Main menu

Background

ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတန်ချိန်သုံးသောင်းကျော်တင်ပို့

Wed, 10/28/2020 - 16:01 -- journal_editor

အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးအနေဖြင့် မူဆယ် (၁၀၅)မိုင် ဇုန်မှ ဆန်တန်ချိန် ၈၆၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀ ကျော်စုစုပေါင်း တန်ချိန် ၈၆၀၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅၇ သန်း တင်ပို့ခဲ့ကြောင်း သိရပါသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

          ယခုတစ်ပတ် ဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈၀ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၈၀၀ ကျော်ကြောင်းသိရှိရသည်။ တင်ပို့မှုများမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၃၄၀၀ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲ တန်ချိန် ၁၄၀ ခန့်နှင့် ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၃၅၀ ခန့် တင်ပို့နိုင်ခဲ့ပါသည်။ ယခင်တစ်ပတ် တင်ပို့မှုများနှင့် နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၅၀၀ ကျော် ပိုမိုခဲ့ပါသည်။

          အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၀၀၀/- ခန့်တင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။

          တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၄၄၀ ခန့်နှင့် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၆၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တင်ပို့မှု တန်ချိန် ၃၅၀၀ ကျော်ပိုမိုပါသည်။

          ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅၁ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၇၉၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။

          တင်ပို့မှုများမှာ အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၄၈၀ ခန့်နှင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၅၀၀ ကျော် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၉၀၀ ကျော်ပိုမိုခဲ့ပါသည်။

          ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်း တန်ချိန် ၃၀၃၀၀ ကျော်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉၈၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။

        အေးအေးသန်း