Main menu

Background

ICBC Indonesia ဘဏ်က ယွမ်ငွေကြေးကို တိုးမြှင့်အသုံးပြု

Tue, 03/31/2015 - 21:37 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

      အထူးသဖြင့် ကုန်သွယ်မှုအတွက် ငွေပေးငွေယူပြုလုပ်ရာမှာဘဏ်ရဲ့ ဖောက်သည်များအတွက်အဓိက ငွေ ကြေးအဖြစ်   တရုတ်နိုင်ငံသုံးငွေကြေး ရင်မင်ဘီ(ယွမ်) ကို  ပုဂ္ဂလိကငွေချေး ဘဏ်ICBC Indonesia တိုးမြှင့် သုံးစွဲလျက်ရှိကြောင်း၊  ဒီလိုသုံးစွဲခြင်း အားဖြင့် အင်ဒိုနီးရှားနိုင်ငံသုံး  ငွေကြေး ၏ ရှိပြီးတန်ဖိုးကျဆင်းမှုကြောင့် ဖြစ် ပေါ် ရတဲ့ ဂယက်ရိုက်ခတ်မှုမှသက်သာ ရာရစေခဲ့ကြောင်း     ဂျာကာတာပို့စ် သတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားဘဏ်က   ပေကျင်း အခြေစိုက်  တရုတ်စက်မှုနဲ့   ကူးသန်း ရောင်းဝယ်ရေးဘဏ်f (Industrial and Commercial   Bank   of  China -ICBC)ရဲ့ ဘဏ်ခွဲတစ်ခုဖြစ်ပြီး ဘဏ် ရဲ့ဖောက်သည်တွေအတွက် အကျိုးဖြစ် ထွန်းစေရန်ရည်ရွယ်ကာ အမေရိကန် ဒေါ်လာနေရာမှာအစားထိုးပြီး ယွမ်ငွေ ကြေးကို တိုးမြှင့်သုံးစွဲခဲ့တာဖြစ်ကြောင်း ဘဏ်ရဲ့ အမှုဆောင်အရာရှိတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံ ရဲ့  အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ် ပေမယ့်   တရုတ်နိုင်ငံနဲ့  ကုန်သွယ်တဲ့ ပို့ကုန်သွင်းကုန်တွေကို ရှင်းလင်းရာမှာ ဒေါ်လာငွေကြေးကို   သုံးစွဲရတာကို ဘဏ်ဖောက်သည်တွေက ပိုမိုသဘော ကျနေဆဲဖြစ်ကြောင်း မဟာဗျူဟာစီမံ ခန့်ခွဲမှုနဲ့  အသွင်ကူးပြောင်းရေးဌာန ဒုတိယအကြီးအကဲ  ဆူရီယာဝီဂျာယာ က ပြောပါတယ်။
အမျိုးသားအဆင့်  အခြေအနေ ကိုကြည့်ပါက  ပို့ကုန်သွင်းကုန်များကို ငွေပေးငွေယူူရှင်းလင်းရာမှာအဓိကငွေ ကြေးအဖြစ် ဒေါ်လာကိုအသုံးပြုသူက ၉၀ ရာခိုင်နှုန်းရှိတယ်လို့ ဆူရီယာက ပြောပါတယ်။
''လောလောဆယ်  အင်ဒိုနီးရှား ဘဏ်လုပ်ငန်းအတွင်း    ကုန်သွယ်မှုနဲ့ ငွေထုတ်ငွေသွင်းပြုလုပ်ရာမှာယွမ်ငွေကြေးကို အသုံးပြုတာ ၁၀ ရာခိုင်နှုန်း တောင် မပြည့်ပါဘူး။ ဒီရာခိုင်နှုန်းက ကျွန်တော်တို့ဘဏ်အတွက် အတော် ကြီးနိမ့်ကျနေပါသေးတယ်''လို့ ဆူရီယာ ကပြောပါတယ်။