Main menu

Background

နနွင်းတန်ချိန်၁၀၀ ကျော်တင်ပို့

Wed, 10/28/2020 - 14:35 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း နနွင်း ၁၁၈ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က နနွင်း၈၆ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ၃၂ ဒသမ ၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန် အမေရိကန်ဒေါ်လာ ၈၂၀ ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၆၅၆၅ ဒေါ်လာ ရရှိခဲ့သည်။

သီတာဝင်း(MOC)