Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 03/19/2015 - 21:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

           အမေရိကန်နိုင်ငံမှာ လက်လီအရောင်း တွေကျဆင်းပြီး လာမယ့်ရက်သတ္တပတ် မှာကျင်းပမယ့်  အမေရိကန်ဗဟိုဘဏ် မူဝါဒအစည်းအဝေးအတွက်   စောင့် ကြည့်လေ့လာနေကြပေမယ့်   အမေရိ ကန်ဒေါ်လာတန်ဖိုးက  ပြန်လည်ဦးမော့ လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် မတ် ၁၃ ရက်မှာ အာရှဒေသရှိ ငွေကြေး အများစု    တန်ဖိုးကျဆင်းလာတာကို တွေ့ရပါတယ်။
    အမေရိကန်   ပြည်ထောင်စုရဲ့ လက် လီရောင်းချမှုတွေ  ဖေဖော်ဝါရီလ အတွင်းမှာ မျှော်လင့်မထားလောက်တဲ့ အထိကျဆင်းခဲ့တဲ့အတွက် မတ်လ ၁၃ ရက်မနက်ပိုင်းက  ဒေါ်လာဈေးကျပြီး ဒေသတွင်းငွေကြေးတွေ  တန်ဖိုးမြင့် တက်ခဲ့ပါတယ်။  ဒီအခြေအနေကြောင့် အမေရိကန်ဗဟိုဘဏ်က   ဇွန်လမှာ အတိုးနှုန်းတွေမြှင့်တင်ပေးလိမ့်မယ်ဆို တဲ့မျှော်လင့်ချက်တွေကို လျော့ကျစေခဲ့ ပါတယ်။ လာမယ့် မတ် ၁၇ ရက်မှာ ကျင်းပမယ့်   အမေရိကန်ဗဟိုဘဏ်ရဲ့ နှစ်ရက်ကြာ  အစည်းအဝေးကို ဈေး ကွက်က    စောင့်ကြည့်နေတဲ့အတွက် ထွန်းသစ်စအာရှငွေကြေးတွေက ရင်း နှီးမြှုပ်နှံသူတွေအတွက်   မက်မော လောက်စရာ ဖြစ်မလာသေးပါဘူး။
    အာရှဘက်ကိုကြည့်ပါက အာရှ ဒေသရှိ ငွေကြေးအာဏာပိုင်အဖွဲ့တွေ က တိုးတက်နှုန်းနှေးကွေးနေတဲ့ စီးပွား ရေးနဲ့ငွေတန်ဖိုးကျုံ့နေတာကို ကုစားဖို့ အတွက် ငွေကြေးမူဝါဒတွေကို လျှော့ချ နေတာကို တွေ့ရပါတယ်။
    ကယ်တင်မှုချေးငွေပြန်လည်ပြင် ဆင်ရေးနဲ့  ပတ်သက်ပြီး ဂရိနဲ့ ဥရောပ မြီရှင်တို့ ဆွေးနွေးပွဲတွေသောင်မတင် ရေမကျဖြစ်နေတာကိုလည်း    ရင်းနှီး မြှုပ်နှံသူတွေက  စိတ်လှုပ်ရှားစွာ စောင့် ကြည့်နေကြပါတယ်။
တရုတ်ယွမ်
    ငွေကြေးတန်ဖိုး ကျဆင်းတာက စီးပွားရေးကို အထောက်အကူဖြစ်စေ တယ်ဆိုတဲ့အယူအဆကို တရုတ်ခေါင်း ဆောင်တွေက တိုက်ဖျက်မယ်လို့ ပြော ကြားခဲ့ပြီးနောက်ပိုင်း ဟောင်ကောင် မှာရောင်းဝယ်နေတဲ့   တရုတ်ယွမ်ရဲ့ တန်ဖိုးက သီတင်းပတ်အတွင်း  မြင့် တက်လာတာကို တွေ့ရပါတယ်။
    ယခု  ရက်သတ္တပတ်အတွင်းမှာ ယွမ်ငွေတန်ဖိုးက  ဟောင်ကောင်မှာ ညနေ ၄ နာရီ ၄၅ မိနစ်က သုည ဒသမ ၁၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၆ ဒသမ ၂၇၃၇ ယွမ်နှုန်းထိရောက် ရှိခဲ့ရာ ငါးရက်အတွင်း  တိုးတက်မှုက ဖေဖော်ဝါရီ ၆ ရက်နောက်ပိုင်း  အမြင့် ဆုံးဖြစ်ခဲ့ပါတယ်။
အိန္ဒိယရူပီး
    အိန္ဒိယပို့ကုန် လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေက အမေရိကန်ဒေါ်လာကို ရောင်းချမှု  များလာတဲ့အတွက် ဘဏ် အချင်းချင်း  နိုင်ငံခြားငွေဖလှယ်ရေး ဈေးကွက်မှာ မတ် ၁၃ ရက်က ဒေါ်လာ ရူပီးဖလှယ်နှုန်းက  တစ်ဒေါ်လာကို ၆၂ ဒသမ ၄၃ ရူပီးနှုန်းဖြစ်ပြီး သုည ဒသမ ၀၇ ရူပီးနှုန်း   မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းစတော့ဈေးကွက် မှာ အိန္ဒိယစတော့ရှယ်ယာတွေ  ဈေး နှုန်း မြင့်တက်မှုဟာလည်း ရူပီးတန်ဖိုး မြင့်တက်ဖို့   အထောက်အကူဖြစ်စေခဲ့ ပါတယ်။
