Main menu

Background

ရာဘာ နှင့် ပဲပုတ်ဈေးတက်ပြီး ရေထွက်ကုန်နှင့်မတ်ပဲဈေးကျလာသည့် မော်လမြိုင်ကုန်စည်ဒိုင်

Tue, 10/27/2020 - 14:37 -- journal_editor

၂၀၂၀ အောက်တိုဘာ ၂၆ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၈၀(ပြင်ပပေါက်ဈေး-၈၀၀ကျပ်)၊ ၁၀၈ ပေါင် (ဆန်သား၉၀%) ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၀၅၀၀၊ ပေါ်ကျွဲ ကျပ် ၃၃၅၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၆၇၀၀၊ ပဲလွန်းဖြူ ကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီး အဖြူရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ (အလတ်စ)ဈေးနှုန်းမှာ ငါးဒန် ကျပ် ၂၃၀၀၊ ငါးမြစ်ချင်း ကျပ် ၃၀၀၀၊ ငါးဖားမ ကျပ် ၂၃၀၀၊ တီလားဗီးရား ကျပ် ၃၃၀၀၊ ငါးပုတ်သင် ကျပ် ၄၅၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၆၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၀၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုဇွန်ပျော့ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀၊ ဂဏန်း(ပန်း) ကျပ် ၇၀၀၀ မှ ၉၀၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ရာဘာတစ်ပေါင်(၃၀)ကျပ်နှင့် ပဲမျိုးစုံမှ ပဲပုတ် တစ်တင်း(၁၀၀၀)ကျပ် ဈေးမြင့်တက်နေပြီး မတ်ပဲတစ်တင်း(၁၉၀၀)ကျပ်နှင့် ရေထွက်ကုန်များ ဈေးကျနေကြောင်း၊ ဆန်နှင့်သစ်သီးဝလံများ ဈေးနှုန်းတည်ငြိမ်နေကြောင်း မော်လမြိုင်ကုန်စည် ဒိုင်မှ သတင်းရရှိပါသည်။

 

  ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန