Main menu

Background

ထိုင်းဗဟိုဘဏ်ရဲ့ အစီအမံတွေကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အားဆေးသဖွယ်ဖြစ်

Thu, 05/21/2015 - 20:48 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

မူဝါဒအတိုးနှုန်းတွေ   လျှောချဖို့နဲ့ နိုင်ငံခြားငွေကြေး ဖလှယ်ရေးထိန်းချုပ် မှုတွေ  လျှော့ချဖို့အတွက် ထိုင်းဗဟို ဘဏ်ရဲ့ဆောင်ရွက်မှုကြောင့်   ဘတ်ငွေ တန်ဖိုးကို ကျဆင်းစေပြီး ထိုင်းစီးပွားရေး လုပ်ငန်းတွေက ပြည်ပမှာရင်းနှီးမြှုပ်နှံ ဖို့အတွက် လွယ်ကူမှုရှိစေကြောင်း နေး ရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဘတ် ငွေတန်ဖိုးက   ဇန်နဝါရီ ၁ ရက်နေ့မှာ တစ်ဒေါ်လာကို ၃၂ ဒသမ ၉၅ ဘတ် နှုန်းရှိပြီး မူဝါဒအတိုးနှုန်းကို ၁ ဒသမ ၇၅ ရာခိုင်နှုန်းကနေ ၁ ဒသမ ၅၀ရာခိုင် နှုန်းအထိ  လျှော့ချဖို့   ဗဟိုဘဏ်က မဆုံးဖြတ်မီ တစ်ရက်အလိုဧပြီ ၂၈ ရက် မှာ  တစ်ဒေါ်လာကို   ၃၂ ဒသမ ၆၃ ဘတ်နှုန်း   ရှိခဲ့ပါတယ်။ နောက်တစ်ခါ အတိုးနှုန်းလျှော့ချပြီး   တစ်ပတ်အကြာ မှာ  ဘတ်ငွေတန်ဖိုးက တစ် ဒေါ်လာကို ၃၃ ဒသမ ၄၈ ဘတ်နှုန်းထိ  ကျဆင်း ခဲ့ပါတယ်။
    ဘတ်ငွေတန်ဖိုး   မြင့်တက်တာက နိုင်ငံရပ်ခြားမှာ     ရင်းနှီးမြှုပ်နှံသူတွေ အတွက်ကောင်းတယ်ဆိုပေမယ့် ပို့ကုန်  ကဏ္ဍအပေါ်  အကျိုးသက်ရောက်မှု ရှိ နိုင်တဲ့အတွက် ချိန်သားကိုက်ညီမှုရှိဖို့ တော့    လိုအပ်မှာဖြစ်ကြောင်း Amata VN ရဲ့အမှုဆောင်အရာရှိချုပ်နဲ့ Amata (Vietnam)    ဖက်စပ်ကုမ္ပဏီဥက္ကဋ္ဌ ဆွမ်ဟာထိုင်းပါနီချီဝကပြောပါ တယ်။
    ''ဘတ်ငွေတန်ဖိုး မြင့်တက်တာက နိုင်ငံခြားမှာ ဆောက်လုပ်ရေးနဲ့ ထုတ် လုပ်မှုအတွက်    ကုန်ကြမ်းပစ္စည်းနဲ့ ပစ္စည်းကိရိယာတွေ   ဝယ်ယူတဲ့အခါ ငွေကြေးသုံးစွဲရတာ    နည်းတဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် ပို့ကုန်လုပ် ငန်းရှင်တွေကတော့    ဝမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ဘတ်ငွေတန်ဖိုးမြင့်တက် လေကောင်းလေပါပဲ။  ဒါကြောင့် ချိန် သားကိုက်ညီမှုတော့ရှိဖို့လိုပါတယ်''လို့ ဥက္ကဋ္ဌက ပြောပါတယ်။