမာလိုင်ချီး ပျားရည်၊ နေကြာပျားရည်)၊ သီးနှံအထွက် တိုးစေရန်အတွက် ဝတ်မှုန်ကူးပေးစေလိုခြင်း စ သည့် ရည်ရွယ်ချက်များဖြင့် ရွှေ့ပြောင်းမွေးမြူကြပါသည်။ ရွှေ့ပြောင်းမွေးမြူခြင်းတွင် ခရီးတိုရွှေ့ ပြောင်းမွေးမြူခြင်းနှင့် ခရီးရှည် ရွှေ့ပြောင်းမွေး မြူခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ ခရီးတိုရွှေ့ပြောင်းမွေးမြူနည်း ပျားစခန်းမှ သုံးမိုင်အထက် ကွာဝေးသော မိမိမြို့နယ်အတွင်းရှိ နေရာများ၊ အများအားဖြင့် နေ့မကူးဘဲ ညတွင်းချင်း ပြောင်းရွှေ့ချထားနိုင် သည့် နေရာများသို့ ရွှေ့ပြောင်းခြင်းဖြစ်သည်။ ခရီးရှည်ရွှေ့ပြောင်းမွေးမြူနည်း မြို့နယ် (သို့) တိုင်းဒေသကြီး/ပြည်နယ် ဧရိယာမှကျော်လွန်သော ဒေသများသို့ ရွှေ့ပြောင်း မွေးမြူခြင်းဖြစ်သည်။ ဖြစ်နိုင်ပါက အနီးဆုံးနေရာ သို့ ရွှေ့ပြောင်းခြင်းသည် အကောင်းဆုံး၊ အကျိုးအရှိဆုံးပင်ဖြစ်ပါသည်။ ပျားစတင်မွေးမြူခြင်း ခေတ်မီပျားအိမ်များဖြင့် အုံသွင်းမွေးမြူ နိုင်သော ပျားမျိုးများမှာ ပြည်တွင်းရှိ ဒေသခံ သစ်ခေါင်းပျားမျိုးနှင့် ပျားမွေးမြူရေးဌာနတွင် မွေးမြူလျက်ရှိသည့် ဥရောပပျားမျိုးတို့ဖြစ်ပါသည်။ ပျားစတင်မွေးမြူမည်ဆိုပါက ပျားစာ ပေါများချိန် မတိုင်မီ ရှစ်ပတ်မှ ၁၂ ပတ်ခန့် ကြိုတင်၍ မွေးရန် လိုအပ်ပါသည်။ ပျားများအောင်မြင်စွာ မွေးမြူ နိုင်ရေးအတွက် လိုအပ်သည့် ပျားအုံအရေအတွက် မှာ တစ်ဧကလျှင် ပျားအင်အား ၁၀၀၀၀ ခန့်ရှိ ပျားအုံ တစ်အုံနှုန်းဖြစ်၍ ပျားများအတွက် သီးနှံ စိုက်ခင်းမှ ပျားစာ(ဝတ်ရည်/ဝတ်မှုန်) လုံလောက်စွာရရှိနိုင်သည့် ကာလတစ်လျှောက်လုံး နေရာချ ထား မွေးမြူနိုင်ပါသည်။ ပျားစာရရှိမှု နည်းပါးလာပါက ပေါများသည့်ဒေသသို့ ရွှေ့ပြောင်းမွေးမြူ ရန်လိုအပ်ပါသည်။ မွေးမြူထားသည့် ပျားအုံများ၌ ဦးဆောင်သော ပျားဘုရင်မသည် ဥအုနှုန်းကောင်း ပြီး ငယ်ရွယ်နုပျို ကျန်းမာသန်စွမ်းဖျတ်လတ်မှုရှိရန် လိုအပ်လှပါသည်။ ထို့အပြင် ပျားအုံအတွင်းပျား ရောဂါများကင်းစင်ကာ လုပ်သားများအင်အားမှာ အနည်းဆုံး ၇၀၀၀ နှင့်အထက်ရှိရန် လိုအပ်ပါ သည်။ မွေးမြူမည့်ပျားများကို မျိုးပျားများ ဝယ်ယူ ခြင်း၊ မျိုးပျားအုံများဝယ်ယူခြင်း၊ သင်းခွဲပျားများကို ဖမ်းယူခြင်း စသည့်နည်းများ ဖြင့် ရရှိနိုင်ပါသည် မျိုးပျားများဖြင့် စတင်မွေးမြူခြင်း