Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 05/21/2015 - 20:44 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

 

 အမေရိကန်စီးပွားရေးကိန်းဂဏန်း များကျဆင်းလာပြီးနောက် အမေရိကန် ဗဟိုဘဏ်က  အတိုးနှုန်းမြှင့်တင်ရေး  ကိစ္စကို   ဆိုင်းငံ့ထားလိမ့်ဦးမယ်ဆိုတဲ့ ခန့်မှန်းချက်များ  တစ်စတစ်စခိုင်မာလာ တဲ့အတွက် ထွန်းသစ်စအာရှဒေသရှိ ငွေ ကြေးများရဲ့တန်ဖိုးက မေလ ၁၅ ရက် မှာ မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။
    အမေရိကန်ပြည်ထောင်စု ထုတ် လုပ်သူတွေရဲ့ ဈေးနှုန်းများ  တစ်ဟုန် ထိုးကျဆင်းမှုကြောင့် ကမ္ဘာ့နံပတ်တစ် နေရာမှာရှိတဲ့   အမေရိကန်စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးကျဆင်းမှာကို စိုးရိမ်တဲ့ စိတ်တွေ     မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်    အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာ အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးက လေးလအတွင်းရှိတဲ့ဈေးနှုန်း တွေအနက် အနိမ့်ဆုံးကိုရောက်ရှိခဲ့ပါ တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဧပြီလလက်လီရောင်းချမှုအခြေအနေ တွေက စိတ်ပျက်စရာအခြေအနေမျိုး ရောက်ရှိနေပါတယ်။    
    ဒေသတွင်း  ဘွန်းစာချုပ်များရဲ့ ဝယ်လိုအား     ကျဆင်းမှုကြောင့်လည်း ကောင်း၊ တရုတ်စီးပွားရေးကျဆင်းမှု ကြောင့်လည်းကောင် းဖြစ်ပေါ်လာရတဲ့ စိုးရိမ်မှုကြောင့်   ထွန်းသစ်စအာရှ ငွေ ကြေးအများစုက ယခုနှစ်အတွင်း ကျ ဆင်းခဲ့တာကိုတွေ့ရပါတယ်။
ယူရိုဇုန်စီးပွားရေးကလည်း  မျှော် မှန်းထားတဲ့အတိုင်း   မြင့်တက်လာတဲ့ သတင်းတွေကြောင့် ယူရိုငွေကြေးတန်ဖိုး  ကလည်း ယခုရက်သတ္တပတ်အတွင်းမှာ မြင့်တက်လာတာကို တွေ့ရပါတယ်။
တရုတ်ယွမ်
    တရုတ်မူဝါဒ  ရေးဆွဲသူတွေက ယွမ်ငွေကြေးကို ကမ္ဘာသုံးငွေကြေးဖြစ် ဖို့ရည်ရွယ်ပြီး   ငွေကြေးတည်ငြိမ်မှု ရှိရေးကို  ဦးစားပေးဆောင်ရွက်လာ တဲ့အတွက်    ပင်လယ်ရပ်ခြားမှ ရင်းနှီး မြှုပ်နှံမှုတွေကလည်း      တရုတ်နိုင်ငံ အတွင်းကို အံ့သြစရာကောင်းအောင် ဝင်ရောက်လာပါတယ်။ နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုက    ဧပြီလမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်း   တိုးတက်ပြီး ယွမ် ၅၉ ဒသမ ၀၄ ဘီလီယံ(ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ) ရှိခဲ့ပါတယ်။ ရှန်ဟဲ မှာယွမ်ငွေတန်ဖိုးက မေ ၈ ရက်နောက် ပိုင်း သုည ဒသမ ၀၅ ရာခိုင်နှုန်းမြင့် တက်ပြီး    တစ်ဒေါ်လာကို ၆ ဒသမ ၂၀၆၁ ယွမ်နှုန်း ရှိခဲ့ပါတယ်။
အိန္ဒိယရူပီး
    ဘဏ်တွေနဲ့    ပို့ကုန်လုပ်ငန်းရှင် တွေက  ဒေါ်လာတွေကို ဆက်တိုက် ရောင်းချလာတဲ့အတွက် ရူပီးတန်ဖိုးက မေလ ၁၅ ရက်နေ့မှာ သုည ဒသမ ၁၈ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၆၃ ဒသမ ၄၇ ရူပီးနှုန်းသို့ရောက်ရှိကာ တတိယမြောက်နေ့အဖြစ် ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။  ပင်လယ်ရပ်ခြား မှာ ဒေါ်လာဈေးကျဆင်းမှု၊ ပြည်တွင်း ရှယ်ယာဈေးကွက်မှာ အိန္ဒိယရှယ်ယာ ဈေးတွေ  မြင့်တက်မှုတို့ကလည်း ဘဏ် အချင်းချင်း   နိုင်ငံခြားငွေဖလှယ်ရေး ဈေးကွက်မှာ    ရူပီးတန်ဖိုးမြင့်တက်ဖို့ အထောက်အကူပေးခဲ့ကြောင်း ငွေကြေး ဝယ်ရောင်းသမားတွေက ပြောပါတယ်။
