Main menu

Background

ပြည်ဈေးကွက်မှာ ပဲစင်းငုံနီ ရန်ကုန်အဝယ်သွက်၊ ကုလားပဲ(သစ်) အဝင်များလို့ ဈေးကျ

Mon, 03/23/2015 - 21:37 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဆွဲ သွက်တာကြောင့် ယခင်တစ်ပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးမြင့်လာ ပြီး တစ်ပိဿာ ၁၄၇၅ ကျပ် (တစ်တန်ကို ၉၀၃၂၇၅ ကျပ်)ဈေး ဖြင့် တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်သစ်)ကတော့ ဈေးကွက်သို့ တစ် ရက်ကို အိတ် ၆၀၀ ခန့် အဝင်ရှိလို့ ဝင်ရောက်မှုပမာဏ များလာ တယ်လို့ ဆိုရမှာပါ။ ဈေးကွက်ထဲဝင်လာတဲ့ ကုလားပဲ(သစ်)တွေ ကိုတော့ မြို့ခံပဲခွဲစက်တွေက ပုံမှန်အဝယ်ရှိခဲ့ပေမယ့် ဈေးကွက် သို့ ပစ္စည်းအဝင်လှိုင်လာတာကြောင့် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာ ၈၉၅ ကျပ်  (တစ်တန်ကို ၅၄၈၀၈၉ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။