မျိုးပျားများကို မှာယူပါက လုပ်သားပျားများနှင့် မိတ်အောင်ပြီး ပျားဘုရင်မတစ်ကောင်ပါရှိပါ သည်။ အလေးချိန်အားဖြင့် နှစ်ပေါင်မှ ငါးပေါင်အထိရှိသော မျိုးပျားများကို ဝယ်ယူရရှိနိုင်ပြီး အလေးချိန် တစ်ပေါင်လျင် ပျားကောင်ရေ ၃၅၀၀ ခန့် ပါရှိတတ်ပါသည်။ အလေးချိန် နှစ်ပေါင်ရှိသော မျိုးပျားများကို စီးပွားဖြစ်မွေးမြူသူများက အရေအတွက်များစွာ မှာယူကြပါသည်။ ထိုအလေးချိန်မှာ နည်း၍ ပျားကောင်ရေနည်းသော်လည်း အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိပါက ပျားအုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သုံးပေါင်အလေးချိန်ရှိသော မျိုးပျားများကို ဝါသနာအရ ပျားမွေးမြူသူများနှင့် ပျားစတင် မွေးမြူသူများက မှာယူကြပါသည်။ လေးပေါင်နှင့် ငါးပေါင်အလေးချိန်ရှိပျားများမှာ ဝတ်မှုန်ကူးရန် အသုံးပြုမည့် သူများအတွက် ဖြစ်ပြီး အလေးချိန်ရှိ ပျားကောင်ရေ အများအပြားရှိသောကြောင့် ဝတ်မှုန်ကူးသည့်အချိန်ပြီးပါက ပျားအုံအင်အားကို ထိန်းသိမ်းရန် မလိုတော့ပါ။ (ဆက်လက်ဖော်ပြပါမည်)
ဆန်တွင်မလိုလားအပ်သည့် ထူးခြားသော အရည်အသွေး ဖြစ်ပြီးဆန်၏တန်ဖိုးကို၂၅ရာခိုင်နှုန်းအထိ တန်ဖိုးလျော့ကျစေနိုင် သည့် မြေဖြူရောင်ဆန် သို့မဟုတ် ဗိုက်ဖြူဆန်ဖြစ်ပေါ်စေသည့် အကြောင်းအချက်နှင့်စပ်လျဉ်း၍ အရေးပါသော မျိုးဗီဇ အချက် အလက်ကိုဖိလစ်ပိုင်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေ သနဌာန (IRRI) က စတင်တွေ့ရှိခဲ့ကြောင်း၊ ဤတွေ့ရှိချက်သည် မြေဖြူရောင် ဆန်ကင်းသည့် အရည်အသွေးမြင့်မားသော ဆန်ထုတ် လုပ်မှုကို ဦးဆောင်သွားနိုင်မှာဖြစ်ကြောင်း၊ ထိုသို့သော ဆန်ထုတ်လုပ်နိုင်ပါက ဆန်ထွက်ရှိမှုမြင့်မားလာကာ တစ်နည်းဆိုသော် လယ်သမားများ အတွက် ပိုမိုကောင်းမွန်သော အကျိုးများဖြစ်ထွန်း လာမှာ ဖြစ်ကြောင်းကို (IRRI) ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဆန်တွင်မြေဖြူကဲ့သို့သော အဖြူရောင်အလင်းပိတ် အစိတ်အပိုင်း များပါရှိနေခြင်းသည် ကြိတ်ခွဲသည့်အခါ ကျိုးကျေမှု အခွင့်အလမ်း ပိုမိုများပြားစေပါတယ်။ ဆန်ထွက်ရှိမှုကို လျော့နည်း စေပြီး ဆန်အဆင့် အတန်းအရည်အသွေးကို တန်ဖိုးဖြတ်ကြရာတွင် အဆင့်ကျကာ ဈေးမရဖြစ်စေပါတယ်။ ဆန်စေ့တွင် မြေဖြူရောင် ဖြစ်စေသည့် အကြောင်းအချက်နှစ်ခုရှိကြောင်း၊ မျိုးဗီဇနှင့် ပတ်ဝန်း ကျင်ကြောင့် ဖြစ်ရကြောင်းကို (IRRI)၏ သီးနှံအရည်အသွေးနှင့် အာဟာရသုတေသနဌာန အကြီးအကဲ Dr. Melissa Fitzgerald က ရှင်းလင်းပြော ကြားခဲ့ပါတယ်။ လယ်သမားများအနေဖြင့် ဆန်၏ မျိုးဗီဇအကြောင်း မသိရှိမဖြေနိုင်သလို သဘာဝပတ်ဝန်းကျင်ကို လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ သေချာတာတစ်ခု ကတော့ လယ်သမားများသည် ယင်းတို့၏ သီးနှံစေ့များကြည်လင် ပြီး စားသုံးသူများကို စွဲမက်ဖွယ်ဖြစ်ရအောင် ဆွဲဆောင်ထိန်းသိမ်း ထားရှိနိုင်မှုကိုမူ လိုလားကြပါတယ်။ ဒါမှသာ ယင်းတို့စိုက်ခင်းမှ အကျိုးအမြတ် ပိုရမှာဖြစ်ပါ တယ်။ ယခုအချိန်အထိ ဆန်စပါးဆိုင်ရာ သိပ္ပံပညာရှင်များဟာ ဆန်တွင် မြေဖြူရောင်ဖြစ်စေသည့် မျိုးဗီဇ ဘယ်နေရာမှာ ရှိနေသည်ကို မသိရှိကြကြောင်း၊Dr. Fitzgerald က အခိုင်အမာ ပြောကြားခဲ့ပါတယ်။Dr. Fitzgerald သည် ဆန်တွင် မြေဖြူရောင်ဖြစ်စေသော အကြောင်းအရာကို နားလည် သိရှိရန် ၁၅ နှစ်ကျော် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ယင်း အကြောင်းရင်းကိုသိရှိပါက မြေဖြူရောင်ဆန် ကင်းသော စပါးမျိုး များကို ဖန်တီးနိုင်မည့်နည်းလမ်းကို လျှောက်လှမ်း နိုင်မှာဖြစ်ပါတယ်။ ယခုအခါ အမှန်တကယ် မြေဖြူရောင်နည်းစွာ ပါဝင်သော စီးပွားဖြစ် ဆန်အမျိုးအစား အနည်းငယ်သာရှိပြီး ယခုတွေ့ရှိချက်သည် တိုးတက်မှုရရှိရန် အကူအညီဖြစ်စေနိုင်ကြောင်း၊ ဆက်လက်ပြော ကြားခဲ့ ပါတယ်။ အဆိုပါ Dr. Fitzgerald ၏ သုတေသနအဖွဲ့တွင် ပါရဂူဘွဲ့လွန်သုတေသန လုပ်ဖော်ကိုင်ဖက်တစ်ဦး အပါအဝင် ငါးဦး ပါရှိကာ ကွဲပြားခြားနားသော မြေဖြူရောင်ဂုဏ် သတ္တိများပါရှိသည့် ဆန်အမျိုးအစားများစွာကို စမ်းသပ် လုပ်ဆောင်လျက် ရှိပါတယ်။ ကွဲပြားခြားနားသော ပတ်ဝန်းကျင်တစ်ခုစီ၌ စိုက်ပျိုးထားသော နိုင်ငံ ရှစ်နိုင်ငံရှိ စမ်းသပ်ကွင်းများမှ ၂၀၁၀ ခုနှစ်အတွင်း ရရှိလာသော အဆုံးအဖြတ်ပေးရန် ကိန်းဂဏန်းအချက်အလက်များ ရရှိနေပြီး ဆန်အုပ်စုသုံးခု၏ အဖြေရလဒ်များဖြစ်ကြောင်း၊ အမြဲ လိုလိုပင် မြေဖြူရောင်ဆန်ဖြစ်ပေါ်မှုမြင့်မားသောဆန်၊ ပတ်ဝန်းကျင် အခြေအနေ ပေါ်မူတည်၍ မြေဖြူရောင် ပြောင်းလဲဖြစ်ပေါ်သော ဆန်နှင့် မြေဖြူရောင်ဖြစ်မှု လွန်စွာနည်းသော ဆန်တို့ဖြစ်ပါတယ်။ မြေဖြူရောင်ဖြစ်မှုလွန်စွာနည်းသော ဆန်များကို ဆက်လက်ဓာတ်ခွဲ စမ်းသပ်သွားမှာဖြစ်ပြီး