Main menu

Background

ထိုင်းဗဟိုဘဏ်က အတိုးနှုန်းကိုလျှော့ချ

Thu, 03/19/2015 - 21:29 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

သုံးနှစ်အတွင်း ထိုင်းစီးပွားရေးက အနှေးကွေးဆုံးနှုန်း နဲ့တိုးတက်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံးမှာ ငွေကြေးမူဝါဒလျှော့ ချမှု တွေ တစ်သီကြီးဆောင်ရွက်နေတဲ့ လမ်းစဉ်ကိုလိုက်ကာ ထိုင်းဗဟိုဘဏ်ကလည်း ယခုနှစ်မှာပထမဆုံးအကြိမ်အဖြစ်  ဗဟိုဘဏ်အတိုးနှုန်းကိုလျော့ချပေးခဲ့ပါ တယ်။
ထိုင်းဗဟိုဘဏ်က ဘွန်းစာချုပ်တစ်ရပ် ဝယ်ယူသော အတိုးနှုန်းကို  ငွေကြေးမူဝါဒကော်မတီအဖွဲ့ဝင်တွေက ထောက်ခံမဲ လေးမဲ၊ ကန့်ကွက်မဲ သုံးမဲနဲ့ ၁ ဒသမ ၇၅ ရာခိုင် နှုန်းသို့ လျှော့ချပေးခဲ့ကြောင်း မတ် ၁၁ ရက်နေ့ကပြောပါတယ်။
ရေနံဈေးနှုန်းတွေကျဆင်းသဖြင့် ငွေကြေးဖောင်းပွမှု နှုန်းပါကျဆင်းခဲ့တဲ့အတွက် ယခုနှစ်အတွင်း ငွေကြေးလှုံ့ဆော် တွန်းအားပေးမူဝါဒကိုကျင့်သုံးတဲ့ ဗဟိုဘဏ်  အရေအတွက် ကနောက်ထပ်ဘဏ်၂၀ တိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်မှာ ထိုင်း နိုင်ငံရဲ့ပို့ကုန်က ဒုတိယနှစ်အဖြစ်  ဆက်လက်ကျဆင်းပါတယ်။ တရုတ်နိုင်ငံမှာ  စီးပွားရေးတိုးတက်နှုန်း နှေးကွေးတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းကျဆင်းမယ့် အလားအလာရှိ တယ်လို့ ထိုင်းငွေကြေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ငွေကြေးဖောင်းပွနှုန်းကျဆင်းခြင်းနဲ့အတူ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တိုးတက်မှုနှုန်းကျဆင်းနေတာက ထိုင်း ဗဟိုဘဏ်အတွက် ရွေးချယ်စရာကင်းမဲ့စေခဲ့ပါတယ်။ ဒါပေ မယ့် ပြည်တွင်းဝယ်လိုအား ထင်သလောက်တိုးတက်လာဦး မှာ မဟုတ်တဲ့အတွက် အတိုးနှုန်းလျှော့ချပေးရုံနဲ့ စီးပွားရေး ကို ထိထိရောက်ရောက် တိုးတက်လာစေမှာမဟုတ်ပါဘူးလို့ စင်ကာပူရှိ DBS Group Holdings Ltd. မှလေ့လာဆန်းစစ် ရေးမှူး ဂန်ဒီခါယာဒီက ပြောပါတယ်။