Main menu

Background

ယခုတစ်ပတ်မြေသြဇာအ၀င်လျော့

Wed, 10/28/2020 - 14:34 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၀၆၆၈၄၆ တန်ဖိုးရှိမြေသြဇာ ၂၄၇၈၂ ဒသမ ၉၃ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ကနေဒါနိုင်ငံမှ တန်ချိန် ၁၅၀၀၊ တရုတ်နိုင်ငံမှ ၁၇၂၇၃ ဒသမ ၅ တန်၊ အီဂျစ်နိုင်ငံမှတန်ချိန် ၄၂၀၊ အီရန်နိုင်ငံမှ ၁၀၇၅ တန်၊ ဂျပန်နိုင်ငံမှ ၂၀၄ ဒသမ ၇၂ တန်၊ ကိုရီးယားနိုင်ငံမှ ၂၂၆၂ ဒသမ ၂၁ တန်၊ မလေးရှားနိုင်ငံမှ ၆၄၆ ဒသမ ၇၃ တန်၊ ရုရှားနိုင်ငံမှတန်ချိန် ၇၀၀၊ တိုင်၀မ်နိုင်ငံမှ တန်ချိန် ၈၀၊ ထိုင်းနိုင်ငံမှ ၂၈၅ ဒသမ ၇၇ တန်နှင့် ဗီယက်နမ်နိုင်ငံမှ ၃၃၅ တန်တင်သွင်းခဲ့ကြောင်းသိရသည်။

          တင်သွင်းခဲ့သည့်အမျိုးအစားများမှာပိုတက်(မာကိုတာ)၊ ဖလော်ရာ(စတား၀မ်း)၊ ယူရီးယား(၄၆%)(ကုလားအုပ်)၊ ဖလော်ရာ(ပွင့်သီးမြိုင်)၊ အမိုးနီးယားဆာလဖိတ်(ရာဇာ) (ပင်သန်မြေသန်)၊ ယူရီးယား(စုစံ)၊ ယူရီးယား(Grow Up)၊ အော်ဂဲနစ်(ဂျန်ကီ)၊ ကွန်ပေါင်း(၁၅:၁၅:၁၅)၊ ကောမတ်၊ ယူရီးယား(ဂိုလ်းတန်းဖလားဝါး)၊ ကွန်ပေါင်း (ရွှေမြေသီး)၊ ကွန်ပေါင်း(နွားခေါင်း)နှင့် အော်ဂဲနစ်(Vedagro)တို့ဖြစ်သည်။ ယခင် သီတင်းပတ်က မြေသြဇာတန်ချိန် ၂၆၂၆၂ ဒသမ ၁၆၄ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၁၄၇၉ ဒသမ ၂၃ တန် တင်သွင်းမှုလျော့နည်း ခဲ့ကြောင်း သိရသည်။

သီတာဝင်း(MOC)