Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 03/23/2015 - 21:44 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

 

        အတိုးနှုန်းတွေ      မြှင့်တင်ရေး အတွက်ဆောင်ရွက်ရာမှာ  အဆော   တ လျင်  ဆောင်ရွက်မှာ  မဟုတ်ဘူးလို့ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုတွေက    ညွှန်ပြနေတဲ့ အတွက်   တရုတ်ယွမ် ကဦးဆောင်ပြီး အာရှငွေကြေးတွေ တန်ဖိုးမြင့်တက်လာ ခဲ့ရာမှာ ရက်သတ္တပတ်အတွင်းတိုးတက် နှုန်းက ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့် ဆုံးကိုရောက်ရှိခဲ့ပါတယ်။
    ကြိုရောင်းကြိုဝယ်ဈေးကွက်မှာ ဥရောပရှယ်ယာဈေးတွေ  မြင့်တက်မှု ကြောင့် တခြားအဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း ပြီး၂၀၁၃ ခုနှစ်နောက်ပိုင်း ရက်သတ္တ ပတ်အတွင်း  ခြောက်နှစ်အတွင်း ကျဆင်းမှု အနိမ့်ဆုံးနှုန်း  ဖြစ်ခဲ့ပါတယ်။ ရောင်းလို အားမြင့်တက်လာတဲ့အတွက် ရေနံစိမ်းဈေးနှုန်းတွေက   ခြောက်နှစ် အတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါ တယ်။
    နောက်ထပ်အ ကူအညီတွေရရှိဖို့ ဥရောပမှာ ဂရိနိုင်ငံကကြိုးပမ်းဆောင် ရွက်လျက်ရှိရာ ဘရပ်ဆဲမြို့မှာ ဥရောပ ခေါင်းဆောင်တွေ    တွေ့ဆုံကြဖို့အစီ အစဉ်ရှိပါတယ်။    သြစတြေးလျမှအစ ပြုပြီး    တောင်ကိုရီးယားအဆုံးနိုင်ငံ အများအပြားရှိမူဝါဒရေးဆွဲသူတွေက ငွေကြေးမူဝါဒလျှော့ချမှု    ကမ္ဘာ့လှိုင်း တံပိုးနဲ့အတူလိုက်ပါဖို့   ဆောင်ရွက် လျက်ရှိနေပါတယ်။ ရေနံစိမ်းဈေးနှုန်း တွေ    ကျဆင်းရာမှဖြစ်ပေါ်လာတဲ့ အန္တရာယ်မှ တိုင်းပြည်စီးပွားရေးကို ကာကွယ်ဖို့ နော်ဝေဗဟိုဘဏ်က မတ်  ၁၉ ရက်မှာ အတိုးနှုန်းကိုလက်ရှိအတိုင်း ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။
တရုတ်ယွမ်
    တရုတ်ယွမ်ငွေကြေး တန်ဖိုးက သီတင်းတစ်ပတ်အတွင်း   ၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ နေ့အလိုက် တိုးတက်နှုန်း သုည ဒသမ ၁၁ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီး မတ် ၂၀ ရက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၁၈၉၀ ယွမ်နှုန်းရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားငွေ    ရောင်းဝယ်ရေး အဖွဲ့စာရင်းဇယားတွေအရ     တွေ့ရ ပါတယ်။ ယခုနှုန်းက တရုတ်ဗဟိုဘဏ် သတ်မှတ်နှုန်းအောက် သုည ဒသမ ၆၅ ရာခိုင်နှုန်းကျဆင်းပြီး ဒီဇင်ဘာ ၅ ရက် နောက်ပိုင်းအနိမ့်ဆုံးနှုန်း ဖြစ်ပါတယ်။
အိန္ဒိယရူပီး
    အိန္ဒိယ   သွင်းကုန်လုပ်ငန်းရှင် တွေ ရဲ့ အမေရိကန်ဒေါ်လာဝယ်လိုအား ထပ်မံမြင့်တက်လာတဲ့အတွက် မတ်လ ၂၀ ရက်က  ရူပီးငွေကြေးတန်ဖိုးက သုည ဒသမ ၅ ရူပီးနှုန်း  ကျဆင်းပြီး တစ်ဒေါ်လာကို ၆၂ ဒသမ ၅၇ ရူပီး နှုန်းရှိခဲ့ပါတယ်။  ထို့ပြင် ပြည်တွင်းဈေး ကွက်တွေအဖွင့်မှာ ပြည်တွင်းရှယ်ယာ ဈေးနှုန်းတွေ    ကျဆင်းတာကလည်း ပြည်တွင်းသုံးငွေကြေးအတွက် ဖိအား ပေးမှုတွေဖြစ်ခဲ့ကြောင်း ငွေကြေးဝယ် ရောင်းသမားတွေက ပြောပါတယ်။