ဂျပန်ယန်း    
    နယူးယောက်ဈေးကွက်မှာ ယူရို^ ဒေါ်လာဖလှယ်နှုန်းက   တစ်ယူရိုကို ၁ ဒသမ ၀၆၃၆ ဒေါ်လာနှုန်း   ရှိခဲ့ရာမှ တိုကျိုဈေးကွက်မှ  တစ်ယူရိုကို ၁ ဒသမ ၀၆၁၅ ဒေါ်လာနှုန်းထိ ယူရိုတန်ဖိုးကျ ဆင်းခဲ့ပါတယ်။ ယူရိုတန်ဖိုးက မတ်လ ၁၂ ရက်မှာ  တစ်ယူရိုကို ၁ ဒသမ ၀၅ အောက်ကျဆင်းပြီး ၁၂ နှစ်အတွင်းရှိခဲ့ တဲ့ဈေးတွေအနက် အနိမ့်ဆုံးဖြစ်ခဲ့ပါ တယ်။  ယန်းငွေနဲ့ ဖလှယ်ရာမှာ ယူရို တန်ဖိုးက  တစ်ယူရို ၁၂၉ ဒသမ ၀၀ ယန်းကနေ ၁၂၀ ဒသမ ၉၀ ယန်းကို ကျဆင်းခဲ့ပါတယ်။    ဒေါ်လာ/ယန်း ဖလှယ်နှုန်းက ၁၂၁ ဒသမ ၂၉ ယန်းက နေ ၁၂၁ ဒသမ ၄၂ ယန်းထိ ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
မလေးရှားရင်းဂစ်
    ရင်းဂစ်ငွေကြေးတန်ဖိုးကို ထူးထူး ခြားခြားလျှော့ချခံနေရတယ်လို့ ခံစားမိ ကြောင်း  ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက  ပြောကြားပြီးနောက်ပိုင်း   တန်ဖိုးကျ နေတဲ့ရင်းဂစ်တန်ဖိုးက ရက်သတ္တ နှစ် ပတ်အတွင်းရှိခဲ့တဲ့    ဖလှယ်နှုန်းများ အနက် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ရေနံ ဈေးနှုန်းများ     ကျဆင်းမှုကြောင့် မလေးရှားရင်းဂစ်တန်ဖိုးက လွန်ခဲ့တဲ့ ခြောက်လအတွင်း စွမ်းဆောင်မှုအညံ့ ဆုံးဖြစ်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက မတ်လ ၁၂ ရက်မှာ သုည ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၃ ဒသမ ၆၉၈၅ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
    တောင်ကိုရီးယား ဗဟိုဘဏ်က လစဉ်ကျင်းပတဲ့ မူဝါဒအစည်းအဝေးမှာ ဘဏ်ရဲ့     အခြေခံအတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်း     လျှော့ချပြီး ၁ ဒသမ ၇၅ ရာခိုင်နှုန်း သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။  ဗဟိုဘဏ်ကကြေ ညာချက်ထွက်လာပြီးနောက်ပိုင်း လနှစ် ဆယ်အတွင်း   ဖြစ်ပေါ်ခဲ့တဲ့ ဈေးများ   အနက် အနိမ့်ဆုံးရောက်နေရာမှ   ဝမ် ငွေကြေးတန်ဖိုးက   ပြန်လည်မြင့်တက် ခဲ့ပါတယ်။ ဝမ်ငွေကြေးတန်ဖိုးမတ် ၁၁ ရက်ဈေးပိတ်စဉ်က    တစ်ဒေါ်လာ ၁၁၃၆ ဒသမ ၄ ဝမ်နှုန်း ရှိရာမှ ၁၁၂၆ ဒသမ ၄ ဝမ်နှုန်း   ရောက်ရှိကာ ဝမ် တန်ဖိုးမြင့်တက်ခဲ့ကြောင်း    တွေ့ရပါ တယ်။
ထိုင်းဘတ်
    ထိုင်းဘတ်ငွေတန်ဖိုးက သီတင်း ပတ်အတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်းကျ ဆင်းခဲ့ရာ ယခင်နှစ်သြဂုတ်လနောက် ပိုင်းငွေကြေးဖလှယ်နှုန်းအနိမ့်ဆုံးဖြစ်ခဲ့  ပါတယ်။ ဘတ်ငွေတန်ဖိုးက   မတ် ၁၂ ရက်နောက်ပိုင်း အနိမ့်ဆုံးသို့ရောက်ရှိ ပြီး တစ်ဒေါ်လာကို ၃၂ ဒသမ ၉၂ ဘတ် နှုန်းရှိခဲ့ပါတယ်။ အဲဒီနှုန်းဟာ ဇန်နဝါရီ ၇ ရက်နောက်ပိုင်း  အနိမ့်ဆုံးဖြစ်ခဲ့ပါ တယ်။