Main menu

Background

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Thu, 11/12/2020 - 15:00 -- journal_editor

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်းနှင့် မြေပဲ များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏ သည် ၁၂၇၀၃၃၈ ကန်ဒေါ် လာ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏမှာ ၄၂၉၄၇၄၁ ဒဿမ ၈၇၃ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၅၅၆၅၀၇၉ ဒဿမ ၈၇၃ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ဓါတ်မြေသြဇာ၊ လေးဘီးလယ်ထွန်စက်၊ သံပိုက်၊ လမ်း အမှတ်အသားပြု သုတ်ဆေးနှင့် ချည်ထည် တို့ဖြစ်ပါသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ  ၇၁၈၀၁၅ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၅၄၄၃၀ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်း ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၇၂၄၄၅ တင်သွင်းမှုရှိခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့အထိ တစ်ဖက်နိုင်ငံတရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၀၈ ယွမ်၊ ဆန်ပျော့ တစ်အိတ်လျှင် ၁၂၆ ယွမ်ဈေးနှင့် စေ့ထုတ်ပြောင်း တစ်အိတ်လျှင် ၇၆ ယွမ်ဈေးပေါက်လျက်ရှိပြီး၊ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀ဝ လျှင် တရုတ်ယွမ် သုည ဒဿမ ၅၂၅ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၁၉၀ ကျပ် ရှိကြောင်းသိရှိရပါသည်။

 

          (ဌေးလှိုင်)

  မနောမြေကုန်သွယ်မှုဗဟိုဌာန