ယင်းစမ်းသပ်မှုမှ သိပ္ပံပညာရှင်များသည် မြေဖြူရောင်ဖြစ်ပေါ်စေသည့် မျိုးဗီဇ သို့မဟုတ် မျိုးဗီဇတည်ရှိ သည့်အဓိကအစိတ်အပိုင်းကို ခွဲခြားသိရှိ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ယင်းအစိတ်အပိုင်းကို တွေ့ရှိခြင်းသည် IRRI သိပ္ပံပညာရှင်များအတွက် ထူးခြားသောမြေဖြူရောင်ဖြစ်စေသည့် မျိုးဗီဇ အတိအကျ ဖော်ထုတ်နိုင်မှုမှတစ်ဆင့် ဆက်လက်လုပ်ဆောင်နိုင်မှု များအတွက် အားဖြစ်စေပါတယ်။ မြေဖြူရောင်ကင်းသည့် ဆန်မျိုး သစ်များပေါ် ပေါက်လာရန်အတွက် ကွဲပြားခြားနား သောမျိုးပွားသည့် နည်းလမ်းများ လုပ်ဆောင်ဖို့တွန်းအားပေးရန် အဆိုပါအဖွဲ့သည် မြေဖြူ ရောင်လွန်စွာနည်းသောဆန်ကို ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။ ယင်းသည်ပင် လယ်သမား များကို အထောက်အကူ ဖြစ်စေနိုင်မှာဖြစ်ပြီး၊ လယ်သမားများအနေ ဖြင့် ရိတ်သိမ်းသည့်စပါးတွင် စားသုံး နိုင်သော ဆန်ပမာဏ ပိုမိုများပြား လာခြင်း၊ အရည်အသွေးပိုမိုမြင့်မားသော ဆန်များ ထုတ်လုပ်လာနိုင် ခြင်း၊ အမြတ်အစွန်းပိုမိုလာခြင်းနှင့် အရည်အသွေး ပိုမိုကောင်းမွန် သည့် ဆန်များစားသုံးသူထံသို့ ရောက်ရှိစေခြင်းတို့ ဖြစ်လာမှာဖြစ်ပါကြောင်း သိရှိရပါတယ်။ EX-PTAC,http://www.fnb news.com/
မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့် သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ပါသည်။ ကျေးလက်ဒေသနေ အခြေခံလူတန်းစားများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမှာလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လုပ်ငန်းကြီး (၈) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်များဖြစ်သော အရင်းအနှီး၊ နည်းပညာတို့ကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်မြို့နယ်များအလိုက် တာဝန်ခံများထားရှိ ကာ အားနည်းချက်၊ လိုအပ်ချက်များအား ရှာဖွေ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးရန် အခြေခံကောင်းများ ပေါများ သော မြန်မာနိုင်ငံ၏ နေရာဒေသ အနှံ့အပြား၌ သီးနှံစိုက်ခင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးအောင် မြင်လျက်ရှိရာ ၎င်းတို့အပေါ်တွင် အခြေပြုလုပ်ကိုင်နိုင်သော ပျားမွေးမြူရေး လုပ်ငန်းမှာ ကျေး လက်ဒေသ နေရာအနှံ့အပြား၌ အောင်မြင်လျက်ရှိ သော ကုန်ထုတ်လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ပျားမွေးမြူရေးလုပ်ငန်းကို မိသားစုအလိုက် တစ် နိုင်တစ်ပိုင်မွေးမြူနိုင်သကဲ့သို့ စီးပွားဖြစ် နိုင်ငံခြား သို့ တင်ပို့ရောင်းချနိုင်သည်အထိ မွေးမြူထုတ်လုပ် လုပ်ကိုင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများအတွက် ပျားမွေးမြူရေး လုပ်ငန်းအကြောင်း တစေ့တစောင်း သိရှိနိုင်ရန် ရေးသားရခြင်းဖြစ်ပါသည်။ တစ်ပိုင်တစ်နိုင် မွေးမြူလိုသူများအတွက် ကိုယ်ပိုင်စိုက်ခင်း ခြံမြေနှင့် အိမ်နီးချင်းများ၏ စိုက်ခင်းခြံများတွင် မွေးမြူနိုင်သော်လည်း စီးပွားဖြစ် မွေးမြူလိုသူများအတွက်မူ ကွင်းတစ်ဆက် တည်း စိုက်ဧက ၅၀ နှင့်အထက်ရှိသည့် စိုက်ခင်းရှိ ရန်လိုအပ်ပါသည်။ နေကြာ၊ နှမ်း၊ ဝါ၊ ဆီး၊ ပန်းနှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန်၊ မုန်ညင်း၊ မုန်လာ စသည့်သီးနှံစိုက်ခင်းများ၊ အုန်း၊ လိုင်ချီး၊ လိမ္မော်၊ ရှောက်၊ သံပုရာ၊ ကျွဲကော၊ သစ်တော်၊ မက်မန်း၊ ချယ်ရီ၊ ပန်းသီး စသည့် သစ်သီးခြံများ၊ ရော်ဘာ၊ လဲမှို့၊ ယူကလစ်၊ ရှား၊ လက်ပံ၊ ကံ့ကော်၊ အင်ကြင်း စသည့်သစ်ပင်များရှိရာ ဒေသများတွင် မွေးမြူနိုင်ပါသည်။ ပျားမွေးမြူရန် ပျားစခန်းနေရာ ရွေးချယ်ခြင်း ပျားများသည် ပျားစာဖြစ်သည့် ဝတ်ရည်နှင့် ဝတ်မှုန်လုံလောက်စွာရရှိနိုင်သော နေရာများ တွင် အသက်ရှင်ရပ်တည်နိုင်သော်လည်း ပျားမွေးမြူရေး လုပ်ငန်းအတွက် ပျားအုံများထားရှိရန် ပျားစခန်း ရွေးချယ်ရာ၌ အစာလုံလောက်မှုရှိရုံသာမက လမ်း ပန်းဆက်သွယ်မှုကောင်းမွန်ရန် အထူးလိုအပ်ပါသည်။ ပျားစာများ တစ်နှစ်ပတ်လုံး ရရှိနိုင်သော် လည်း ပျားအုံများရွှေ့ပြောင်းမွေးမြူခြင်း၊ ပျားထွက် ပစ္စည်းများ စုဆောင်းသိမ်းယူခြင်းတို့အတွက် လမ်း ပန်းဆက်သွယ်မှု မကောင်းပါက အကျိုးရှိသင့်သ လောက် မရရှိနိုင်ပါ။ ပျားစခန်းနေရာ ရွေးချယ် ရာတွင် အောက်ပါအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည် မြေအနေအထား ခြောက်သွေ့သောနေရာ ဖြစ်ရပါမည်။ လူသွားလမ်းနှင့် မနီးသော လူနှင့် တိရစ္ဆာန်များ မနှောင့်ယှက်နိုင်သောနေရာဖြစ်ရပါမည်။ သဘာ၀ ပျားစာများ ရှားပါးချိန်တွင် ပျားစာပင်များ စိုက်ပျိုး နိုင်သော အခြေအနေရှိရပါမည်။ ရာသီဥတု အအေးပိုင်း ရာသီဥတုတွင်ဖြစ်စေ၊ အပူပိုင်း