 ဂျပန်ယန်း    
    အမေရိကန်စီးပွားရေးကိန်းဂဏန်း တွေကျဆင်းမှုကို   အကြောင်းပြုပြီး အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်မှုကို ဆောင်ရွက်မှာမဟုတ် သေးဘူးဆိုတဲ့    ခန့်မှန်းချက်ကြောင့် အမေရိကန် ဒေါ်လာဈေးက ယူရို၊ ယန်း တို့နဲ့ ဖလှယ်ရာမှာ ရက်ပေါင်းများစွာ ကျဆင်းနေရာမှ  ပြန်လည်မြင့်တက်လာ ပါတယ်။ ဒေါ်လာတန်ဖိုးက ယန်းငွေနဲ့ ဖလှယ်ရာမှာ   နယူးယောက်မှာ တစ် ဒေါ်လာ ၁၁၉ ဒသမ ၁၉ ယန်းနှုန်းရှိရာ မှ တိုကျို မှာ ၁၁၉ ဒသမ ၄၀ ယန်းနှုန်း သို့မြင့်တက်ပြီး ယူရိုနဲ့ ဖလှယ်ရာမှာ ၁ ဒသမ ၁၄၁၄ ဒေါ်လာနှုန်းမှ  ၁ ဒသမ ၁၄၀၉ ဒေါ်လာနှုန်းထိ  ရောက်ရှိပြီး ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
    ယူရိုတန်ဖိုးက ယန်းနဲ့ ဖလှယ်ရာ မှာ   ယူရိုဇုန်စီးပွားရေးဖွံ့ဖြိုးမှုကြောင့် တစ်ယူရိုကို ၁၃၆ ဒသမ ၀၄ ယန်းမှ ၁၃၆ ဒသမ ၁၄ ယန်း    မြင့်တက်ခဲ့ပါ တယ်။
 မလေးရှားရင်းဂစ်
    စွန့်စားရမှုများတဲ့အက်ဆက်တွေ ကို ရင်းနှီးမြှုပ်နှံသူတွေက နှစ်သက်မှုနဲ့ ဒေါ်လာဈေး    ကျဆင်းမှုတို့ကြောင့် အမေရိကန်ဒေါ်လာနဲ့   တခြားငွေကြေး တွေနဲ့ ဖလှယ်ရာမှာ  ရင်းဂစ်တန်ဖိုးက ဆက်လက်မြင့်တက်ခဲ့ကြောင်း    ဝယ် ရောင်းသမားတစ်ဦးက ပြောပါတယ်။
    ရင်းဂစ်ငွေကြေးတန်ဖိုးက မေလ ၁၄ ရက်ကတစ်ဒေါ်လာကို ၃ ဒသမ ၅၈၀၀ ရင်းဂစ်နှုန်းရှိရာမှ  မေ ၁၅ ရက် မှာ ၃ ဒသမ ၅၇၆၀ ရင်းဂစ်နှုန်းနဲ့ စတင် ခဲ့ပါတယ်။ မေ ၁၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်မှာ     အခြားငွေကြေးများနဲ့ ဖလှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုးမြင့် တက်ခဲ့ပါတယ်။
  တောင်ကိုရီးယားဝမ်
    တောင်ကိုရီးယား  ဗဟိုဘဏ်က အတိုးနှုန်းကို   ဒုတိယလအဖြစ် ယခင် အတိုင်းဆက်လက်ထိန်းထားပြီးနောက် စီးပွားရေး    လှုံ့ဆော်အားပေးမှု အစီ အစဉ်ကို   ထပ်မံလုပ်မယ့်လက္ခဏာ လျော့ပါးသွားတဲ့အတွက် တောင်ကိုရီး ယားဘွန်းစာချုပ်တွေရဲ့တန်ဖိုး    ကျ ဆင်းခဲ့ပါတယ်။
    ဒါပေမယ့် တောင်ကိုရီးယားစီးပွား ရေးနာလန်ထူမှု   အားနည်းနေသေး ကြောင်း အစိုးရက စီးပွားရေးကို မြှင့် တင်ပေးနိုင်မယ့် အစီအမံတွေကို စဉ်း စားနေကြောင်း တောင်ကိုရီးယား ဗဟို ဘဏ်အုပ်ချုပ်ရေးမှူးက မေ ၁၅ ရက်က ပြုလုပ်တဲ့    သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ဘလွမ်းဘတ်ကပြုစုထား တဲ့ စာရင်းတွေအရ ဝမ်ငွေကြေးက မေ ၁၅  ရက်မှာ  နေ့အလိုက်တိုးတက်နှုန်း သုည ဒသမ ၄ ရာခိုင်နှုန်းရှိကာ တစ် ဒေါ်လာ ကို ၁၀၈၅ ဒသမ ၆၅၀မ်နှုန်း ရှိခဲ့ပါ တယ်။
ထိုင်းဘတ်
    ဘတ်ငွေတန်ဖိုးက  ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယခုရက်သတ္တပတ်အတွင်း ၀၄ ရာခိုင်နှုန်း ကျဆင်းပါတယ်။ မူဝါဒ ရေးဆွဲသူတွေက   ဘတ်ငွေတန်ဖိုးကျ ဆင်းတာကို  ပိုမိုသဘောကျကြောင်း ပြောကြားပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံ သူတွေက ပြည်တွင်းဘွန်းစာချုပ်တွေ ကိုဆက်လက်ရောင်းချလာပါတယ်။ အလားတူ     ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ကိန်းဂဏန်းတွေကို စောင့်ကြည့်လျက် ရှိပါတယ်။

ဉာဏ်တင် စုစည်းတင်ပြသည်