Main menu

Background

အမေရိကန်ဘွန်းစာချုပ်များကို ဝယ်ယူစုဆောင်းရာမှာ ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို ကျော်တက်

Thu, 05/14/2015 - 19:42 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

ဖေဖော်ဝါရီလအတွင်းက အမေရိကန်ပြည်ထောင်စုဘွန်းစာချုပ်များကို ဝယ် ယူရာမှာ အများဆုံးနိုင်ငံအဖြစ် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကိုကျော်တက်ခဲ့ကြောင်း ဧပြီ ၁၅ ရက်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာကိုကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။ ဒီအခြေအနေကို ၂၀၀၈ ခုနှစ် သြဂုတ် လနောက်ပိုင်းပထမဆုံးအကြိမ် အဖြစ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။    
တကယ်တော့ နှစ်နိုင်ငံစလုံး က  အမေရိကန်ဘွန်းစာချုပ်တွေ လက်ဝယ်ထား ရှိမှုကိုလျှော့ချဖို့ဇန်နဝါရီလကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် တရုတ်နိုင်ငံ က  ပိုမိုလျှော့ချခဲ့ပါတယ်။ ဖေဖော်ဝါရီလအကုန်မှာ  အမေရိကန်ဘွန်းစာချုပ်တွေကို ဝယ်ယူထိန်းသိမ်းရာမှာ ဂျပန်နိုင်ငံက ဒေါ်လာ ၁၂၂၄ ဒသမ ၄ ဘီလီယံရှိပြီး တရုတ် နိုင်ငံက ဟောင်ကောင်ဒေသမှအပ ဒေါ်လာ ၁၂၂၃ ဒ သမ ၇ ဘီလီယံရှိပါတယ်။
ကာရေဘီယံနိုင်ငံက အမေရိကန် ဒေါ်လာဘီလီယံ ၃၅၀၊  ဘယ်လ်ဂျီယံနိုင်ငံက အမေရိကန်ဒေါ်လာ ၃၄၅ ဒသမ ၃ ဘီလီယံနဲ့ တတိယနဲ့ စတုတ္ထနေရာမှာ အသီးသီး ရှိနေပေမယ့် ပမာဏအားဖြင့် အများကြီး နိမ့်ကျနေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ဘတ်ဂျက်လိုငွေပြမှု ကျဆင်းလာခြင်း နဲ့အတူ အမေရိကန်အစိုးရရဲ့ ချေးငွေစာချုပ်တွေထုတ်ဝေမှုကလည်း လျင်မြန်စွာကျ ဆင်းခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောင်စုရဲ့  ကာလရှည်နိုင်ငံခြား ငွေချေးစာချုပ်ရောင်းချမှုက  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံရှိပြီး ဇန်န ဝါရီကရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃ဘီလီယံအောက်  များစွာကျဆင်းခဲ့ ပါတယ်။