Main menu

Background

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်က ဝယ်လိုအားသွက်နေ

Mon, 03/23/2015 - 21:36 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီအနေဖြင့် ရောင်းသူကုန် သည်တွေထံမှာ  ပစ္စည်းလက်ကျန်နည်းနေပေမယ့် နထစသမအ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကတော့ ဝယ်လိုအား သွက်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ် ပိဿာကို ၁၄၉၀ ကျပ် (တစ်တန်ကို ၉၁၂၄၆၁ ကျပ်)ဈေးဖြင့်  တစ်ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ အနေဖြင့် ဒီနှစ်မှာရာသီဥတုမမှန်လို့ အထွက်နှုန်းလျော့ကျခဲ့ပေ မယ့် ဈေးကောင်းရနေကြောင်း မြို့ခံကုန်သည်တစ်ဦးက ပြောပါ တယ်။