သဲကန္တာရတွင်ဖြစ်စေ မွေးမြူနိုင်သော်လည်း စီးပွား ဖြစ်မွေးမြူရန်အတွက် သင့်လျော်သော ရာသီဥတု ရှိရပါမည်။ အပူချိန် ပြင်ပအပူချိန်သည် သားလောင်းပေါက်ပွားသည့် အပူချိန် (34ºC-35ºC) အောက် မနည်း သင့်ပါ။ နည်းပါက ရောဂါပိုးများ အလွယ်တကူ ပေါက်ဖွားနိုင်ခြင်း၊ အစာရှာ အထွက်နည်းခြင်းတို့ ဖြစ်လာနိုင်သည်။ သားလောင်းဧရိယာတွင် (46 ºC) သာရှိပါက သားလောင်းပေါက်ပွားမှုလျော့နည်း၍ ပျားအုံ အင်အား ကျဆင်းလာနိုင်သည်။ အပူချိန်မြင့်လွန်း ပါက ပျားအင်အားကျဆင်းခြင်းနှင့် ပျားရည် အထွက်နည်းခြင်း ဖြစ်စေပါသည်။ မိုးရေချိန် သင့်လျော်သော မိုးရွာသွန်းမှုရှိရပါမည်။ စိုထိုင်းဆ စိုထိုင်းဆရာခိုင်နှုန်းမြင့်တက်လာသည်နှင့်အမျှ ပျားရည်တွင် ရေပါဝင်မှုနှုန်း တက်လာပါသည်။ စိုထိုင်းဆ ၅၈% ထက်ကျော်လျှင် ပျားရည်အချဉ်ပေါက်နိုင်ပါသည်။ ပျားအုံ တွင်း၌ စိုထိုင်းဆအနည်းဆုံး ၂၀ရာခိုင်နှုန်းမှ အများဆုံး ၈၀ ရာခိုင်နှုန်းထိရှိနိုင်ပြီး သားလောင်းဧရိယာတွင် ၃၅ရာခိုင်နှုန်း၊ ၄၅ ရာခိုင်နှုန်း ရှိနိုင်ပါသည်။ လေတိုက်ခက်မှုအခြေအနေ ပျားများ၏ အစာဖြင့် ပျံသန်းနှုန်းမှာ ပျမ်းမျှအားဖြင့် ၁၆.၈ မိုင်ခန့်ရှိ၍ လေတိုက်ခတ်နှုန်း ရှစ်မိုင်ထက်ပိုပါက ပျားများသည် မြေပြင်နှင့်ကပ်၍ ပျံသန်းလေ့ရှိပါသည်။ ရာသီ အလိုက် လေတိုက်နှုန်းပြောင်းလဲမှုများကို လေ့လာမှတ်သား ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။ ပျားစာပင်အခြေအနေ အပင်အမျိုးအစားပေါ်မူတည်၍ ပျားအုံတစ်အုံလျှင် ပျားစာပင် တစ်ဧကမှ ၃၀ ဧက အထိလိုအပ်ပြီး ပျားစခန်းနှင့် ပျားစာပင်အကွာအဝေးသည် တစ်မိုင်ခွဲအတွင်း ရှိသင့်ပေသည်။ အခြေစိုက်ပျားမွေးမြူရေးစခန်းတွင် သဘာ၀ ပျားစာ မရရှိနိုင်သော အချိန်များ၌ ပျားစာပင်များကို စခန်းဝန်းကျင်၌ စိုက်ပျိုးပေးရပါသည်။ ပျားစာမပျက်စေရန် ဆုတ်/တက် စိုက် ပျိုးရေးစနစ်ကို အသုံးပြုရမည်။ (ဆက်လက်ဖော်ပြပါမည်။)
ယခင်အပတ်က မြန်မာနိုင်ငံမှာ ပေါင်းဆန် စတင်ထုတ်လုပ်တင်ပို့ခဲ့မှုများနဲ့ ကမ္ဘာ့ပေါင်းဆန်ဈေးကွက် အများဆုံးရယူထားတဲ့ နိုင်ငံများ အကြောင်းကို ဖော်ပြပေးခဲ့ပါတယ်။ ဒီအပတ်မှာတော့ ပေါင်းစပါးပြုလုပ်ခြင်း အခြေခံနဲ့ ပေါင်းစပါး ပြုလုပ်ခြင်း အားသာ ချက်၊ အားနည်းချက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။