Main menu

Background

ဂျပန်ဗဟိုဘဏ်က စီးပွားရေးလှုံ့ဆော်တွန်းအားပေးအစီအစဉ်ကို ဆက်လက်ထားရှိမည်

Mon, 03/23/2015 - 21:44 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ထုထည်ကြီးမားစွာ ဆောင်ရွက် ထားတဲ့ စီးပွားရေးလှုံ့ဆော်တွန်းအား ပေးအစီအစဉ်ကို   ဂျပန်ဗဟိုဘဏ်က ဆက်လက်ထိန်းသိမ်းထားရှိပြီး စီးပွား ရေးကို  အပြုသဘောအမြင်ကို  ဆက် လက်  ထိန်းသိမ်းထားမှာဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်က  မတ်လ ၁၇ ရက်နေ့ ကကြေညာကြောင်း ရိုက်တာသတင်း မှာဖော်ပြပါတယ်။  ယခုကဲ့သို့ ဆောင် ရွက်ခဲ့တဲ့အတွက်  နောက်ထပ်ငွေကြေး မူဝါဒလျှော့ချမှုကိုထပ်မံပြုလုပ်ခြင်း မရှိ ဘဲ ဂျပန်နိုင်ငံကို   စီးပွားရေးဆုတ်ကပ် အတွင်းမှ ကယ်ထုတ်နိုင်အောင်ဆောင် ရွက်မည့်လက္ခဏာကို ပြသလျက်ရှိ သည်။
အစိုးရဘွန်းစာချုပ်များနဲ့ စွန့်စား  မှုများတဲ့အက်ဆက်များကို နှစ်စဉ် ၈၀ ထရီလီယံ (ဒေါ်လာ ၆၅၉ ဘီလီယံ) ဖိုးဝယ်ယူကာ     ဗဟိုဘဏ်ရှိအခြေခံ ငွေကြေး (Base Money) တစ်နည်း အားဖြင့်  ဗဟိုဘဏ်ရှိငွေသားနဲ့ အပ်နှံ ငွေကို  တိုးမြှင့်ပေးဖို့    ဗဟိုဘဏ်က မပြောင်းမလဲဆောင်ရွက်မယ်လို့ ကတိ ပြုထားပါတယ်။
စွမ်းအင်ဈေးနှုန်းတွေ ကျဆင်း တဲ့အတွက်  စားသုံးသူငွေကြေးဖောင်း ပွမှုက လောလောဆယ်မှာ သုည ရာခိုင် နှုန်းသာရှိမယ်လို့ ဗဟိုဘဏ်ကပြောပါ တယ်။  မူဝါဒဆုံးဖြတ်ချက်များကို ရှင်း လင်းတင်ပြဖို့အတွက် ဂျပန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဟာရုဟိကို ကူရိုဒါက သတင်းစာရှင်းလင်းပွဲကို ညနေ ၃ နာရီ ခွဲမှာကျင်းပမှာ ဖြစ်ပါတယ်။
ရေနံစိမ်းဈေးနှုန်း  ကျဆင်းမှုနဲ့ တစ်ဆက်တည်း ဖြစ်ပေါ်လာတဲ့  ငွေ ကြေး ဖောင်းပွနှုန်းနှေးကွေးကျဆင်းမှုတို့ကို   ကာကွယ်ဖို့အတွက် ယခင်နှစ် အောက်တိုဘာမှာ စီးပွားရေးလှုံ့ဆော် တွန်းအားပေးအစီအစဉ်ကို  တိုးချဲ့ခဲ့ ပြီးနောက်   ဂျပန်ဗဟိုဘဏ်က  ဆက် လက် ထိန်းသိမ်းခဲ့ပါတယ်။