Main menu

Background

တင်ပို့မှုလျော့နည်းပြီးဈေးပိုလာသောနှမ်း

Thu, 10/22/2020 - 15:51 -- journal_editor

ယခုအပတ် အောက်တိုဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၆၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၇၅၄၂ ဒသမ ၆၇ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သော နိုင်ငံများမှာ ၃ နိုင်ငံရှိပြီး ထိုင်း၊ စင်္ကာပူ နှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။
    အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၉၂ ဒသမ ၉၆၊ တန်ဖိုး ၁၂၂၉၄၃ ဒသမ ၂၉၊ အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး တန်ချိန် ၃၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၆၀၀ ဖြစ်ကြောင်းသိရသည်။
    ယခင်အပတ် နှမ်းတင်ပို့မှုမှာ တန်ချိန် ၃၈၂ ဒသမ ၉၁၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၃၆၉၉၁ ဖြစ်သောကြောင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၁၅ ဒသမ ၉၁၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၉၄၄၈ ဒသမ ၃၃ လျော့နည်းတင်ပို့ခဲ့ကြောင်းသိရသည်၊။
    နှမ်းတစ်တန်ဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၁၄၀၂ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၁၄၂၂ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၀ ပိုမိုရရှိခဲ့ကြောင်းသိရသည်။
                
                                        စန်းစန်းမော်