ဂျပန်ယန်း
    ကယ်တင်မှုချေးငွေကို  ရရှိနိုင်ဖို့ အတွက် မြီရှင်တွေကတောင်းဆိုထား  တဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို  ဆောင်ရွက်ပေးဖို့  ဂရိနိုင်ငံကသဘော တူလိုက်ပြီဆိုတဲ့သတင်းတွေ ထွက်ပေါ် လာပြီးနောက်  ယူရိုတန်ဖိုးကိုအထောက်  အကူရရှိစေခဲ့ပါတယ်။ ယူရိုတန်ဖိုးက တစ်ယူရိုကို  ၁၂၈ ဒသမ ၇၇ ယန်းရှိရာ မှ တစ်ယူရိုကို ၁၂၈ ဒသမ ၈၉ ယန်း နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။
    နယူးယောက်ဈေးကွက်မှာ ဒေါ် လာနဲ့  ယန်းဖလှယ်နှုန်းက မတ်လ ၁၉ ရက်မှာ တစ်ဒေါ်လာကို ၁၂၀ ဒသမ ၈၀ ယန်းရှိရာမှ   မတ်လ ၂၀ ရက်မှာ တိုကျိုဈေးကွက်မှာ   တစ်ဒေါ်လာကို ၁၂၀ ဒသမ ၇၀ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ်
    ရေနံစိမ်းဈေးနှုန်းက ခြောက်နှစ် အတွင်းအနိမ့်ဆုံးဈေးကို   ရောက်ရှိပြီး နောက်ပိုင်း မလေးရှားရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့     ဖလှယ်ရာမှာ တတိယ မြောက် သီတင်းပတ်အဖြစ်ပြန်လည်ကျ ဆင်းခဲ့ပါတယ်။     ကွာလာလမ်ပူမှာ မတ် ၂၀ ရက်   နေ့လယ် ၁၂ နာရီ ၁၈ မိနစ်အချိန်မှာ   ရင်းဂစ်တန်ဖိုးက ငါး ရက်အတွင်း  ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး  တစ်ဒေါ်လာကို ၃ ဒသမ ၇၂၅၅ ရင်းဂစ်နှုန်းသို့      ရောက်ရှိခဲ့ ကြောင်း ဘလွမ်းဘတ်က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
တောင်ကိုရီးယားဝမ်
    အမေရိကန်ပြည်ထောင်စု  ဗဟို ဘဏ်က အတိုးနှုန်းတွေကို အဆောတ  လျင်တိုးမြှင့်ပေးမှာ  မဟုတ်ဘူးဆိုတဲ့ သတင်းတွေကြောင့်  တောင်ကိုရီးယား ဝမ်တန်ဖိုးက ရက်သတ္တပတ်အတွင်းမှာ သုည ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီး ဆိုးလ်မြို့မှာ    တစ်ဒေါ်လာကို ၁၁၂၂ ဒသမ ၈၈ ဝမ်နှုန်းရှိခဲ့ကြောင်း ဘလွမ်း ဘတ်ကပြုစုထားတဲ့   စာရင်းတွေအရ သိရပါတယ်။ ဒါပေမယ့် မတ် ၁၉ ရက် က ၂၀၁၁ ခုနှစ်  နိုဝင်ဘာနောက်ပိုင်း အမြင့်ဆုံးရောက်ခဲ့တဲ့   ဝမ်တန်ဖိုးက မတ် ၂၀ ရက်မှာ သုည ဒသမ ၅ ရာခိုင် နှုန်းကျဆင်းခဲ့ပါတယ်။
ထိုင်းဘတ်
    ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေက မတ် လ ၁၈ ရက်နေ့မှာ  ထိုင်းဘွန်းစာချုပ် တွေကို ဘတ် ၇၃၇ သန်း (ဒေါ်လာ ၂၂ ဒသမ ၆ သန်း) ဖိုးအသားတင် ဝယ်ယူ ခဲ့ရာ မတ် ၅ ရက်နောက်ပိုင်း အသား တင်ဝယ်ယူမှု အများဆုံးဖြစ်ခဲ့ကြောင်း ထိုင်းဘွန်းဈေးကွက် ကိန်းဂဏန်းတွေ အရသိရပါတယ်။ ထိုင်းဘတ်ငွေတန်ဖိုး က သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက် ပြီး တစ်ဒေါ်လာကို ၃၂ ဒသမ ၇၈ ဘတ်နှုန်းရှိခဲ့ပါတယ်။