Main menu

Background

ရက်သတ္တပတ်အတွင်း စီးပွားရေးသတင်းတိုများ

Tue, 02/24/2015 - 21:20 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

ဆန်ဖရန်စစ္စကို
၂၀၂၀ ပြည့်နှစ်ကို အစောဆုံး ရည်မှန်းချက်ထားပြီး လျှပ်စစ်မော် တော်ကား   ထုတ်လုပ်နိုင်ရေး အတွက် အမေရိကန်အက်ပဲလ် ကုမ္ပဏီက ဆောင်ရွက်လျက်ရှိရာ အဆိုပါရည်မှန်းချက်  အကောင် အထည်ဖော်ရေးအတွက် လူ ၂၀၀ ပါ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး စတင် ဆောင်ရွက်နေကြောင်း  ဘလွမ်း ဘတ်သတင်းမှာ   ဖော်ပြထားပါ တယ်။
ဘရပ်ဆဲလ်/အေသင်
    ဂရိနိုင်ငံက အရေးတကြီးလို အပ်နေတဲ့နောက်ထပ်ထောက်ပံ့ ငွေကြေးများ  ရရှိနိုင်ရေးအတွက် ယူရိုဇုန် ဘဏ္ဍာရေးဝန်ကြီးများက ဖေဖော်ဝါရီ ၂၀ ရက်မှာ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပေမယ့် ဂရိပြဿနာ ဖြေရှင်းရေးအတွက် လာမယ့်သီ တင်းပတ်မှာ အရေးပေါ်ထိပ်သီး ဆွေးနွေးပွဲ   ကျင်းပဖို့လိုမှာဖြစ် ကြောင်း ရိုက်တာသတင်းမှာ ဖော် ပြပါတယ်။
နာဂိုယာ
    ဂျပန်နိုင်ငံ မစ်ဆူဘီရှီအကြီး စားစက်မှုလုပ်ငန်းနဲ့ လက်အောက်ခံ မစ်ဆူဘီရှီ   လေကြောင်းကော်ပို ရေးရှင်းတို့က မစ်ဆူဘီရှီ ဒေသ တွင်း ဂျက်လေယာဉ်  (Mitsubishi Regional Jet)  လေယာဉ်ကို မေ ၂၉ ရက်မှာ စမ်းသပ်ပျံသန်းရန် စီစဉ် လျက်ရှိကြောင်း အဆာဟိသတင်း မှာ ဖော်ပြထားပါတယ်။
ဟနွိုင်း
    ယခုနှစ်မှာ ဗီယက်နမ်အထည် ချုပ်လုပ်ငန်းရဲ့ ပို့ကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၂၈ ဒသမ  ၃ ဘီလီယံထိမြှင့်တင်နိုင် ဖို့အတွက် အထည်ချုပ်ကဏ္ဍအနေနဲ့  ထုတ်လုပ်မှုကို ၂၀ရာခိုင်နှုန်း မြှင့် တင်သွားရန် ဆောင်ရွက်နေကြောင်း ဗီယက်နမ်အမျိုးသားချည်ထည်နဲ့ အထည်ချုပ်လုပ်ငန်း(Vinatex) ရဲ့ ညွှန်ကြားရေးမှူးချုပ် လေရှန်ထ ရောင်းရဲ့ ပြောကြားချက်ကို ကိုး ကားပြီး VNSသတင်းမှာ ဖော်ပြပါ တယ်။