Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:52 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

ပြည်ဈေးကွက်တွင် မတ်ပဲ(သစ်)အဝင်လှိုင်၊
ပဲစင်းငုံနီ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်

    ပြည်ဈေးကွက်မှာ မတ်ပဲ(သစ်)တွေ ပန်းတောင်း၊ ပေါက် ခေါင်းနှင့် ကံမဘက်မှ နေ့စဉ်အိတ် ၂၀၀ ကျော်  ဝင်ရောက်လာ သလို  ရန်ကုန်ဝယ်လက်ကလည်း ဝင်လာသမျှ  ပဲသစ်တွေကို အရည် အသွေးအပေါ် မူတည်ပြီး ဈေးကော င်းပေးအဝယ်ရှိခဲ့ ကြောင်းသိရပါတယ်။ အရောင်းအဝယ်အနေဖြင့် မတ်ပဲ  တစ် ပိဿာ ၁၄၀၀ ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)  ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)အနေဖြင့် နယ်စုံမှ တစ်ရက်ကို အိတ် ၈၀၀ ခန့်ဝင်ရောက်ခဲ့သလို ရန်ကုန်ဝယ်လက်နှင့် နယ်ဝယ်လက်အဝယ်ဆုံ လို့ ဈေးမြင့်လာပြီး တစ်ပိဿာ ၁၃၀၅ ကျပ်  (တစ်တန်ကို ၇၉၉၁၆၈ ကျပ်)ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါ တယ်။