Main menu

Background

မလေးရှားဘဏ်ရဲ့ စတုတ္ထသုံးလပတ်ဝင်ငွေကျဆင်း

Tue, 02/24/2015 - 21:14 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

          ဘွန်းစာချုပ်တန်ဖိုးတွေကျဆင်းမှုကြောင့် ဘွန်းစာချုပ်တွေဝယ်ယူထားတဲ့ ဘဏ်တွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေ အရှုံးပေါ်ခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ် စတုတ္ထ သုံး လပတ်အတွက် မလေးရှားဘဏ်တွေရဲ့ဝင်ငွေတွေ ကျဆင်းခဲ့ကြောင်း စတားအွန် လိုင်းသတင်းမှာ  ဖော်ပြထားပါတယ်။ ယခုနှစ် ဇန်နဝါရီကစပြီး ဘွန်းစာချုပ်ဈေး နှုန်းတွေပြန်လည်မြင့်တက်လာခဲ့ပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ဘွန်း စာချုပ် ဈေးနှုန်းတွေ ကျဆင်းမှုက  စတုတ္ထသုံးလပတ်အတွက် ဘဏ်တွေရဲ့ဝင်ငွေကို ဂယက်ရိုက်ခတ်မှုဖြစ်စေခဲ့ကြောင်း   လေ့လာဆန်းစစ်ရေးမှူးတွေကStarBiz သတင်းဌာနကို ပြောပါတယ်။
အမြတ်အစွန်းကျဆင်းခြင်း၊  ချေးငွေဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ချေးငွေအတွက် ကုန်ကျစရိတ် မြင့်မားခြင်းနဲ့ ဈေးကွက်အတွင်း မတည်ရင်းနှီးငွေလုပ်ငန်းများ နှေး ကွေးမှုတို့ကြောင့် ဘဏ်တွေရဲ့ဝင်ငွေတွေ ဆက်လက်ကျဆင်းလိမ့်မယ်လို့ လေ့လာ ဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။ ဘွန်းစာချုပ် သို့မဟုတ်ပုံသေအတိုးနှုန်းသတ်မှတ် ထားတဲ့  အာမခံစာချုပ်စာတမ်းတွေမှာ ဘဏ်တွေရဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဘဏ် တစ်ခုချင်းရဲ့ရင်းနှီးမြှုပ်နှံမှုပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။
ဘဏ်တွေက သူတို့လက်ဝယ်မှာရှိတဲ့ ဘွန်းစာချုပ်တွေကို ဈေးကွက်ပေါက် ဈေးနဲ့သတ်မှတ်ပြီး အရှုံးအမြတ်ကို တွက်ချက်ကြမှာ ဖြစ်ပါတယ်။ ဘွန်း စာချုပ် ဈေးနှုန်းတွေက ၂၀၁၄ ခုနှစ် စတုတ္ထသုံးလပတ်ကတည်းက တန်ဖိုး တွေကျဆင်းထား တာဖြစ်တဲ့အတွက် ဘဏ်တွေရဲ့ရင်းနှီးမြှုပ်နှံမှုအစီအစဉ်မှာ အရှုံးပြပေးရတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ရေနံဈေးနှုန်းတွေ ကျဆင်းမှု၊ နိုင်ငံ ခြားငွေ တွေစီးထွက်မှုကြောင့် အစိုးရစာချုပ်စာတမ်းတွေ အပါအဝင် ဘွန်းစာချုပ် တွေ တန်ဖိုးကျခဲ့ပါတယ်။