Main menu

Background

ပို့ကုန်ကဏ္ဍနှေးကွေးကျဆင်းမှုကြောင့် ဖြစ်ပေါ်ရတဲ့ ထိခိုက်မှုကို သက်သာအောင် ဆောင်ရွက်ဖို့ ထိုင်းဗဟိုဘဏ်ကို နှိုးဆော်

Thu, 05/14/2015 - 19:41 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

ပေါ်လစီအတိုးနှုန်းများ  နောက်တစ်ကြိမ်လျှော့ချခြင်း အပါအဝင်  ငွေကြေးမူဝါဒလက်နက်များကို အသုံးပြုပြီး   ဘတ်ငွေတန်ဖိုး ခိုင်မာမှုကို လျှော့ချပေးဖို့ ပုဂ္ဂလိကကဏ္ဍက ထိုင်းဗဟိုဘဏ်ကို အဆက်မပြတ်နှိုးဆော်ခဲ့ပေမယ့် ပို့ကုန် ကဏ္ဍအတွက်   ဖြစ်ပေါ်နေတဲ့  ပြဿနာအစစ်အမှန်မှာ ငွေ ကြေးဖလှယ်နှုန်းကြောင့်မဟုတ်ကြောင်း နေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ် ပထမနှစ်လအတွင်း ပို့ကုန်စုစုပေါင်းတန်ဖိုး က အမေရိကန် ဒေါ်လာ ၃၄ ဒသမ ၄၈ ဘီလီယံ(ဘတ် ၁ ဒသမ ၁ ထရီလီယံ)ရှိခဲ့ရာ ယခင်နှစ် ကာလတူနဲ့  နှိုင်းယှဉ်ပါက ၄ ဒသမ ၈၂ ရာခိုင်နှုန်းကျဆင်းနေတာကို တွေ့ရပြီး  ရေနံစိမ်း ဈေးနှုန်းကတော့ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
''ဒေါ်လာနဲ့ဖလှယ်တဲ့အခါ ထိုင်းဘတ်ငွေကြေးနဲ့ နှိုင်း ယှဉ်ရင် တခြားငွေကြေးတွေရဲ့တန်ဖိုးက ပိုမိုလျင်မြန်စွာ ကျ ဆင်းခဲ့ပါတယ်။  နိုင်ငံစီးပွားရေးနဲ့  ပို့ကုန်ကဏ္ဍနှစ်ခုစလုံးက လောလောဆယ်မှာ ကောင်းလှသေးတာ   မဟုတ်ပါဘူး။ ဒီကဏ္ဍနှစ်ခုစလုံးကို အထောက်အကူပြုတဲ့အစီအမံတစ်ချို့ကို ဗဟိုဘဏ်ကချမှတ်ပေးမယ်လို့ မျှော်လင့်ရပါတယ်'' လို့ ထိုင်း စက်မှုလုပ်ငန်းများ ဖက်ဒရေးရှင်း(FTI)  ရဲ့ ဥက္ကဋ္ဌ ဆူပန်မွန် ကွန်ဆူသရီက ပြောပါတယ်။
ငွေကြေးဖလှယ်နှုန်းနိမ့်ကျတဲ့အတွက် ထိုင်းပို့ကုန်တွေ နဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကျဆင်းခဲ့တဲ့အတွက် ထိုင်းပို့ကုန် ကဏ္ဍ  အထိနာခဲ့ရကြောင်း ထိုင်းကုန်သည်ကြီးများအသင်း(TCC)  ဥက္ကဋ္ဌ   အစ္စရာဗွန်ကူဆိုးလ်ကစ်က ပြောပါတယ်။ ဥပမာအားဖြင့် ယခင်နှစ်က ဘရာဇီးနိုင်ငံရဲ့ငွေကြေးတန်ဖိုး ၂၀ ရာခိုင်နှုန်းကျဆင်းပြီးတဲ့နောက် ဘရာဇီး သကြားတင်ပို့မှု လုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်  ပိုမိုမြင့်တက်လာခဲ့ ကြောင်း သူကပြောပါတယ်။
''ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းမှုကြောင့် ထိုင်းနိုင်ငံ ရဲ့စီးပွားရေးက တစ်စိတ်တစ်ပိုင်းအားဖြင့် ကျဆင်းခဲ့ရပါ တယ်။ ထိုင်းပို့ကုန်ကဏ္ဍကလည်း ငွေကြေးဖလှယ်နှုန်းကြောင့် ထိခိုက်မှုရှိခဲ့ပါတယ်''လို့ ယခင်ရက်သတ္တပတ်က ပြုလုပ်တဲ့ ရင်း နှီးမြှုပ်နှံမှုဘုတ်အဖွဲ့အစည်းအဝေးမှာ သူကပြောပါတယ်။