Main menu

Background

ဒေါ်လာတန်ဖိုး မြင့်တက်မှုကို အမေရိကန်နိုင်ငံက ဖြေရှင်းနိုင်

Tue, 03/31/2015 - 21:38 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

ယခုနှစ်အတွင်းမှာ ဒေါ်လာတန်ဖိုးပြန်လည်မြင့်တက်လာတာကို တွေ့ရပါ တယ်။ ဒီလိုဒေါ်လာတန်ဖိုး မြင့်တက်တာက ယခုနှစ်အမေရိကန် ပြည်ထောင်စုရဲ့စီးပွားရေးမြင့်တက်မှုကို အဟန့်အတားဖြစ်စေခဲ့တဲ့အချက်တွေထဲမှာ  တစ်ခုအဖြစ် ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး က ဒီအခြေအနေကိုဖြေရှင်းနိုင်လောက်တဲ့အထိ စွမ်းအား အလုံအလောက်ခိုင်မာ မှုရှိကြောင်း အမေရိကန်ဗဟိုဘဏ်မှ ထိပ်တန်းဘဏ်လုပ်ငန်းရှင်တစ်ဦးက  မတ်လ ၂၄ ရက်က ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။
ဒေါ်လာတန်ဖိုးမြင့်တက်နေပေမယ့် ၂၀၁၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေးက ၂ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်  မြင့်တက်လိမ့်မယ်လို့ ခန့်မှန်း ကြောင်း ဆန်ဖရန်စ္စကိုဗဟိုဘဏ်ဥက္ကဋ္ဌ ဂျွန်ဝီလျံက ပြောပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြုလုပ်တဲ့ စီးပွားရေးကွန်ဖရင့်တစ်ခု မှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဝီလျံကပြောကြားခဲ့တာဖြစ်ပါတယ်။
ငွေကြေးတန်ဖိုးမြင့်တက်ရတာက  တစ်စိတ်တစ်ပိုင်းအားဖြင့် ဥရောပနဲ့ ဂျပန်နိုင်ငံတို့ရဲ့   ဗဟိုဘဏ်တွေက ငွေကြေးမူဝါဒတွေ  လျှော့ချပေးတဲ့အတွက်   ကြောင့်ဖြစ်ပြီး ဒီလိုလျှော့ချပေးတဲ့အတွက် အပြန်အလှန်အားဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်တဲ့  အလားအလာတွေကိုဖြစ်ပေါ်စေတဲ့အပြင် အမေ ရိကန်ပြည်ထောင်စုအတွက်လည်း အထောက်အကူဖြစ်စေခဲ့ကြောင်း ဝီလျံက ပြော ပါတယ်။
အမေရိကန်စီးပွားရေးမှာ အလုပ်အကိုင်ရရှိမှုက အပြည့်အဝအဆင့်ရောက် လုနီးပါးရှိပြီး ငွေကြေးဖောင်းပွ မှုနှုန်းကို မြှင့်တင်ပေးမှာဖြစ်တဲ့အတွက် အမေရိကန် ပြည်ထောင်စုဗဟိုဘဏ်က ယခုနှစ်ထဲမှာ အတိုးနှုန်းတွေ  မြှင့်ပေးမှာဖြစ်ကြောင်း ဝီလျံက ခန့်မှန်းထားပါတယ်။