Main menu

Background

ယခုတစ်ပတ်ဓာတ်ဆီ/ဒီဇယ် တန်ချိန် ၁၀၀၀၀၀ ကျော်တင်သွင်း

Wed, 10/28/2020 - 14:32 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၉၀၀၂၆၀၂ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၈၆၆၈၃ ဒသမ ၂၂ တန်နှင့် အမေရိကန်ဒေါ်လာ ၅၁၄၇၀၆၈ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၄၅၀၅ ဒသမ ၀၅ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၀၁၁၈၈ ဒသမ ၂၇ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခင် သီတင်းပတ် က ဒီဇယ်တင်သွင်းခဲ့ခြင်းမရှိခဲ့ဘဲ ယခုတစ်ပတ်မှပြန်လည် တင်သွင်း ခြင်းဖြစ်ကြောင်း သိရသည်။  ယခင်သီတင်းပတ်က ဓာတ်ဆီ ၂၃၉၅၅ ဒသမ ၅၁ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၉၄၁၇ ဒသမ ၄၆ တန်  တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

သီတာဝင်း(MOC)