Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီ အိန္ဒိယ အဆွဲသွက်လို့ ဈေးမြောက်လာ

Thu, 02/26/2015 - 20:43 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

ဘုရင့်နောင်ဈေးကွက်မှာ  ဒီတစ်ပတ်မတ်ပဲ  (RC)  ကို အိန္ဒိယဝယ်လက်က ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ကျပ် ၈၄၆၀၀၀ ဈေးဖြင့် ဈေးဖွင့်အဝယ်ရှိရာက နောက်ပိုင်းရက်တွေမှာ အိန္ဒိယဘက်က ဈေးပိုပေးပြီး အဝယ်ရှိသလို ဝယ်လိုအားပါသွက် လာတာကြောင့် ဈေးတရိပ်ရိပ်မြင့်တက်လာပြီး ဈေးကွက်ပိတ် ချိန်မှာတော့ တစ်တန်ကို ၈၇၀၀၀၀ ကျပ်ဈေးအထိ ဈေးထပ်မံ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲအနေဖြင့် ယခင်နှစ်က တစ်တန်ကို ၆၀၀၀၀၀ ကျပ်ဝန်းကျင်ခန့်သာ  ဈေးရခဲ့ကြောင်း၊ ဒီနှစ်မှာတော့ အိန္ဒိယဘက်မှ ဈေးပေးအဝယ်ရှိတာကြောင့် တစ် တန်ကို ကျပ် ၈၇၀၀၀၀ ဈေးအထိဈေးကောင်းရခဲ့ကြောင်း ဈေး ကွက်အတွင်းမှ သိရပါတယ်။ ပဲစင်းငုံနီ  (RC) အနေဖြင့် ဘုရင့် နောင်ဈေးကွက်မှာ  အိန္ဒိယဝယ်လက်ရဲ့ ဝယ်လိုအားသွက်လာ တာကြောင့် ယခင်တစ်ပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးသိသာစွာမြင့် လာပြီး တစ်တန်ကို ၉၃၈၀၀၀ ကျပ်ဈေးအထိဈေးကောင်းရရှိ ခဲ့သလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ပိုများလာကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်)အနေဖြင့် ဒီနှစ်မှာ ရာသီဥတု ကြောင့် အထွက်လျော့နေတာကို အိတ်စပို့ဝယ်လက်တွေက ဈေး ကွက်မှာ အပြိုင်အဆိုင် ဝယ်ယူမှုတွေရှိတာကြောင့် ယခုလိုဈေး တွေမြင့်တက်လာတာလို့  ဘုရင့်နောင်အခြေစိုက်  ပဲကုန်သည် တစ်ဦးက သုံးသပ်ပြောဆိုကြောင်း သိရပါတယ်။