Main menu

Background

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

Thu, 11/12/2020 - 14:27 -- journal_editor

မော်လမြိုင်မြို့၏ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာဒုတိယပတ်တွင် ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်း စပါး(အဟောင်း) တင်း (၁၀၀)လျှင် ကျပ် ၉၀၀၀၀၀ ၊ ပေါ်ဆန်း (ဆန်အဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၃၇၅၀၀၊ ဧည့်မထ(စပါးအဟောင်း) တင်း(၁၀၀) ကျပ်၆၈၀၀၀၀ ၊ ဧည့်မထ (ဆန်)(အဟောင်း) ၂၄ ပြည်ပါ တစ်အိတ် ကျပ်၂၆၀၀၀ ၊ စားအုန်းဆီ တစ်ပိဿာ ကျပ်၂၂၀၀၊ မြေပဲဆီ တစ်ပိဿာကျပ်၉၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ်၁၀၀၀၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ ကျပ်၃၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာ ကျပ်၃၀၀၀၊ မန်ကျည်းမှည့် တစ်ပိဿာ ကျပ်၅၀၀၀၊ ငရုတ်ခြောက် တစ်ပိဿာ ကျပ်၅၀၀၀၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ ကျပ်၅၀၀၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ်၂၂၀၀၊ မြေပဲဆံ တစ်ပိဿာကျပ်၃၁၅၀၊ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ်၁၀၀၀၊ မွေးမြူရေးကြက်သား တစ်ပိဿာ ကျပ်၆၀၀၀၊ဝက်သားတစ်ပိဿာကျပ်၁၀၀၀၀၊ ဆိတ်သားတစ်ပိဿာ ကျပ်၂၅၀၀၀၊ အမဲသား တစ်ပိဿာကျပ်၁၂၀၀၀၊ ငါးကြင်း တစ်ပိဿာ ကျပ်၁၀၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ်၇၅၀၀၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် ကျပ် ၁၅၀/၂၂၀ ၊ ရာဘာ RSS-3 တစ်ပေါင်လျှင်ကျပ် ၇၃၀ ၊ ရွှေ ၁၆’ ကျပ်၁၂၉၈၀၀၀၊ ရွှေ ၁၅’ ကျပ်၁၂၀၀၀၀၀၊ ရွှေ ၁၄’ ကျပ်၁၁၀၀၀၀၊ ဓာတ်ဆီ တစ်ဂါလံ ကျပ်၂၉၄၇၊  ဒီဇယ် တစ်ဂါလံ ကျပ်၂၆၃၂  ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

                    ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အခြေခံစားကုန် ဈေးနှုန်းများဈေးငြိမ်လျှက်ရှိပြီး  စက်သုံးဆီဈေးနှုန်းများအနည်းငယ်တက်လာကြောင်းတွေ့ရှိရပါသည်။

 

 

ငြိမ်းမြတ်ကျော် ( မွန် )