အတွဲ(၁၅)အမှတ်(၈)
ယခုရက်သတ္တပတ်အတွင်း ထုတ် ပြန်တဲ့စာရင်းဇယားတွေအရ စီးပွားရေး အားနည်းနေတာတွေ့ရပြီး ဂျပန်နိုင်ငံ စီးပွားရေးနာလန်ထူမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် စီးပွားရေးလှုံ့ ဆော်မှုစီမံကိန်းသစ် ပြဋ္ဌာန်းရေးကိစ္စ ကို ဗဟိုဘဏ်ကဖေဖာ်ဝါရီ ၁၈ ရက်က ဆက်လက်ထိန်းထားကြောင်း အေအက်ဖ် ပီသတင်းမှာဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံရဲ့ စီးပွားရေး နာလန် ထူ မှုကအထိုက်အလျောက်ကောင်းမွန် တဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုနှုန်း ထပ်မံလျော့ကျ ဖို့မျှော်လင့်နေဆဲဖြစ်ကြောင်း နှစ်ရက် ကြာကျင်းပခဲ့တဲ့ ဗဟိုဘဏ်အစည်း အဝေးအပြီးမှာ မူဝါဒရေးဆွဲသူတွေက ပြောပါတယ်။ ဒါကြောင့် ဂျပန်ဗဟို ဘဏ်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ရည် မှန်းချက်ပြည့်ဝဖို့ အလှမ်းဝေးနေသေး တယ်လို့ ခန့်မှန်းကြပါတယ်။ ဂျပန်ဗဟို ဘဏ်ကငွေကြေးလှုံ့ဆော်မှုအစီအစဉ် ကိုမပြောင်းလဲဘဲ ဆက်ထိန်းထားလိမ့် မယ်လို့ဆိုတာကို လူတိုင်းက ခန့်မှန်း ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွား ရေးဖွံ့ဖြိုးမှု အားနည်းနေတဲ့အတွက် ဂျပန်ဗဟိုဘဏ်က ယခုနှစ်အကုန် လောက်မှနောက်ထပ် စီးပွားရေးလှုံ့ ဆော်မှုအစီအစဉ်ကို ဆောင်ရွက်ဖို့လို လိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က ထုတ် ပြန်တဲ့စာရင်းဇယားတွေအရ ဂျပန်နိုင်ငံ ရဲ့ စီးပွားရေးက ၂၀၁၄ ခုနှစ်နောက်ဆုံး သုံးလပတ်မှာ စီးပွားရေးဆုတ်ကပ်မှ လွတ်မြောက်ခဲ့ပြီဆိုတာကို တွေ့ရပါ တယ်။
ဉာဏ်တင်စုစည်းတင်ပြသည်