Main menu

Background

နို့ဆီတန်ချိန် ၂၀၀ ကျော်နှင့် နို့စိမ်းတန်ချိန် ၅၀၀ ကျော်တင်သွင်း

Wed, 10/28/2020 - 14:33 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၂၂၁၈ တန်ဖိုးရှိ နို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဒွန်းနို့ဆီတစ်မျိုးတည်းသာတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ ၄၃၇ ဒသမ ၇၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၁၈ဒသမ ၈၈ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

          အမေရိကန်ဒေါ်လာ ၁၄၈၉၀၃၀ တန်ဖိုးရှိ နို့မှုန့် ၅၀၄ ဒသမ ၄၀ တန်ကို တင်သွင်းခဲ့ သည်။ ယခင်သီတင်းပတ်က တင်သွင်းမှုပျောက်ခဲ့ပြီးယခုတစ်ပတ်မှ ပြန်လည် တင်သွင်း ခဲ့ခြင်းဖြစ်သည်။

သီတာဝင်း(MOC)